Country Songs တွေဟာ အမေရိကန် Music ရဲ့ သမိုင်းတကွေ့လို့တောင် ဆိုကြပါတယ်။ အမေရိကန်တွေမဟုတ်တဲ့ တခြားနိုင်ငံသားတွေလည်း အမေရိကန် Country Songs တွေကို ခံစားနှစ်ခြိုက်ကြမှာ အမှန်ပါပဲ။ Country Music သမိုင်းမှာ ထင်ကျန်ရစ်တဲ့ နာမည်တွေကို စာရင်းချကြည့်လို့ ကုန်မှာ မဟုတ်ပါဘူး။ ဒီထဲကနေ ထိပ်တန်းအကောင်းဆုံး ၅ ဦးအဖြစ် Liveabout Dot-com က ရွေးချယ်တင်ဆက်တဲ့အတိုင်း ဖော်ပြလိုက်ပါတယ်။

(၁) Johnny Cash

Johnny-Cash-Holding-Guitar

Photo: rockcelebrities

၂၀၀၃ ခုနှစ်မှာ ကွယ်လွန်သွားရှာပြီ ဖြစ်တဲ့ အမေရိကန်အဆိုတော် ၊ တေးရေးနဲ့ ဂီတပညာရှင် ဂျွန်နီကတ်ချ်ကို Country နဲ့ Pop ဂီတဘမှာ အကြီးအကျယ်ဆုံးသီချင်းတွေ ဖန်တီးခဲ့သူအဖြစ် လူသိများပါတယ်။ သူ့ရဲ့နှစ် ၅၀ နီးပါး ဂီတသက်တမ်းမှာ သီချင်းခွေပေါင်း သန်း ၉၀ ခန့် ရောင်းချခဲ့ပြီး All-Black စတိတ်ဖက်ရှင်ကြောင့် သူ့ကို The Man In Black လို့လည်း ခေါ်ကြပါတယ်။ သူ့သီချင်းတွေထဲက Daddy Sang Bass ၊ Understand Your Man ၊ A Boy Named Sue ၊ Man In Black ၊ Jackson ၊ Sunday Morning Coming Down နဲ့ Ring of Fire တွေကို အကောင်းဆုံးသီချင်းတွေလို့ သတ်မှတ်ထားကြပါတယ်။

(၂) Hank Williams

Hank Williams

Photo: nypost

၂၀ ရာစုရဲ့ အရေးပါဆုံးနဲ့ဩဇာအကြီးဆုံး အမေရိကန်အဆိုတော်နဲ့ တေးရေးဆရာတွေထဲက တစ်ဦးအဖြစ် ဖော်ပြခံရသူတစ်ဦးက ဟန့်ခ် ဝီလျံစ်ဖြစ်ပါတယ်။ တစ်ကိုယ်တော်အခွေ ၃၅ ခွေ ထုတ်ခဲ့ပြီး Billboard Country & Western Best Seller ထိပ်တန်း ၁၀ ဦးစာရင်းဝင်ခဲ့ပါတယ်။ ဟန့်ခ်ဝီလျံစ်က ၁၉၅၃ ခုနှစ်မှာ ဆုံးပါတယ်။ ဟန့်ခ်ရဲ့ အကောင်းဆုံးလက်ရွေးစင် သီချင်း ၁၀ ပုဒ်အဖြစ် Move It on Over ၊ Jambalaya (On the Bayou) ၊ Your Cheatin’ Heart ၊ (I Heard That) Lonesome Whistle ၊ Lovesick Blues ၊ Cold, Cold Heart ၊ I’m So Lonesome I Could Cry ၊ I’ll Never Get Out of This World Alive ၊ Hey Good Lookin နဲ့ I Saw the Light တို့ကို ရည်ညွှန်းလေ့ရှိပါတယ်။

