အခုခေတ်မှာအားလုံးသိကြတဲ့အတိုင်း တကိုယ်တော်ခရီးသွားလာတဲ့အလေ့အထက အရမ်းကိုခေတ်စားလာပါတယ်။ တချို့တွေကတော့ တကိုယ်တော်ခရီးသွားဖို့စတင်နေပြီးဖြစ်သလို တချို့တွေအနေနဲ့ကလည်း သွားချင် ပေမယ့် စွန့်စားဖို့မရဲတဲ့သူတွေ အခွင့်အရေးမပေးသေးတဲ့သူတွေလည်းရှိမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့မှာတော့ ဘာကြောင့် တကိုယ်တော်ခရီးသွားခြင်းကကောင်းတာလဲဆိုတဲ့ အချက်တွေထဲက (၅)ချက်ကို ပြောပြပေးမှာဖြစ်ပါတယ်။
(၁) လူတွေကိုကြည့်ပါ သင့်ရဲ့လမ်းညွှန်စာအုပ်ကိုပဲ မကြည့်ပါနဲ့
Source : Pxfuel
နေရာအသစ်တခုကို ရောက်တဲ့အခါ အဲ့ဒီဒေသမှာရှိတဲ့ လူစည်ကားတဲ့နေရာ ဒါမှမဟုတ် ကော်ဖီဆိုင်တခုကနေ ဒေသခံတွေလှုပ်ရှားသွားနေတာကိုကြည့် ကြည့်ပါ။ အဲ့လိုအချိန်၁နာရီလောက်ပေးပြီး ဒေသခံလူတွေကိုထိုင် ကြည့်တာက အဲ့ဒီဒေသရဲ့ရိုးရာယဉ်ကျေးမှုတွေထုံးတမ်းတွေကို သင့်ရဲ့လမ်းညွှန်စာအုပ်ထက် ပိုပြီးပြောပြပေး နိုင်မှာဖြစ်ပါတယ်။ ပြီးရင် လမ်းမှာတွေ့တဲ့ဒေသခံတွေနဲ့ ဘယ်လိုဆက်သွယ်ပြောဆိုရမလဲဆိုတာသင်ယူရာ ရောက်သလို သူတို့ရဲ့ယဉ်ကျေးမှုကိုလေ့လာထားတယ်ဆိုတာကိုလည်း ပြသရာရောက်ပါတယ်။
(၂) “Yes” ပြောပါ
Source : Freepik
ခြေလျင်ခရီးလား? စွန့်စားမှုခရီးလား? သင့်ရဲ့ comfort zone က ခုန်ထွက်ဖို့အတွက်ဘာပဲဖြစ်ဖြစ် Yes ပြောပါ။ ဒါက သင့်အိမ်ပြန်ရောက်သွားရင်တောင် သင့်ကိုယ်သင်လူအသစ်တယောက်လိုခံစားမိစေပါလိမ့်မယ်။ အဖွဲ့လိုက်သွားတာမဟုတ်တဲ့အားသာချက်က သင်ကြုံတွေ့ရတဲ့ဘယ်အခြေအနေမဆိုလက်ခံရင်ဆိုင်ဖို့တွန်း အားဖြစ်စေနိုင်ပါတယ်။
(၃) တကိုယ်တော်ခရီးသွားနေစဉ် လူတွေနဲ့ဘယ်လိုတွေ့ရမလဲလေ့လာပါ
Source : iStock
တကိုယ်တော်ခရီးသွားခြင်းရဲ့ အကောင်းဆုံးအရာတခုက ဘယ်သူ့ကိုမဆိုသင်ဘက်ကစကားစပြောလို့ရတာပါ။ ခရီးသွားတယောက်အနေနဲ့ ဒေသခံတွေကို ပွင့်ပွင့်လင်းလင်းစကားတွေအများကြီးပြောလို့ရပါတယ်။ လူဆိုတာ စပ်စုတတ်ပါတယ် သင့်ပုံစံကဒေသခံမဟုတ်တဲ့အတွက် သင့်ရဲ့အကြောင်းကိုသူတို့သိချင်ကြသလို သင့်လည်း သူတို့ဆီကပြန်လေ့လာနိုင်ပါတယ်။
(၄) သင့်ရဲ့ပထမဆုံးတကိုယ်တော်ခရီးသွားလာမှုမှာ သူစိမ်းတွေကအန္တရယ်ရှိတယ်လို့အသင့်ခံခဲ့ရတာကို မတွေးပါနဲ့
Source : Solo Traveler
ဒီတခုကတော့ သင့်အတွက်အခက်ဆုံးဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငယ်ငယ်လေးကတည်းက လူစိမ်း သူစိမ်းတွေက အန္တရာယ်ရှိတယ်လို့ အသင်ခံကြရတဲ့အတွက်ပါ။ တကယ်လို့သာ ဒါကသင့်ရဲ့ပထမဆုံးတကိုယ် တော်ခရီးစဉ်ဖြစ်ရင် သင့်အနေနဲ့လမ်းမှာတွေ့သမျှဘယ်သူစိမ်းကိုမှပြောဆိုဆက်ဆံရဲမှာမဟုတ်ပါဘူး။ ဒါပေမယ့် ခရီးသွားလေလေ သင်သိလာမှာက ၉၉% လူတွေဟာ စိတ်သဘောထားကောင်းကြတယ်ဆိုတာပါ။ ဘယ်နေ ရာကိုပဲခရီးသွားသွား သင့်စိတ်ကိုပွင့်ပွင့်လင်းလင်းထားပါ။ သူစိမ်းဆိုတဲ့စကားက အနုတ်ဘက်တော့နည်းနည်း ရောက်ကောင်းရောက်နိုင်ပါတယ် ဒါပေမယ့် သူစိမ်းတွေဆိုတာ သင်မတွေ့ဆုံရသေးတဲ့ မိတ်ဆွေတွေပါပဲ။
(၅) များများပြုံးပါ
Source : Pinterest
နောက်ဆုံးတခုကတော့ အမြဲပြုံးနေဖို့ပါ။ လူတွေမှာ အပြုံးထက်ပိုကောင်းတဲ့အိတ်ဆောင်ပစ္စည်းဆိုတာမရှိပါဘူး။ သင်ကလူစိမ်းတယောက်ကိုပြုံးပြတယ် လူစိမ်းက သင့်ဆီလမ်းလျှောက်လာပြီး သင့်အပြုံးကိုချီးမွမ်းမယ် ပြီးရင်စားသောက်ဆိုင်တခုမှာ အတူတူစားသောက်ရင်း ရယ်မောစကားတွေပြောရင်း တယောက်ဘဝကိုတ ယောက်လေ့လာကြမယ်။ ဒါက တကိုယ်တော်ခရီးသွားတဲ့အခါ လုပ်ဆောင်သင့်တဲ့အရေးကြီးဆုံးအချက်တ ချက်ပါ။ အပြုံးဟာဖော်ရွေမှုကိုပြသပြီး လူအချင်းချင်းဘာသာစကားမလိုတဲ့နားလည်နိုင်မှုတခုဖြစ်ပါတယ်။