သတ္ထုဓါတ်နဲ့ ဗိုက်တာမင် ဟာ လူ့ရဲ့ ရုပ်ပိုင်းနဲ့ ဦးနှောက်ကျန်းမာရေးနှစ်ခုစလုံးအတွက် အလွန်ပဲ အရေးကြီးပါတယ်။ ကိုယ်ခန္ဓာအတွက် အရေးကြီးတဲ့ ဗိုက်တာမင်နဲ့ သတ္ထုဓါတ်တွေ မလုံလောက်ဘူးဆိုရင် သိမှုပြဿနာကျဆင်းလာခြင်း ၊ စွမ်းအင် Level နိမ့်ကျခြင်းနဲ့ စိတ်ဓါတ်ကျဆင်းခြင်းတို့ ဖြစ်စေနိုင်ပါတယ်။

အခုခေတ်ပေါ် လူနေမှုပုံစံနဲ့ ဆက်စပ်နေတဲ့ ဗိုက်တာမင်ချို့တဲ့ခြင်းဟာ ဆီးချိုသွေးချိုနဲ့ နှလုံးရောဂါတွေမျိုး ရောဂါကြီးတွေအထိ ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ လူရဲ့ ဦးနှောက်နဲ့ မှတ်ဉာဏ်ပိုင်း ကျန်းမာရေးအတွက် အရေးကြီးတဲ့ ဗိုက်တာမင်တွေထဲမှာ ဒီဗိုက်တာမင် ၅ မျိုးလည်း ပါဝင်ပါတယ်။

ဗိုက်တာမင် D3

Photo: sheerluxe

အာရုံစူးစိုက်မှုအတွက်ကောင်းသလို ဦးနှောက်အာရုံကြောလုပ်ဆောင်ချက်တွေ အဆင့်မြှင့်နိုင်တဲ့ ဗိုက်တာမင်ဓါတ်ဖြစ်ပါတယ်။ ဗိုက်တာမင်ဒီဟာ အရိုးကျန်းမာရေးကနေ စိတ်ခံစားမှုအထိ ကျန်းမာရေးကို ကောင်းစေနိုင်ပါတယ်။ ဗိုက်တာမင် D3 ချို့တဲ့သူဟာ သိရှိမှုပိုင်း လုပ်ဆောင်ချက် ကျဆင်းလာပြီး စိတ်ဓါတ်ကျတဲ့ ဝေဒနာ အဖြစ်များနိုင်ပါတယ်။

ဗိုက်တာမင် စီ

Photo: fullscript

ဗိုက်တာမင်စီဟာ တုန့်ပြန်မှုနဲ့ အာရုံစိုက်မှု Levels တွေကို ထိန်းချုပ်နိုင်တဲ့ Norepinephrine ဆိုတဲ့ အာရုံကြောပေးပို့ပစ္စည်းတစ်မျိုး ထုတ်ပေးဖို့အတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဗိုက်တာမင်စီကို ဘလူးဘယ်ရီသီးများ ၊ ကီဝီ ၊ ဟင်းနုနွယ်ရွက် ၊ လိမ္မော် ၊ သင်္ဘောသီး ၊ စတော်ဘယ်ရီ ၊ လီမွန် ၊ ပန်းဂေါ်ဖီစိမ်း စတဲ့ အသီးအနှံတွေကနေ ရနိုင်ပါတယ်။

အိုမီဂါဖက်တီး သရီးအက်ဆစ်

Photo: healthline

ကိုယ်ခန္ဓာနဲ့ စိတ်ပိုင်း ကျန်းမာရေးအတွက် နေ့တိုင်း လိုအပ်တဲ့ ဖြည့်စွက်အာဟာရတစ်ခုက အိုမီဂါဖက်တီးသရီးအက်ဆစ်ပဲ ဖြစ်ပါတယ်။ ဒီဗိုက်တာမင်ကတော့ အသည်း ၊ နှလုံး ၊ မျက်လုံး စတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ကောင်းကောင်း လုပ်ဆောင်နိုင်ဖို့ အထောက်အကူပြုပါတယ်။ အိုမီဂါဖက်တီးသရီးအက်ဆစ်ဟာ သိမှုနဲ့ မှတ်ဉာဏ်ပိုင်း လုပ်ဆောင်ချက်အတွက်လည်း အကျိုးများပါတယ်။

အိုမီဂါဖက်တီး သရီးအက်ဆစ်တွေဟာ ဦးနှောက်ထဲက နျူရွန်တွေအကြား ဆက်သွယ်မှု မြန်နှုန်းကို တိုးတက်စေသလို မှတ်ဉာဏ်နဲ့ အာရုံစိုက်မှု ကြာချိန်ကိုလည်း တိုးပေးနိုင်ပါတယ်။ အလုပ်တွေ လုပ်ရာမှာလည်း လုပ်ဆောင်နိုင်စွမ်း ပိုကောင်းလာစေသလို ဖိအားလျှော့ချပေးဖို့နဲ့ ဦးနှောက်ဖွံ့ဖြိုးစေဖို့အတွက်ပါ အရေးပါတဲ့ ဗိုက်တာမင်ဓါတ် ဖြစ်ပါတယ်။ ဒီဓါတ်ကို ကမာ ၊ ဆာဒင်းငါး ၊ ငါးနီတူ ၊ ချယားစေ့နဲ့ အမဲသားတွေကနေ ရနိုင်ပါတယ်။

မဂ္ဂနီဆီယမ်

Photo; Shape Magazine

အရိုးသိပ်သည်းစေဖို့ ၊ သွေးတွင်းသကြားဓါတ် ထိန်းညှိဖို့ နဲ့ ကိုယ်တွင်း ဓါတုတုန့်ပြန်မှုတွေအတွက် အရေးပါတဲ့ သတ္တုဓါတ် ဖြစ်ပါတယ်။ စိတ်ဖိစီးမှုကိုလည်း နည်းစေနိုင်ပြီး လူကို သက်တောင့်သက်တာနဲ့ အနားရစေသလို အရာဝတ္ထုတွေကို အာရုံစိုက်နိုင်ဖို့အတွက်လည်း အကူအညီပေးပါတယ်။ မဂ္ဂနီဆီယမ်ကို သီဟိုဠ်စေ့ ၊ ဗာဒံစေ့ ၊ ထောပတ်သီးနဲ့ ချောကလက်အနက်တို့ကနေ ရနိုင်ပါတယ်။

ဗိုက်တာမင် ဘီအုပ်စုများ

Photo: lumitylife

ဗိုက်တာမင် ဘီတွေဟာ အာရုံစူးစိုက်မှု ၊ နိုးကြားပြီး စွမ်းအင်မြင့်မားစေတဲ့ အကျိုးပေးပါတယ်။ ဆဲလ်တွေရဲ့ လုပ်ဆောင်ချက်ကို ပိုကောင်းစေပြီး စိတ်တည်ငြိမ်စေဖို့အတွက်ပါ အထောက်အကူပြုပါတယ်။ ဗိုက်တာမင် B 12 ၊ B9 နဲ့ B3 စတဲ့ ဓါတ်တွေကို အာလူး ၊ ချိစ် ၊ ထောပတ်သီး ၊ နွားနို့ ၊ ကြက်ဥစတဲ့ အစားအသောက်တွေကနေ ရယူနိုင်ပါတယ်။