အမျိုးသမီးတွေပဲ နှစ်ပေါင်းများစွာသိလာခဲ့တဲ့ လျှို့ဝှက်ချက်လေးတစ်ခုကို အခု ကွီးတို့သိအောင် ပြောပြပေးမယ်နော်။ လျှို့ဝှက်ချက်ကတော့ ရိုးရိုးရှင်းရှင်းလေးဖြစ်ပြီးတော့ အကျိုးကျေးဇူးတွေကလည်း အံ့မခန်းပါပဲ။ အဲ့ဒီ့လျှို့ဝှက်ချက်လေးကတော့ ယောဂပြုလုပ်ခြင်းပါပဲ။

နှစ်တွေများစွာ ကြာသည့်တိုင်အောင် အမျိုးသားတွေ တွေးလာခဲ့တာက ယောဂလေ့ကျင့်ခန်းဆိုတာဟာ အမျိုးသမီးတွေအတွက် ဆိုပြီးတော့ပါပဲ။ တကယ်တမ်းတော့ ယောဂလေ့ကျင့်ခန်းပြုလုပ်ပေးခြင်းက ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာကြံ့ခိုင် သန်စွမ်းဖို့အတွက်သာမက စိတ်ပိုင်းဆိုင်ရာကိုပါ ခိုင်မာလာဖို့အတွက် ပြောင်းလဲပစ်နိုင်ပါတယ်။

ဒါကြောင့် ယောဂလေ့ကျင့်ခန်းတွေက မိန်းမတွေလုပ်တာပါဆိုပြီးတော့ မတွေးခင်မှာ ဒီအကျိုးကျေးဇူးလေးတွေကို အရင်ဖတ်ကြည့်လိုက်ပါဦး။

စိတ်ဖိစီးမှုပြေပျောက်စေခြင်း

Source: Gaiam

တစ်နေ့တာလုံး ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့ရပြီးနောက်မှာတော့ စိတ်ညစ်စရာတွေ၊ စိတ်ရှုပ်စရာတွေက စုဝေးလာနိုင်ပါတယ်။ ဒီလိုရှုပ်ထွေးနေတဲ့ ကိုယ့်ရဲ့စိတ်တွေကို ပြေပျောက်စေဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ ယောဂပါပဲ။ ယောဂရဲ့ အသက်ရှူလေ့ကျင့်ခန်းတွေက စိတ်ကိုငြိမ်သက်စေနိုင်သလို ကိုယ်လက်လှုပ်ရှားရတဲ့ ဟန်ပန်အနေအထားတွေ ပါဝင်နေတာကြောင့် သွေးပေါင်ချိန်နဲ့ နှလုံးခုန်နှုန်းကို လျော့ကျစေမှာဖြစ်ပါတယ်။

ကိုယ်အလေးချိန်လျော့ကျစေခြင်း

Source: The Jakarta Post

ဝိတ်ကျစေရုံသာမကဘဲ ကြွက်သားတွေ ကျစ်လစ်မှုရှိအောင်အတွက်လည်း ကူညီပေးနိုင်တာ ယောဂလေ့ကျင့်ခန်းတွေပါပဲ။

ကောင်းကောင်းအိပ်ပျော်စေခြင်း

Source: AskMen

ညဖက်တွေမှာ လွယ်လွယ်အိပ်မပျော်သူတွေအနေနဲ့ ယောဂလေ့ကျင့်ခန်းကို နေ့စဉ်မှန်မှန်လုပ်ပေးပါက အချိန်ကြာကြာအိပ်စက်နိုင်သလို မြန်မြန်ဆန်ဆန်လည်း အိပ်ပျော်စေပါတယ်။ ဒါ့အပြင် ညအချိန်မတော် တစ်ရေးနိုးလာခဲ့ရင်လည်း အချိန်တိုအတွင်း ပြန်လည်အိပ်ပျော်သွားစေနိုင်ပါတယ်။

ကိုယ်ခန္ဓာပိုပြီးတော့ ပျော့ပျောင်းလာစေခြင်း

Source: yogabasics.com

အမျိုးသားတစ်ယောက်ဟာ အသက်အရွယ်ရလာတာနဲ့အမျှ ကိုယ်ခန္ဓာလှုပ်ရှားနိုင်မှုနှုန်းနဲ့ ပျော့ပျောင်းမှုအားတို့ဟာလည်း လျော့ကျလာပါတယ်။ ဒါပေမယ့် ယောဂပြုလုပ်ပေးခြင်းကနေ အားအင်တွေပြန်ဖြစ်လာစေပြီးတော့ ခန္ဓာကိုယ်ဟန်ချက်ညီအောင် ထိန်းနိုင်စွမ်းအားတွေလည်း တိုးလာစေမှာဖြစ်ပါတယ်။

ကြွက်သားတွေဖြစ်စေခြင်း

Source: The Chopra Center

ကိုယ့်ရဲ့ခန္ဓာကိုယ်မှာ ကြွက်သားတွေနဲ့ တည်ဆောက်လိုတဲ့ အမျိုးသားများအနေနဲ့ ယောဂလေ့ကျင့်ခန်းတွေကို လျစ်လျူရှုထားခဲ့လို့မရပါဘူး။ အားကစားပစ္စည်းတွေကို အသုံးပြုပြီးတော့ ကိုယ်ခန္ဓာတည်ဆောက်နိုင်သလိုပဲ ယောဂလေ့ကျင့်ခန်းတွေကလည်း အင်မတန်အသုံးဝင်ပါတယ်။

Featured Image Source: OWM Buffalo