ဝိတ်ချနေသူတွေအနေနဲ့ အားကစားတစ်ခုတည်းက ထိထိရောက်ရောက် ဝိတ်ကျနိုင်ဖို့အတွက် မလုံလောက်ပါဘူး။ အစားအသောက်ရဲ့ အခန်းကဏ္ဍကလည်း ဝိတ်ချခြင်း လုပ်ငန်းစဉ်တွေအပေါ်မှာအများကြီး အကျိုးသက်ရောက်မှုရှိစေပါတယ်။ ဒီနေ့မှာတော့ ဝိတ်ချနေသူတွေသိထားသင့်တဲ့ ကယ်လိုရီပိုမိုလောင်ကျွမ်းစေဖို့ ကူညီပေးမယ့်အစားအစာတွေအကြောင်းမျှဝေပေးချင်ပါတယ်။

(၁) ပန်းသီး

ပန်းသီးမှာတွေ့ရတဲ့ ပိုလီဖင်နောလ်ဓာတ်က ခန္ဓာကိုယ်ဆဲလ်များအတွင်းရှိ သိုလှောင်ထားတဲ့အဆီတွေကို ပြိုကွဲစေပြီး အစားစာချင်စိတ်ကိုထိန်းထားပေးပါတယ်။ ဒါ့အပြင် ပန်းသီးဟာ ကယ်လိုရီပါဝင်မှုနည်းပြီး ခန္ဓာကိုယ်စွမ်းအင်ကိုမြှင့်တင်ပေးနိုင်တာကြောင့် အဆီကျဖို့ကို တွန်းအားဖြစ်စေမှာဖြစ်ပါတယ်။

(၂) Green Tea

ခန္ဓာကိုယ်က အဆီတွေနဲ့ ကယ်လိုရီတွေကိုပိုမိုလောင်ကျွမ်းစေဖို့အတွက်ဆိုရင် Green Tea ကအကောင်းဆုံးသောက်သုံးသင့်တဲ့ သောက်စရာတစ်ခုဖြစ်ပါတယ်။ ညအိပ်ရာမဝင်ခင် Green Tea တစ်ခွက်သောက်သုံးပေးတာက ခန္ဓာကိုယ်ဇီဝဖြစ်စဉ်ကိုတိုးတက်ကောင်းမွန်စေပြီး ဝိတ်ကျဖို့အတွက် အထိရောက်ဆုံး ကူညီပေးမှာဖြစ်ပါတယ်။

(၃) ကြက်ဥ

ဝိတ်ချနေသူတွေအနေနဲ့ ကြက်ဥကိုမနက်စာအဖြစ် စားသုံးပေးနိုင်ပါတယ်။ ကြက်ဥမှာ အဆီတွေကိုတိုက်ဖျက်ရာတွင် အထိရောက်ဆုံးကူညီပေးတဲ့ အမိုင်နိုအက်ဆစ်ဓာတ်များ ကြွယ်ဝစွာပါဝင်ပါတယ်။ ၈ ပတ်တာလေ့လာမှုတစ်ခုအရလည်း ကြက်ဥကိုမနက်စာအဖြစ်စားသုံးတဲ့ အမျိုးသားတွေရဲ့ ခန္ဓာကိုယ်မှာ အဆီ ၃၄ ရာခိုင်နှုန်း လျော့နည်းသွားတာကို တွေ့ရှိခဲ့ရကြောင်း သုတေသနပညာရှင်တွေကဆိုပါတယ်။

(၄) ဂရိဒိန်ချဉ်

ဂရိဒိန်ချဉ်ဟာဆိုရင်လည်း ဝိတ်ချနေသူတွေစားသုံးပေးသင့်တဲ့ စူပါအစားအစာတစ်ခုဖြစ်ပါတယ်။ ဂရိဒိန်ချဉ်ဟာ ပရိုတင်းဓာတ်၊ ကယ်လ်စီယမ်ဓာတ်များစွာပါဝင်မှုပြီး သကြားဓာတ်အလွန်နည်းတဲ့အစားအစာတစ်ခုဖြစ်တာကြောင့် ကယ်လိုရီလောင်ကျွမ်းစေတဲ့အပြင် သင့်ကိုအစားစာချိန်လျော့နည်းစေဖို့ကူညီပေးမှာဖြစ်ပါတယ်။

(၅) ပန်းသီးရှာလကာရည်

ခန္ဓာကိုယ် ကျန်းမာရေးအတွက် လွန်စာအထောက်အပံ့ကောင်းတွေပေးစွမ်းတဲ့ ပန်းသီးရှာလကာရည်ဟာ သင့်ကိုအစာစားချင်စိတ်လျှော့ချပေးပြီး သွေးသကြားဓာတ်နှင့် အင်ဆူလင်ဓာတ်များကိုလျှော့ချပေးပါတယ်။ ပန်းသီးရှာလကာရည်မှာပါဝင်တဲ့ အက်စစ်ဓာတ်က အဆီများကိုလောင်ကျွမ်းစေပြီး ဝမ်းဗိုက်အဆီစုခြင်းကိုလည်း လျော့ချပေးနိုင်ပါတယ်။ ဒါကြောင့်ဝိတ်ချသူတွေအနေနဲ့ ပန်းသီးရှာလကာရည်ဟာ သောက်သုံးပေးသင့်တဲ့ သောက်စရာတစ်မျိုးဖြစ်ပါတယ်။