ရုံးမှာ အချိန်အကြာကြီးအလုပ်လုပ်နေရတာပဲဖြစ်ဖြစ်၊ ရုံးကိစ္စနဲ့အပြင်သွားရတဲ့အခါပဲဖြစ်ဖြစ် မဖြစ်မနေသယ်သွားသင့်တဲ့ အသုံးအဆောင်ပစ္စည်းများက ဘာပစ္စည်းတွေဖြစ်မလဲ။ သင်ရော ဘယ်လိုပစ္စည်းတွေကို သယ်သွားလေ့ရှိပါသလဲ။

ကျောပိုးအိတ်

Source: Lelong.com

ရုံးသွားတဲ့အခါ လက်ပ်တော့ရော၊ စာရွက်စာတမ်းအစုံအလင်ပါအောင် ထည့်ရတာဆိုတော့ ကျောပိုးအိတ်တစ်လုံးကတော့ မရှိမဖြစ်လိုအပ်ပါတယ်။ ကျောပိုးအိတ်ထဲမှာ ဘယ်လိုအသုံးအဆောင်ပစ္စည်းတွေပါ ထည့်သင့်သလဲဆိုတာ တစ်ခါတည်းဆက်ဖတ်ကြည့်လိုက်ရအောင်။

ခံတွင်းသန့် စပရေး

သင့်ခံတွင်းနံ့က အနံ့အသက်မကောင်းရင် သင့်အနား ဘယ်သူမှကပ်ချင်မှာမဟုတ်ပါဘူး။ အလုပ်ကိစ္စပြောဆိုတဲ့အခါမှာလည်း ကိုယ့်ခံတွင်းက သင်းပျံမနေဘူးဆိုရင် ကိုယ့်ကိုယ်ကို ယုံကြည်ချက်လည်းကျဆင်းတတ်ပါတယ်။ ပူရှိန်းပီကေလည်း ဆောင်ထားလို့ရသလို ပီကေမဝါးချင်တဲ့သူက ခံတွင်းသန့် စပရေးလေးသာ ဖြန်းပေးလိုက်ပါ။

Lip Balm

အမျိုးသားအများစုက Lip Balm ဆိုတဲ့စကားလုံးနဲ့ သိပ်မရင်းနှီးကြပါဘူး။ Lip Balm ဆိုတာ နှုတ်ခမ်းနီအဆီတစ်မျိုးပါပဲ။ အခုခေတ်က အမျိုးသမီးတွေပဲ နှုတ်ခမ်းနီဆိုးကြတာမဟုတ်ပါဘူး။ နှုတ်ခမ်းကွဲ၊ နှုတ်ခမ်းခြောက်တတ်တဲ့အမျိုးသားတွေလည်း Lip Balm ဆောင်ထားသင့်ပါတယ်။ ဆောင်းရာသီဆိုရင် ပိုတောင် အသုံးတည့်ပါလိမ့်မယ်။

ရေမွှေး

ရေမွှေးပုလင်းအကြီးကြီးမဟုတ်ဘဲ အိတ်ဆောင်ရေမွှေးအသေးစားလေးတွေ ဆောင်ထားပါ။ ရုံးမှာ အရေးကြီးဧည့်သည်တွေနဲ့ တွေ့ဆုံတဲ့အခါ အသုံးတည့်သလို၊ ညနေ ရုံးဆင်းလို့ ချစ်သူကောင်မလေးကို သွားကြိုပြီး အိမ်လိုက်ပို့ပေးတဲ့အခါမှာလည်း အသုံးတည့်မှာပါ။

အိတ်ဆောင်ဓား အသေးစား

လူဆိုးတွေဆိုတာ ခေါင်းမှာဂျိုပေါက်နေတာမဟုတ်ပါဘူး။ ကံအကောင်းအကြောင်းမလှလို့ မသမာသူတွေနဲ့ တွေ့တဲ့အခါ ကိုယ့်ကိုယ်ကို ခုခံနိုင်မယ့်အသုံးအဆောင်ပစ္စည်းတစ်မျိုးဖြစ်တာကြောင့် ဆောင်ထားသင့်ပါတယ်။ ဒါပေမဲ့ လူတကာရှေ့မှာ ဓားကြီးတရမ်းရမ်းနဲ့တော့ မလုပ်မိစေနဲ့ပေါ့နော်။ နို့မဟုတ်ရင် သူတစ်ပါးကို ရန်လိုမှုနဲ့ အထင်မြင်လွဲခံရပါလိမ့်မယ်။ လိုအပ်တဲ့အချိန်မှသာ ထုတ်သုံးပါလို့ အကြံပေးပါရစေ။

ပါဝါဘန့်ခ်

ဖုန်းအားသွင်းဖို့ မေ့တတ်တဲ့သူတွေအတွက် အိပ်ဆောင် အားသွင်းစက်လေးဆောင်ထားပေးပါ။ အလုပ်ကိစ္စအတွက် အရေးပေါ်ဖုန်းပြောရမယ်ဆိုရင် ဖုန်းအားမရှိလို့ မရဘူးလေ။

နားကြပ်

Source: Aliexpress.com

အလုပ် လုပ်ရတာ စိတ်အရမ်းရှုပ်လာတဲ့အခါ နားကြပ်လေးတပ်ရင်း အလုပ်လုပ်လို့ရပါတယ်။ ရုံးဆင်းချိန်ဆို ကားလမ်းပိတ်တတ်တော့ ကားပေါ်မှာ သီချင်းနားထောင်ရင်း အိမ်ပြန်ကြတာပေါ့။ စိတ်အပန်းဖြေနည်း တစ်မျိုးပါပဲ။

ရေဘူး

ကြာရှည်အသုံးခံတဲ့ ရေဘူးတစ်ဘူးဝယ်ထားလိုက်ပါ။ ရေသန့်ဘူး ခဏခဏဝယ်စရာမလိုတော့တာကြောင့် အပိုငွေမထွက်တော့ဘူးပေါ့။ ဒါ့အပြင် ပလပ်စတစ်ဘူးတွေက ပတ်ဝန်းကျင်အတွက်မကောင်းတဲ့အတွက်ကြောင့် တတ်နိုင်သမျှ လျှော့သုံးတာအကောင်းဆုံးပါပဲ။

Source: Spy.com