ကမ္ဘာကျော်ဘောလုံးသမားတွေဟာ Luxury Lifestyle နဲ့ နေထိုင်ကြတာ များပါတယ်။ ဘောလုံးသမားတွေ အများဆုံး ဂုဏ်တုဂုဏ်ပြိုင်လုပ်ကြတဲ့အရာတစ်ခုက ကားတွေပါပဲ။ တန်ဖိုးကြီးကားတွေ အပြိုင်စီးပြီး အောင်မြင်မှုကို အရသာခံကြတဲ့ ဘောလုံးသမားတွေ မြင်ဖူးကြမှာပါ။ ဒီတစ်ခေါက် ပြောမယ့် ကားတွေကတော့ ဘောလုံးသမားတွေ ပိုင်ဆိုင်တဲ့ ကားတွေထဲက တန်ဖိုးအကြီးဆုံးဆိုတဲ့ ကားတွေအကြောင်းပါပဲ။

(၅) ဂျွန်တယ်ရီ -(Ferrari 275 GTB)

John Terry

Photo: luxebook

ချယ်လ်ဆီးဂန္ဓဝင် နောက်ခံလူ ဂျွန်တယ်ရီပိုင်ဆိုင်တဲ့ Ferrari 275 GTB ဟာ ၆၀ ပြည့်လွန်နှစ်တွေက ထွက်ထားတဲ့ ရှားပါးရှေးဟောင်းကားဖြစ်ပြီး ဒီနေ့ဈေးနဲ့ဆို ဒေါ်လာ ၂.၂ သန်း တန်ပါတယ်။

(၄) ဆွန်ဟောင်မင် – (Ferrari LaFerrari)

Son Heung-min’s Ferrari LaFerrari – $3.00m

Photo: luxebook
စပါးအသင်း တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ဆွန်ဟောင်မင်ကလည်း Ferrari တွေထဲက အကောင်းဆုံးကားတစ်စီးဖြစ်တဲ့ Ferrari LaFerrari ကားကို ပိုင်ဆိုင်ပါတယ်။ တောင်ကိုရီးယား လက်ရွေးစင်ဘောလုံးအသင်းခေါင်းဆောင်ပိုင်တဲ့ ဒီ Hypercar ဟာ ဒေါ်လာ ၃ သန်းအထိ ပေါက်ပါတယ်။

(၃) ခရစ္စတီယာနို ရော်နယ်ဒို – (Bugatti Chiron)

Cristiano Ronaldo’s Bugatti La Voiture Noire – $18.60m

Photo: luxebook

မန်ချက်စတာယူနိုက်တက် တကျော့ပြန်ရောက်လာတဲ့ ခရစ္စတီယာနို ရော်နယ်ဒိုဟာ Bugatti ကားတွေကို စွဲလန်းတဲ့ ဘောလုံးသမားတစ်ဦးဖြစ်ပြိး သူ့ပိုင်ကားပေါင်းများစွာထဲမှာ ကမ္ဘာ့အမြန်ဆုံးတန်းဝင် Bugatti Chiron ကားလည်း ပါရှိပါတယ်။ ဒီကားတွေက တစ်စီးကို ဒေါ်လာ ၃ သန်းအထိ ရှိပါတယ်။

(၂) ခရစ္စတီယာနို ရော်နယ်ဒို _ (Bugatti La Voiture Noire)

Bugatti La Voiture Noire

Photo: All Football

အပေါ်မှာ ပြောခဲ့တဲ့အတိုင် ခရစ္စတီယာနို ရော်နယ်ဒိုဟာ Bugatti ကားချစ်သူတစ်ဦးဖြစ်ပြီး နောက်ဆုံးပေါ် မော်ဒယ်တွေကို ဝယ်စုလေ့ရှိပါတယ်။ သူ့ပိုင်ကားတွေထဲမှာ ဈေးအကြီးဆုံးက Bugatti La Voiture ဖြစ်ပြီး ဒေါ်လာ ၁၈.၆ သန်းအထိ တန်မယ်လို့ ခန့်မှန်းရတာကြောင့် ကမ္ဘာ့ဈေးအကြီးဆုံးကားတစ်စီးလို့ ဆိုရမှာပါ။

(၁) လိုင်ယွန်နယ်မက်ဆီ – (Ferrari 335 S Spider Scaglietti)

lionel-messi-reportedly-bought-the-most-expensive-ferrari-ever-auctioned

Photo: luxebook

ဘောလုံးသမားတွေထဲမှာ ဈေးအကြီးဆုံး ကားပိုင်ရှင်က လိုင်ယွန်နယ်မက်ဆီဖြစ်ပြီး သူ့ပိုင် Ferrari 335 S Spider Scaglietti က အာဂျင်တီးနားလေလံပွဲတစ်ခုမှာ စံချိန်တင်ကြေးနဲ့ လေလံဆွဲပြီး ဝယ်ခဲ့တာပါ။ ဒီကားဟာ စုစု‌ပေါင်း ဒေါ်လာ ၃၅ သန်း တန်တာကြောင့် ဘောလုံးသမားတစ်ယောက်ပိုင်ဆိုင်ဖူးသမျှ ကားတွေထဲမှာ ဈေးအမြောက်ဆုံးမှတ်တမ်းဝင်ခဲ့ပါတယ်။

Featured Photo: All Football