နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်နိုင် ဖြစ်ခြင်းကို ကျွန်တော်တို့တတွေ မကြာခဏဆိုသလို ကြုံတွေ့ရနိုင်ပါတယ်။ ဒီလို အိပ်လို့ မရဖြစ်နေချိန်မှာ ဆေးဝါးတွေ မှီဝဲမယ့်အစား ဓါတ်စာတွေ စားသုံးရင် ရပါတယ်။ အိပ်မပျော်ဖြစ်နေသူတွေအတွက် အခုပြောမယ့် အစားအစာတွေက ညဘက်အိပ်စက်ချိန်တွေမှာ နှစ်ခြိုက်မွေ့လျော်ဖို့ အထောက်အကူဖြစ်စေပါလိမ့်မယ်။

(၁) နို့ထွက်ပစ္စည်းများ

Photo: Pexels

ညဘက် အိပ်ရခက်နေသူတွေအတွက် အကောင်းဆုံး မိတ်ဆွေအစားအစာတွေထဲမှာ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို မေ့ထားလို့ မရပါဘူး။ နို့မှာ ပါတဲ့ ကယ်လ်ဆီယမ်ဓါက်ကလည်း အိပ်စက်မှုကို အထောက်အကူပြုပါတယ်။ ဒါ့အပြင် Tryptophan လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ်ဓါတ်ကလည်း အိပ်စက်မှုအတွက် အရေးပါတဲ့ Serotonin နဲ့ Melatonin Level ကို မြင့်စေပါတယ်။

(၂) အုတ်ဂျုံ

Photo: Pexels

နောက်ထပ် Melatonin ကြွယ်ဝတဲ့ အစားအစာက Oats ဂျုံတွေပဲ ဖြစ်ပါတယ်။ နို့နဲ့ တွဲဖက်စားဖို့ အကောင်းဆုံး အစားအစာထဲမှာ ပါပါတယ်။ Oats တွေဟာ ကယ်လ်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်လည်း ကြွယ်ဝတဲ့ အစားအစာတွေ ဖြစ်လို့ အိပ်မပျော်ဖြစ်သူတွေအဖို့ အိပ်ခါနီး တစ်နာရီလောက်အလိုမှာ Oatmeal တစ်ခွက်လောက် သောက်ပေးသင့်ပါတယ်။

(၃) ငှက်ပျောသီး

Photo: Pexels

မဂ္ဂနီဆီယမ်နဲ့ ပိုတက်ဆီယမ်ကြွယ်ဝတဲ့ ငှက်ပျောသီးတွေဟာ ကြွက်သားတွေ တင်းနေတာ ပြေလျော့စေတာကြောင့် မြန်မြန်ဆန်ဆန် အိပ်ပျော်ဖို့ အကူအညီပေးနိုင်ပါတယ်။ ငှက်ပျောသီးဟာ အိပ်နေစဉ် လည်ပင်းကြွက်သားတွေ အားနည်းပြီး အသက်ရှုရခက်တဲ့ ဝေဒနာတွေကိုပါ သက်သာစေတဲ့ အကျိုးပေးပါတယ်။

(၄) ချယ်ရီသီး

Photo: Pexels

အိပ်မပျော်တဲ့သူတွေ စားပေးသင့်တဲ့ နောက်ထပ် အသီးအနှံတစ်ခုက ချယ်ရီသီးပါ။ ချယ်ရီသီးဟာ ကျန်းမာရေးအကျိုး အများကြီးပေးတဲ့ အသီးတစ်မျိုးဖြစ်သလို နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နိုင်ဖို့အတွက်ပါ အကူအညီပေးနိုင်ပါတယ်။

(၅) နှမ်းကြတ်စေ့

Photo: Heathline

နှမ်းကြတ်စေ့ဟာ Tryptophan နဲ့ Omega-3 Fatty Acids နှစ်မျိုးစလုံး မြင့်မားတဲ့ အစားအစာတွေ ဖြစ်ပါတယ်။ Omega-3 Fatty Acid ဟာ စိတ်ရှုပ်ထွေးမှု ၊ စိတ်ဖိစီးမှုနဲ့ စိတ်ဓါတ်ကျဆင်းမှုတွေပါ လျှော့ချပေးနိုင်တဲ့ အစွမ်းရှိပါတယ်။

အဓိကအားဖြင့် နှမ်းကြတ်စေ့ဟာ ကြွက်သားနဲ့ အာရုံကြောတွေ ဖြေလျှော့ပေးနိုင်လို့ ညဘက်တွေ အိပ်စက်ရခက်သူတိုင်း စားပေးသင့်တဲ့ အစားအစာထဲမှာ ပါပါတယ်။ ဒါ့အပြင် နှလုံးကျန်းမာရေးပါ အားပေးတာကြောင့် ရေရှည်ကျန်းမာရေးကောင်းဖို့ပါ စားသုံးပေးနိုင်ပါတယ်။