ပျားရည်ဆမ်းခရီးဆိုတာ လက်ထပ်ပြီးခါစ အကြင်လင်မယားနှစ်ဦးအတွက် စိတ်ကူးယဉ်အဆန်ဆုံးခရီးတစ်ခုဆိုလည်း မမှားပါဘူး။ ဟန်းနီးမွန်းခရီးဆိုတာ အားလပ်ရက်ခရီးဆိုတာထက် လက်ထပ်ဖို့အတွက် ပြင်ဆင်ရတဲ့အတွက်ကြောင့် စိတ်ပင်ပန်းသမျှတွေကို ပြန်လည်စိတ်လက်အပန်းဖြေနိုင်မယ့် ခရီးလို့လည်း ယူဆနိုင်ပါတယ်။

သင့်အနေနဲ့ သင့်ကောင်မလေးနဲ့ မကြာခင် လက်ထပ်ဖို့ စဉ်းစားနေပါသလား။ လက်ထပ်ပြီးသွားတဲ့အခါမှာတော့ ဘယ်လိုနေရာမျိုးမှာ ဟန်းနီးမွန်းခရီး ကုန်ဆုံးဖို့ ရည်ရွယ်ထားပါသလဲ။

အခုဖော်ပြပေးမယ့် နေရာ (၁၂) နေရာကတော့ လည်ပတ်လို့အကောင်းဆုံးနဲ့ အလှပဆုံးနေရာလေးတွေပဲဖြစ်ပါတယ်။

ဘာလီ (အင်ဒိုနီးရှား)

Photo: Freepik,com

ဘာလီကတော့ နေဝင်ဆည်းဆာအတွက် နာမည်ကြီးပါတယ်။

သြစတျေးလျ

Photo: Bridestory.com

သြစတျေးလျနိုင်ငံမှာ လည်ပတ်လို့ အကောင်းဆုံးအချိန်ကတော့ နိုဝင်ဘာလကနေ ဖေဖော်ဝါရီလအထိဖြစ်ပြီး သူ့ရဲ့ရာသီဥတုကလည်း အတော်နေလို့ကောင်းပါတယ်။

စပိန်

Photo: Mtview.org

စပိန်နိုင်ငံမှာတော့ လှပတဲ့ အဖြူရောင် သဲသောင်ပြင်များရှိတဲ့ ကမ်းခြေများ၊ ကြည်လင်နေသော ရေတွေ ရှိတဲ့အပြင် ဈေးဝယ်ထွက်လို့ကောင်းတဲ့နိုင်ငံပဲဖြစ်ပါတယ်။

အီတလီ

Photo: Fodors.com

အီတလီမှာကတော့ နာမည်ကြီးပြတိုင်များနှင့် ပြည့်နက်နေပြီး ရောမ၊ ဗန်းနစ်၊ ဖလော့ရန်စ်၊ မီလန် စတဲ့ နာမည်ကြီးမြို့တော်များလည်း တည်ရှိပါတယ်။

နယူးဇီလန်

Photo: Traveltriangle.com

သဘာဝကို ချစ်မြတ်နိုးသူတွေအနေနဲ့ နယူးဖီလန်မြို့ကို သွားရောက်လည်ပတ်သင့်ပါတယ်။ သူ့ရဲ့တောတောင်ရှုခင်းများ၊ ပင်လယ်ကယ်ခြေများက ရင်သပ်ရှုမောဖွယ်ရာ လှပလွန်းလှပါတယ်။

ဟာဝိုင်ရီ

Photo: Travelpulse.com

အလှပဆုံးနဲ့ နာမည်အကြီးဆုံး ကျွန်းတစ်ကျွန်းကို ပြောပြပါဆိုရင် ဟာဝိုင်ရီကျွန်းကိုလည်း ချန်ထားခဲ့လို့မရပါဘူး။ ဟာဝိုင်ရီကမ်းခြေမှာ ရိုးရာအလှအပကို ခံစားနိုင်ပြီး ဒေသအစားအစာများကိုလည်း မြည်းစမ်းကြည့်နိုင်ပါတယ်။

မော်ဒိုက်

Photo: Theceomagazine.com

မော်ဒိုက်ကလည်း စုံတွဲတော်တော်များများ ဟန်းနီးမွန်းခရီး ကုန်ဆုံးကြတဲ့နေရာဖြစ်ပါတယ်။ ကြည်လင်ပြာလဲ့နေတဲ့ ရေပြင်က စိတ်အပန်းပြေစေပြီး စိတ်ကူးယဉ်ဆန်တဲ့ ညစာလေးကို မိမိချစ်သူနဲ့ စိတ်အေးချမ်းသာစွာ သုံးဆောင်နိုင်တဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။

Source: Listovative.com