ယောဂဆိုတာ အမျိုးသမီးတွေအတွက်ပဲလို့ အမျိုးသားထုကြီးဟာ နှစ်ပေါင်းများစွာ လက်ခံထင်မြင်ခဲ့ကြပါတယ်။ တကယ်တော့ ယောဂအကျင့်ဟာ လူတိုင်းရဲ့ ကိုယ်ကာယ နဲ့ စိတ်ပိုင်းအတွက် အဖိုးမဖြတ်နိုင်တဲ့ အကျိုးကျေးဇူးတွေ ပေးတဲ့ အလေ့အကျင့်ကောင်းတစ်ခု ဖြစ်ပါတယ်။ အမျိုးသားတွေ ယောဂကစားမယ်ဆိုရင် အခုပြောတဲ့ အကျိုးတွေ ခံစားရမှာပါ။

(၁) လိင်မှုရေးရာအတွက် ကောင်းတယ်

Photo: Pexels

ပုံမှန် ယောဂလေ့ကျင့်ခြင်းဟာ လစ်ဘီဒိုပိုတိုးပြီး လိင်စွမ်းဆောင်ရည် ပိုကောင်းစေပါတယ်။ ၂၀၁၀ ခုနှစ်က အသက် ၂၄ နှစ်နဲ့ ၆၀ အရွယ်ကြား အမျိုးသားတွေကို လေ့လာမှုအရ ယောဂဟာ အမျိုးသားတွေရဲ့လိင်ကိစ္စကို ဘက်ပေါင်းစုံက ကောင်းတယ်လို့ ဆိုပါတယ်။ ယောဂဟာ ဝမ်းဗိုက်နဲ့ ခါး ကြွက်သားတွေကို အားကောင်းစေတာကြောင့် လိင်မှုကိစ္စ စွမ်းဆောင်ရည် ပိုမြင့်ပြီး သက်လုံလည်း ပိုကောင်းစေပါတယ်။

(၂) စိတ်ဖိစီးမှု သက်သာစေတယ်

Photo: Pexels

ယောဂလောက် စိတ်နဲ့ ကိုယ်တွင်းက အကြောအချဉ်တွေ ပြေလျော့စေတဲ့ နည်းကောင်း မရှိပါဘူး။ ယောဂမှာ သုံးတဲ့ အသက်ရှုနည်းစနစ်တွေဟာ စိတ်ကို ပိုမို တည်ငြိမ်အေးချမ်းစေပြီး သွေးတိုးနဲ့ နှလုံးခုန်မှုတွေ လျော့ကျစေတယ်လို့ ဆိုပါတယ်။

(၃) ဝိတ်ကျစေဖို့ အကူအညီပေးတယ်

Photo: Men’s Health

ဝိတ်ကျဖို့အတွက်လည်း ယောဂက အထောက်အကူပြုပါတယ်။ ယောဂ ကစားတာဟာ ခန္ဓာကိုယ် ဗိုက်အဆီစုဝေးစေတဲ့ ကော်တီဆိုး Level ကျဆင်းစေတာကြောင့် ဝိတ်ချရာမှာလည်း ယောဂကို အသုံးချနိုင်ပါတယ်။

(၄) အိပ်လို့ ပိုကောင်းတယ်

Photo: simplifaster

အမျိုးသား အိပ်စက်မှု ဖောင်ဒေးရှင်းရဲ့ လေ့လာမှုအရ အိပ်မပျော်တဲ့ ဝေဒနာခံစားရသူဟာ ယောဂ နေ့စဉ် ကစားရုံနဲ့ မြန်မြန် အိပ်လို့ ပျော်စေသလို အိပ်လို့လည်း ပိုကောင်းလာစေတယ်လို့ ဆိုပါတယ်။

(၅) အကြောအချဉ် ပျော့ပျောင်းစေတယ်

Photo: Yoga Basics

အသက်ကြီးလာတဲ့ အခါ လှုပ်ရှားရ ခက်လာပြီး အကွေးအဆန့် ခက်လာတတ်ပါတယ်။ ယောဂကစားလို့ ၅ လ ခန့်ကြာသွားရင် အကြောအချဉ် ပျော့ပျောင်းတာကို သိသိသာသာ ခံစားရမှာပါ။

(၆) ကြွက်သားတွေ ကြံ့ခိုင်လာစေတယ်

Photo: Fashion Beans

ပုခုံး ၊ လက်မောင်းနဲ့ ကျောဘက် ကြွက်သားတွေ အားကောင်းဖို့ ယောဂကိုလည်း မေ့မထားသင့်ပါဘူး။ ယောဂဟာ ခန္ဓာကိုယ်တစ်ခုလုံးက ကြွက်သားတွေကို အလုပ်ပေးတဲ့ လှုပ်ရှားမှုနည်းစနစ် ဖြစ်ပြီး
ယောဂကစားထားသူဟာ ကြွက်သားအုပ်စုတွေ ထိခိုက်ဒဏ်ရာရမှုကိုလည်း သက်သာလျော့ပါးစေပါတယ်။

ယောဂဟာ အမျိုးသားတွေရဲ့ ကိုယ်ကာယနဲ့ စိတ်ခံစားမှုကို ထိရောက်တဲ့ အကျိုးဆောင်ပေးတဲ့ လှုပ်ရှားမှုတစ်ခု ဖြစ်တာကြောင့် လူငယ်အရွယ်ကတည်းက ယောဂကစားတဲ့ အကျင့်ကောင်းကို မွေးထားမယ်ဆိုရင် အသက်ကြီးချိန်မှာ အဖိုးမဖြစ်နိုင်တဲ့ ကောင်းကျိုးတွေ ခံစားရမှာ အသေအချာပါပဲ။