ယနေ့ခေတ် ကျောင်းသား ရုံးသမား လူကြီးလူငယ်မရွေး အားဖြည့်အချိုရည်သောက်ရတာကို လွန်စွာနှစ်သက်ကြပါတယ်။ အားဖြည့်အချိုရည်က ပင်ပန်းနွမ်းနယ်ခြင်းတွေပျောက်ကင်းပြီး လန်းဆန်းတက်ကြွမှုတွေကိုပေးစွမ်းတယ်လို့ ယုံကြည်ထားကြတာကြောင့် အိပ်ရေးပျက်တဲ့ရက်တွေ ပင်ပန်းနွမ်းနယ်နေတဲ့နေ့တွေမှာ အားဖြည့်အချိုရည်သောက်ပြီး ဖြတ်သန်းမိတက်ကြပါတယ်။ ဒါပေမယ့် အားဖြည့်အချိုရည်တွေဟာ လိုအပ်တာထက်ပိုပြီးသောက်မိရင် ခန္ဓာကိုယ်အတွက်ဆိုးရွှားတဲ့အကျိုးသက်ရောက်မှုတွေဖြစ်စေနိုင်ပါတယ်။

(၁) ခေါင်းကိုက်လာမယ်

Source : Lehigh Center

အားဖြည့်အချိုရည်အလွန်အကျွံသောက်နေမိမယ်ဆိုရင် အချိန်ကြာလာတာနဲ့အမျှ ခေါင်းကိုက်ခြင်း ခေါင်းတစ်ခြမ်းကိုက်ခြင်းစတဲ့ ဝေဒနာတွေဖြစ်ပေါ်လာနိုင်ပါတယ်။ အားဖြည့်အချိုရည်တွေမှာ ကဖိန်းဓာတ်ပါဝင်မှုများတာကြောင့် အလျွံအကျွံသောက်တဲ့အခါ ခန္ဓာကိုယ်မှာ ကဖိန်းဓာတ်ပမာဏတိုးလာပြီး ခေါင်းကိုက်ခြင်းကိုဖြစ်စေတာဖြစ်ပါတယ်။

(၂) စိုးရိမ်ပူပန်စိတ်များလာမယ်

Source : Freepi

အားဖြည့်အချိုရည်အလွန်အကျွံသောက်ခြင်းက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ အစပိုင်းမှာတော့ စိတ်ကြည်လင်လန်ဆန်းစေတယ်ထင်ရပေမယ့် အချိန်ကြာတာနဲ့ အမျှ သောက်သုံးတဲ့ပမာဏများလာလေ စိုးရိမ်ထိတ်လန့်ခြင်း စိတ်ဖိစီးမှုဒဏ်တွေကို ခံစားလာရမှာဖြစ်ပါတယ်။

(၃) အိပ်ပျော်ရခက်ခဲလာမယ်

Source : HelpGuide.org

အားဖြည့်အချိုရည်တွေက လန်းဆန်းတက်ကြွမှုကိုပေးစွမ်းတာမှန်ပေမယ့် အိပ်စက်ခြင်းစက်ဝန်းကိုပျက်စေတဲ့အထိ အနှောက်ယှက်ဖြစ်စေနိုင်ပါတယ်။ အားဖြည့်အချိုရည်အလွန်အကျွံသောက်တဲ့လူတွေဟာ Insomnia လို့ခေါ်တဲ့ အိပ်ပျော်ခက်တဲ့ ရောဂါဖြစ်လာနိုင်ခြေများပြီး အိပ်ရေးပျက်ခြင်းကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေအများကြီးလည်း ဖြစ်လာနိုင်ပါတယ်။

(၄) ဆီချိုဖြစ်စေနိုင်တယ်

Source : Keck Medicine of USC

အားဖြည့်အချိုရည်တွေမှာ သကြားဓာတ်အမြောက်အများပါဝင်ပါတယ်။ အားဖြည့်အချိုရည်အလွန်အကျွံသောက်တဲ့အခါ ခန္ဓာကိုယ်တွင်းသကြားဓာတ်မြင့်မားမှုကို တားဆီးပေးတဲ့ အင်ဆူလင်ဟော်မုန်း ထုတ်လုပ်ခြင်းကို ပျက်စီးစေပြီး သင့်ကို ဆီးချိုရောဂါဖြစ်စေနိုင်မှာဖြစ်ပါတယ်။

နောက်ထပ်ကြောက်ဖို့ကောင်းတဲ့ ဆိုးကျိုးတွေကတော့ ကဖိန်းဓာတ်စွဲလန်းခြင်း အစာအိမ်ရောင်ရမ်းခြင်း အော့အန်ခြင်း သွေးပေါင်ချိန်မြင့်တက်ခြင်း စိတ်ဖိစီးမှုဟော်မုန်းများတိုးလာခြင်း စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာများဖြစ်လာခြင်းစတဲ့ ဆိုးကျိုးများစွာခံစားလာရမှာဖြစ်ပါတယ်။ဒါကြောင့်သင့်အနေနဲ့ အားဖြည့်အချိုရည်တွေအလွန်အကျွံသောက်မိနေတယ်ဆိုရင် ဒီနေ့ကပြီးထိန်းချုပ်ဖို့ အကြံပြုချင်ပါတယ်။