One Championship ကျင်းပနေသည့် ကိုယ်ခံပညာပေါင်းစုံအတိုက်ပြိုင်ပွဲ (MMA)၌ ၂၀၁၉ ခုနှစ်အတွက် ပါဝါအပြင်းဆုံး ဖိုက်တာငါးဦးကို ထုတ်ပြန်ခဲ့ရာ လိုက်ဟဲဗီးဝိတ်နှင့် မစ်ဒယ်ဝိတ်ချန်ပီယံ အောင်လအန်ဆန်က နံပါတ်တစ်နေရာ၌ ရပ်တည်ခဲ့ကြောင်း သိရပါတယ်။

အောင်လအန်ဆန်ဟာ ပြိုင်ဘက်ဖိုက်တာတွေကို ချုပ်ကွက်အသုံးပြုပြီး အနိူင်ယူရာတွင် ထင်ရှားသူဖြစ်ပြီး သူ့ရဲ့ အားပြင်းလှတဲ့ ဘယ်ညာလက်သီးချက်များကြောင့် နံပါတ်တစ်နေရာ၌ ရွေးချယ်ခံရခြင်းဖြစ်သည်။

Source: The Myanmar Times

နံပါတ်နှစ်နေရာမှာတော့ လိုက်ဟဲဗီးဝိတ်ချန်ပီယံခါးပတ်လုပွဲ၌ အောင်လအန်ဆန်ကို ရှုံးနိမ့်ခဲ့သည့် အမေရိကန်နိုင်ငံသား ဘရန်ဒန်ဗီရာ ပဲဖြစ်ပါတယ်။

နံပါတ်သုံးနေရာတွင် ဘရာဇီးနိုင်ငံသား အလိန်ဂါလာနီဖြစ်ပါတယ်။ သူလည်း အောင်လနှင့်ထိုးသတ်ခဲ့ဖူးသူဖြစ်ပြီး ၂၀၁၇ခုနှစ်မှာ ကျင်းပခဲ့သော ဝမ်းချန်ပီယံရှစ်ပြိုင်ပွဲတွင် ချုပ်ကွက်ဖြင့် အောင်လအန်ဆန်ကို အရှုံးပေးခဲ့ရသူဖြစ်ပါတယ်။

Source: Tapology

ထိုင်းနိုင်ငံသူ အမျိုးသမီးဖိုက်တာ စတန့် ဖဲလ်တက်စ် ဟာနံပက် လေးနေရာမှာ ရပ်တည်နိူင်ခဲ့တာကိုလည်း တွေ့ရပါတယ်။

နံပါတ်ငါးနေရာမှာတော့ ဘရာဇီးနိုင်ငံသား ဗစ်တာဗဲလ်ဖို့က ရပ်တည်နိူင်ခဲ့ကြောင်း သိရပါတယ်။