သင်က အချစ်ရေးနဲ့ ပတ်သက်လာရင် အမြဲတမ်းကံခေနေသူတစ်ယောက်လား။ ရည်းစားတစ်ယောက်လောက် ထားချင်ပေမယ့် အခုအချိန်ထိ ရည်းစားမရသေးဘဲ Single ဘဝနဲ့ အရိုးထုတ်နေရတုန်းလား။ သင်က အခုအချိန်ထိ ဘာ့ကြောင့် Single ဖြစ်နေရသလဲဆိုတာကို စဉ်းစားမရဖြစ်နေပါသလား။

ဒီအကြောင်းအချက်များနဲ့ တိုက်စစ်ကြည့်လိုက်ပါ။ ဘာ့ကြောင့် အခုချိန်ထိ ရည်းစား မရသေးသလဲဆိုတာ အဖြေပေါ်သွားပါလိမ့်မယ်။

အရမ်းချေနေလို့

သင်က ကောင်မလေးတွေ အပေါ်မှာ ချေချေမိုးမိုးဆက်ဆံတတ်သူတစ်ယောက်လား။ သေချာပါတယ်။ ဒါဆိုရင်တော့ သင်က တစ်သက်လုံး ရည်းစားရမှာ မဟုတ်ပါဘူး။

အရမ်း စိတ်ကူးယဉ်ဆန်နေလို့

Photo: Santo-line.com

ဘဝက ကိုရီးယားကား မဟုတ်ပါဘူး။ တကယ့်သမီးရည်းစား ဆက်ဆံရေးက ရင့်ကျက်မှုနဲ့ ယုံကြည်မှုအပေါ်မှာ အခြေခံထားတာကြောင့် စိတ်ကူးယဉ်ဆန်ခြင်းက အမြဲတမ်းအသုံးတည့်မှာ မဟုတ်ပါဘူး။ လက်တွေ့ကျကျ နေထိုင်ဖို့ လိုပါတယ်။

ရည်းစားအရမ်းထားချင်နေလို့

လိုက်လေ ပြေးလေ ဆိုတဲ့အတိုင်းပဲ ကိုယ်က ပစ္စည်းတစ်ခုက အသည်းအသန် လိုချင်လို့ နေရာတိုင်းမှာ လိုက်ရှာဝယ်ပေမယ့် မတွေ့ဘဲ ကိုယ် မလိုချင်တဲ့အချိန်ကျမှ ပြန်တွေ့တာမျိုး ကြုံဖူးပါသလား။ ရည်းစားထားခြင်းကလည်း ဒီနည်းအတိုင်းပါပဲ။ သင် အရမ်းထားချင်တဲ့အချိန်မှာ ထားလို့မရ ဖြစ်တတ်ပါတယ်။

မျက်နှာများလို့

Photo: Quora.com

သင်က တွေ့သမျှ ကောင်မလေးတွေအပေါ် သဘောမနောကောင်းစွာ ဆက်ဆံနေမယ်ဆိုရင်တော့ သင် ရည်းစားစကားပြောထားတဲ့ ကောင်မလေးကလည်း စဉ်းစားပါလိမ့်မယ်။ သင့်ကို တကယ်ယုံရပါ့မလား။ အရှေ့က ရည်းစားဟောင်းတွေလိုပဲ သူ့ကို ပစ်သွားရင် ဘယ်လိုလုပ်မလဲ စသည်ဖြင့်ပေါ့။

အချိန်မတန်သေးလို့

အချစ်စစ် အချစ်မှန်ဆိုတာ အချိန်တန်တဲ့အခါ သူ့ဘာသာသူ ရောက်လာပါလိမ့်မယ်။ သင်က တကူးတကကြီး လိုက်ရှာနေစရာမလိုပါဘူး။

သင်ဟာ မိန်းကလေးတွေကို အထင်သေးလို့

မိန်းကလေးတွေဆိုတာ ဟင်းချက်တတ်ရမယ်။ အိမ်မှုကိစ္စနိုင်နင်းရမယ်။ အားနွဲ့ရမယ်။ ယောကျာ်းရဲ့ဦးဆောင်မှုအနောက်မှာ အမြဲနေရမယ်ဆိုတဲ့ ဘိုးတော်ဘုရားလက်ထက်က အတွေးအခေါ်တွေ ပိုင်ဆိုင်ထားမယ်ဆိုရင်တော့ သင် ဒီတစ်သက် မိန်းမရဖို့ လမ်းမမြင်တော့ပါဘူး။

စံနှုန်းတွေ အရမ်းမြင့်နေလို့

သင့်ရဲ့စိတ်ကူးယဉ်အိပ်မက်ကမ္ဘာထဲမှာ သင့်ချစ်သူကောင်မလေးက မိုနာလီဇာနဲ့ ဥမ္မာဒန္တီတို့ ပေါင်းစပ်ထားတဲ့ အလှပိုင်ရှင်မျိုး ဖြစ်ရမယ်လို့ တွေးထင်နေပါသလား။ ဘယ်လိုမျိုး စိတ်သဘောထားပြည့်ဝရမယ်။ ထက်မြက်ရမယ် စသည်ဖြင့် စံနှုန်းတွေ အရမ်းများနေရင်လည်း တစ်ကိုယ်တည်း လူပျိုကြီးဖြစ်တတ်ပါတယ်။

သင့်အနေနဲ့ ဒီအကြောင်းအချက်တွေနဲ့ တိုက်ဆိုင်နေပြီလား။

Source: Listovative.com