ချစ်သူနဲ့ပဲ ဖြစ်ဖြစ် ကိုယ့်ဇနီးနဲ့ပဲ ဖြစ်ဖြစ် ယောင်္ကျားတိုင်းဟာ ချိန်းတွေ့ချိန်မှာ ပြင်ရဆင်ရ Plan ချရနဲ့ အတော်လေး အလုပ်ရှုပ်ကြပါတယ်။ ပထမဆုံး ချိန်းတွေ့တဲ့ First Date မှာဆို ပိုပြီး အလုပ်များကြပါတယ်။ ဒီတော့ ကောင်မလေးတစ်ယောက်နဲ့ ချိန်းတွေ့တော့မယ်ဆိုရင် သိပ်ပြီး စိတ်ရှုပ်စရာမလိုဘဲ စီစဉ်လို့ ရမယ့် Date Ideas ၅ ခု ကို ညွှန်းချင်ပါတယ်။
(၁) ညစာစားခြင်း
Photo: Pexels
ဒီတစ်ခုကတော့ First Date ပဲ ဖြစ်ဖြစ် Second Date ပဲ ဖြစ်ဖြစ် အသုံးဝင်သလောက် အသုံးတွင်တဲ့ အိုင်ဒီယာဖြစ်ပါတယ်။ ဝိုင်လေး တစ်ခွက် နှစ်ခွက်လောက် မြည်းစမ်းရင်း စိတ်ကူးထဲက လွင့်မြောနေတဲ့ မှတ်ဉာဏ်တွေကို ထုတ်အန်ရင်းနဲ့ နှစ်ယောက်သား လွတ်လွတ်လပ်လပ် အေးအေးဆေးဆေး ရင်ထဲက ကြိုးတွေ ညှိနိုင်လို့ ခေတ်အဆက်ဆက် ချစ်သူများ ဆုံတွေ့မှုမှာ ဒီအချက်က မရိုးနိုင် ဖြစ်ရပါတယ်။
(၂) ပျော်ပွဲစားထွက်ခြင်း
Photo: Unsplash
ရာသီဥတုလေးကလည်း ကောင်းတယ်။ အချိန်လည်း ရတယ်ဆိုရင် ချိန်းတွေ့တာကို ကမ်းခြေ ၊ ပန်းခြံနဲ့ တိတ်ဆိတ်အေးချမ်းရာ တစ်နေရာကို Picnic ထွက်သင့်ပါတယ်။ ပျော်ပွဲစား သွားခြင်းဟာ စွန့်စားခြင်း ၊ တာဝန်ယူတတ်ခြင်း နဲ့ အစီအစဉ်ချတတ်ခြင်းကို တစ်နည်းနည်းနဲ့ ဖော်ပြနေတာ ဖြစ်ပါတယ်။ Picnic ထွက်မယ်ဆိုရင် အချိန်တော့ နည်းနည်း ယူရပါတယ်။
(၃) ရုပ်ရှင် / ဂီတဖျော်ဖြေပွဲများ သွားခြင်း
Photo: Pexels
အနုပညာနဲ့ သံစဉ်တွေအကြား တစ်နေ့တာ အတူ ဖြတ်သန်းချင်တယ်ဆိုရင်တော့ ဂီတပွဲတွေ သွားဖို့ အကြံပြုချင်ပါတယ်။ တစ်ခုရှိတာက Music Concert တွေဆိုတာ အချိန်တိုင်း ရှိတာ မဟုတ်ပါဘူး။ ရှိရင်လည်း ကိုယ်က အားဦးမှပါ။ ဒါပေမယ့်လည်း ဒီအစား ရုပ်ရှင်အတူကြည့်တာလောက်တော့ လုပ်နိုင်ပါတယ်။
(၄) ခရီးထွက်ခြင်း
Photo: Pexels
စွန့်စားတာ ကြိုက်တယ်ဆိုရင် တောင်ပေါ် မြို့လေးတွေကို အတူ ခရီးထွက်သင့်ပါတယ်။ ညဘက်မှာ ကြည့်တွေ ကြည့်ရင်း မီးပုံပွဲလေးတွေဘေးမှာ အတူတူ စကားစမြည်ဆိုရင်းနဲ့ ခရီးတစ်ခုမှာ ပိုပြီး နီးစပ်အောင် ဖန်တီးနိုင်ပါတယ်။
(၅) အိမ်မှာ အတူတူ ဟင်းချက်ခြင်း
Photo: ShutterStock
တစ်ခါလောက် ဟင်းအသစ်အဆန်းတွေကို နှစ်ယောက်အတူ ချက်ပြုတ်တာကလည်း စိတ်ဝင်စားစရာ Dating Idea ပါပဲ။ သမီးရည်းစား ချစ်သူ လင်မယား အတူ ဟင်းချက်တယ်ဆိုတာ နှစ်ယောက် အတူ တွဲဖက်ညီညီ လှုပ်ရှားနေတာ ဖြစ်ပါတယ်။ အချက်အပြုတ် Skills ရှိတဲ့ အမျိုးသားတွေဟာ အမျိုးသမီးတွေရဲ့ မျက်လုံးထဲမှာ ဆွဲဆောင်မှု အရှိဆုံး ဖြစ်နေတတ်တယ်ဆိုတဲ့ စကားလည်း ရှိတော့ ကိုယ့်ကို ပိုပြီး ကြည်အောင် ကောင်မလေးနဲ့ ဟင်းအတူ ချက်ပြုတ်ဖို့လည်း အကြံပေးချင်ပါတယ်။