(၃) Merle Haggard

Merle Haggard

Photo: newyorker

အမေရိကန် Country အဆိုတော် မာလီဟက်ဂတ်ဟာ Great Depression ဆိုတဲ့ ၁၉၃၀ ပြည့်လွန်နှစ်တွေက စီးပွားရေးပျက်ကပ်ကြီးအလွန်မှာ လူဖြစ်လာသူပါ။ ကလေးဘဝမှာ ဖခင်ဖြစ်သူ ကွယ်လွန်ခဲ့တာကြောင့် မိဘဆိုဆုံးမမှုမရဘဲ အလေအလွင့်လေးတစ်ယောက်လို ကြီးပြင်းလာခဲ့သူပါ။ သူ့ရဲ့ ပါရမီကို အနုပညာဘက်မှာ ပြခွင့်ရချိန်မှာ Country ဂီတအတွက် အမွေအနှစ်တွေ ချန်ထားနိုင်ခဲ့တယ်လို့ ဆိုရမှာပါ။ ဂီတနဲ့ ပတ်သက်ပြီး ဆုအလီလီ ရခဲ့သလို Country Music Hall Of Fame စာရင်းမှာလည်း သူ့နာမည်ကို ဖော်ပြခဲ့ကြပါတယ်။ ဟက်ဂတ်ရဲ့ Workin’s Man Blues ၊ I Think I’ll Just Stay Here And Drink ၊ Mama Tried ၊ Today I Started Loving You Again နဲ့ The Fightin’ Side of Me သီချင်းတွေဟာ သူ့ရဲ့ အကျော်ကြားဆုံးသီချင်းတွေပဲလို့ ပြောကြပါတယ်။

(၄) Patsy Cline

Patsy Cline

Photo: CMT

၂၀ ရာစုရဲ့ ဩဇာအကြီးဆုံးအဆိုတော်စာရင်းမှာ ပတ်ဆီ ကလိုင်းလည်းပါဝင်ပါတယ်။ ပေါ့ပ်ဂီတထဲ အောင်အောင်မြင်မြင် ကူးပြောင်းသွားတဲ့ ပထမဆုံး Country Music အဆိုတော်တစ်ဦးလည်း ဖြစ်ပါတယ်။ Walkin’ After Midnight တစ်ကိုယ်တော်အခွေ ထွက်ပြီး Country မှာရော Pop ဘက်မှာပါ သူမရဲ့ နာမည်ဟာ ထိပ်တန်းရောက်သွားခဲ့ပါတယ်။ I Fall To Pieces ၊ Just A Closer Walk With Thee ၊ She’s Got You စတဲ့ ပတ်ဆီကလိုင်းရဲ့ သီချင်းတွေ နားထောင်ဖို့လည်း ညွှန်းချင်ပါတယ်။

(၅) Jimmie Rodgers

Jimmie Rodgers

Photo: Billboards

The Father of Country Music လို့ တင်စားခံရတဲ့ ဂျိမ်းစ်ချားလ်စ် ရော့ဒ်ဂျားစ်ဟာ ၁၉၂၀ ပြည့်လွန်နှစ်တွေမှာ ကျော်ကြားထင်ရှားခဲ့တဲ့ အဆိုကျော်တစ်ဦးဖြစ်ပြီး ၁၉၃၃ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ ဂျင်မီဟာ ကလေးကတည်းက ဖျော်ဖြေရေးလောကထဲ ရောက်လာသူ ဖြစ်ပြီး အသက် ၂၇ မှာ တီဘီရောဂါဝင်လာခဲ့ရာကနေ အသက် ၃၅ နှစ်နဲ့ ဘဝတစ်ပါးကူးပြောင်းသွားခဲ့ရတာပါ။ တိုတောင်းလှတဲ့ ဘဝလေးမှာပဲ သူဟာ ဒီနေ့တိုင် လူတွေ နှစ်သက်ဆဲ သီချင်းတွေ ဖြစ်တဲ့ Blue Yodel No.1 (T For Texas) ၊ Waiting For A Train ၊ The Singing Brakeman ၊ Miss The Mississippi and You စတဲ့ သီချင်းတွေ ချန်ထားနိုင်ခဲ့သလို Blues နဲ့ Country Musicians တွေအတွက်လည်း အလင်းပြမီးတိုင်တစ်ခု ဖြစ်ခဲ့ပါတယ်။

Featured Photo: Billboards