ရုံးတက်ရုံးဆင်း အလုပ်သွားတဲ့အခါ ကျောပိုးအိတ်နဲ့ သွားလာရတာကို ငြီးငွေ့နေတဲ့ ယောကျာ်းများအတွက် ဒီတစ်ခါမှာတော့ ဒီဇိုင်းမိမိုက်စေမယ့် ဘေးလွယ်အိတ်များကို ဝေမျှပေးချင်ပါတယ်။
ကျောပိုးအိတ်ဒီဇိုင်းများထက်စာရင် ဘေးလွယ်အိတ်များက သင့်ကို ပိုမိုရင့်ကျက်တဲ့ပုံပေါ်စေပါတယ်။
ဘေးလွယ်အိတ်များကို မိုးကာသား၊ ဂျင်းသား၊ သားရေဘေးလွယ်အိတ်ဆိုပြီး အမျိုးအစားအမျိုးမျိုး ခွဲခြားထားနိုင်ပြီး ရုံးသမားများအတွက်တော့ သားရေဘေးလွယ်အိတ်တွေက ပိုပြီးစမတ်ကျစေပါတယ်။
နာမည်ကြီးလူကြိုက်များတဲ့ ဘေးလွယ်အိတ်ဒီဇိုင်းအမျိုးမျိုးရှိတဲ့အနက် အရည်အသွေးကောင်းပြီး ဒီဇိုင်းလည်းဆန်းတဲ့ ဘေးလွယ်အိတ်တံဆိပ်တချို့ကို ဖော်ပြပေးလိုက်ရပါတယ်။
KomalC Retro Hunter

ဒီအိတ်ရဲ့အကျယ်ကတော့ ၁၆ လက်မရှိတဲ့အတွက်ကြောင့် ဆိုဒ်ကြီးတဲ့ Laptop တောင် ထည့်လို့ဆန့်ပါတယ်။ အိတ်ရဲ့အရည်အသွေးက ကောင်းလွန်းတဲ့အတွက်ကြောင့် ခြစ်ရာများ၊ ပွန်းပဲ့ရာများကို မြင်တွေ့ရမှာမဟုတ်ပါဘူး။
Kenneth Cole Reaction Pebbled

ကျစ်ကျစ်လျစ်လျစ်လေးနဲ့ လှပတဲ့ဒီဇိုင်းကို ရွေးချယ်ချင်သူများအတွက်တော့ ဒီဒီဇိုင်းက အသင့်တော်ဆုံးပါပဲ။ သူ့ထဲမှာတော့ Tablet ရယ် မှတ်စုစာအုပ်နဲ့ အခြားသော စာရွက်စာတမ်းများ ထည့်နိုင်ပါတယ်။
Fossil Buckner

Laptop အကြီးကြီးတစ်လုံးရယ် အခြားသော စာရွက်စာတမ်းများပါ ထည့်ချင်သူများအတွက်တော့ ဒီအိတ်က အသင့်တော်ဆုံးပါပဲ။
Frye Logan

ကိုယ်ကိုင်တဲ့အိတ်ကို သားရေအိတ်မှန်း သိသာစေချင်တယ်ဆိုရင်တော့ ဒီအရောင်ကို ရွေးချယ်သင့်ပါတယ်။
Ted Baker

ခမ်းနားလှပမှုကို နှစ်သက်သူများကတော့ ဒီ Ted Baker လေးကို ရွေးချယ်နိုင်ပါတယ်။
Sweetbriar

ဒီလွယ်အိတ်မှာတော့ Laptop ထည့်ဖို့အတွက် အိတ်အကြီးတစ်လုံးအပြင် အခြားအိတ်ကပ်ငယ်များလည်း ပါဝင်ပါသေးတယ်။ ရေဘူးထည့်ဖို့လည်း သီးသန့်အိတ်ကပ်တစ်ခုပါရှိပါတယ်။
Berchirly

ဒီအိတ်ကတော့ ၁၇ လက်မအကျယ်တောင်ရှိတဲ့အတွက်ကြောင့် Laptop တစ်လုံးတော့ ကောင်းကောင်း ဝငင်ဆံ့ပါတယ်။
Kenneth Cole

ဒီအိတ်ကတော့ ကိုလံဘီယာသားရေသားနဲ့ ပြုလုပ်ထားတာဖြစ်ပြီး ဒီဇိုင်းသည် ရှုပ်ယှက်ခတ်မနေဘဲ ခမ်းနားလှပလွန်းလှပါတယ်။ ဘေးလွယ်အိတ်အဖြစ်လည်း လွယ်လို့ရသလို လက်ကနေလည်း ကိုင်လို့ရပါသေးတယ်။
Source: Onpointfresh.com
Featured Image Source: Onpointfresh.com
