အစားအသောက်ဆိုတာ ဒေသလျှာနဲ့ အဆင်ပြေပြီး နာမည်ကျော်တာ ရှိသလို ဘယ်သူမဆို နှစ်ခြိုက်ကြတဲ့ ဟင်းလျာတွေလည်း ရှိကြတာပါပဲ။ အစားအသောက်မက်ပြီး ခရီးထွက်ရတာ ပျော်တဲ့ Foodies တွေအတွက် အစားကောင်းအသောက်ကောင်းတွေ ပေါတဲ့နိုင်ငံတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဘယ်နိုင်ငံတွေ ဖြစ်မလဲ ကြည့်ရအောင်ပါ။
(၅) ပြင်သစ်

Photo: pandotrip
ပြင်သစ်တွေက အနုပညာနဲ့ ရေမွှေးတင် နာမည်ကြီးတာ မဟုတ်ပါဘူး။ ပြင်သစ်က စားသောက်ဆိုင်တွေကလည်း ထူးခြားတဲ့ အရသာနဲ့ ကမ္ဘာတလွှားမှာ ကျော်ကြားကြတာပါပဲ။ပြင်သစ်စားသောက်ဆိုင်တွေ ထိုင်မယ်ဆိုရင် အစားအသောက်တိုင်းကို ဒေသထွက်ဝိုင်နဲ့ မြည်းစမ်းရတာလည်း ထူးကဲမှုလို့ ဆိုနိုင်ပါတယ်။
(၄) စပိန်

Photo: pandotrip
စပိန်ဟာ များပြားလှတဲ့ မြေထဲပင်လယ်ဟင်းလျာတွေနဲ့ တည်ခင်းဧည့်ခံတာကြောင့် နာမည်ကျော်ပါတယ်။ စပိန်ရဲ့ ပင်လယ်စာတွေ ကမ္ဘာကျော် ဝက်ပေါင်ခြောက်ဟင်းအမယ်တွေပြင် အကောင်းဆုံး ဝိုင်တွေနဲ့ စပိန်ရိုးရာ စားသောက်မှုပုံစံကလည်း လျှာတိုင်းကို ဆွဲဆောင်နေပါတယ်။
(၃) တရုတ်

Photo: pandotrip
ကမ္ဘာပေါ်မှာ တရုတ်အစားအသောက်တွေလောက် လူသိများတာ ရှိမယ်မထင်ပါဘူး။ တရုတ်တွေဟာ အမြန်စားနိုင်တဲ့ Fast Food ကနေ အဆင့်မြင့် တော်ဝင်ဟင်းလျာတွေထိ အစုံချက်ပြုတ်နိုင်တဲ့ လူမျိုးတွေ ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ လမ်းဘေးအစားအစာကနေ ရှားပါးအစားအသောက်တွေ ၊ အကောင်းစားလက်ဖက်ရည်တွေကြောင့် Foodie တို့ တစ်ခေါက်လောက် သွားသင့်တဲ့ နိုင်ငံထဲမှာ ပါပါတယ်။
(၂) အီတလီ

Photo: pandotrip
အီတလီ ပီဇာ ၊ ပါစတာနဲ့ အိုက်စ်ခရမ်တွေက ကမ္ဘာပေါ်မှာ နံပါတ်တစ်ပါပဲ။ အီတလီအစားအသောက်တွေဟာ အရသာရှိရုံတင်မဟုတ်ဘဲ ကျန်းမာရေးနဲ့ညီတဲ့ ဆေးဖက်ဝင်အသီးအရွက် ၊ အခေါက်အပွင့် ၊ အရသာမှုန့် ၊ သံလွင်ဆီ နဲ့ ကမ္ဘာကျော်စားဖိုမှူးတွေရဲ့ လက်ရာနဲ့ အချိုးညီညီ ပေါင်းစပ်ချက်ပြုတ်ထားတာ ဖြစ်ပါတယ်။ အီတလီရဲ့ ညနေခင်းတွေမှာ ဒေထွက်ဝိုင်တစ်ခွက်နဲ့ ဆည်းဆာအလှခံစားရင်း ညစာကောင်းကောင်းစားတာကလည်း ဘဝအရသာပဲလို့ ဆိုကြပါတယ်။
(၁) ဂျပန်

Photo: pandotrip
ဂျပန်ဟင်းအရသာတွေက အနုပညာဆန်ပြီး စိတ်အားထက်သန်မှုနဲ့ ဖန်တီးကြတယ်လို့ ဆိုကြပါတယ်။ ဂျပန်နိုင်ငံဟာ ပင်လယ်စာတွေန့ နာမည်ကြီးပါတယ်။ တကယ်တော့ ဂျပန်ဟင်းတွေ အရသာရှိမှုဟာ အချက်အပြုတ်ပေါ်မှာ မျိုးရိုးစဉ်ဆက် တလေးတစား ဆင့်ကဲတိုးတက်အောင် ဖန်တီးမှု ၊ အတော်ဆုံးစားဖိုမှူးတွေရဲ့ ဟင်းချက်ခြင်း အနုပညာပေါ် သက်ဝင်မှုနဲ့ လတ်ဆတ်ပြီး ကျန်းမာရေးနဲ့ညီညွတ်မှုပေါ် အမြဲစံထားမှုတွေကြောင့်လို့ ဆိုနိုင်ပါတယ်။
အခုပြောခဲ့တဲ့ နိုင်ငံတွေအပြင် Foodies တွေအဖို့ သွားသွားစားစား လျှောက်လည်သင့်တဲ့ နိုင်ငံတွေထဲမှာ အမေရိကန် ၊ ထိုင်း ၊ မက္ကဆီကို ၊ အာဂျင်တီးနား ၊ အိန္ဒိယ တို့လည်း ပါဝင်တယ်လို့လည်း ညွှန်းလိုက်ရပါတယ်။
Featured Photo: pandotrip
