လူ့ခန္ဓာကိုယ်ရှိအသည်းဟာ ကာဗိုဟိုက်ဒရိတ်တွေကိုဖြိုခွဲပေးခြင်းနဲ့ ဂလူးကို့စ်ဓါတ်ကိုပြုလုပ်ပေးပြီး ခန္ဓာကိုယ် အတွက်မလိုအပ်တဲ့အဆိပ်တွေကို စွန့်ထုတ်ပေးတဲ့အစိတ်အပိုင်းတခုဖြစ်ပါတယ်။ ဒါ့အပြင် အာဟာရဓါတ်တွေ ကိုသိုလှောင်ထားပြီး ချေဖျက်ထားတဲ့အဟာရဓါတ်တွေကိုစုပ်ယူနိုင်တဲ့ အရည်တမျိုးကိုလဲထုတ်ပေးရပါသေး တယ်။ ဒါ့ကြောင့် လူတစ်ယောက်အတွက် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်တဲ့ အသည်းကျန်းမာဖို့က အရေးကြီးတာပါ အသည်းကျန်းမာရေးအတွက် ကောင်းမွန်စေဖို့စားသင့်တဲ့ အစားအစာများစွာရှိပါတယ်။

(၁) ကော်ဖီ

Source : legacyofhope.coffee

ပထမဆုံးတခုကတော့ ကော်ဖီပါ။ ကော်ဖီကအသည်းကျန်းမာရေး အတွက်ကောင်းစေတယ်လို့ဆိုပါတယ်။ လေ့လာမှုတွေအရ ကော်ဖီသောက်ခြင်းကနာတာရှည်အသည်းရောဂါဖြစ်နိုင်ခြေကို လျော့နည်းစေတယ်လို့ မှတ်ချက်ချထားပါတယ်။ ဒါ့အပြင် ကော်ဖီကအသည်းကိုပျက်စီးစေနိုင်တဲ့ အသည်းကင်ဆာဆဲလ်တွေကိုလဲ ကာကွယ်နိုင်ပါသေးတယ်။ ကော်ဖီမှာပါဝင်တဲ့ဓါတ်ပေါင်းတွေက အသည်းမှာအဆီစုပုံမှုကိုလျော့ချပြီး အသည်းအင်ဇိုင်းတွေကို ကင်ဆာဖြစ်စေတဲ့အရာတွေဖယ်ရှားတဲ့နေရာမှာကူညီပေးပါတယ်။

(၂) အုတ်ဂျုံမှုန့်

Source : FirstCry Parenting

အုတ်ဂျုံ (oatmeal) စားသုံးပေးတာကအစားအစာထဲမှာ အမျှင်ဓါတ်ပါဝင်ဖို့ အလွယ်ကူဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ အမျှင်ဓါတ်က အစာခြေခြင်းအတွက် အရေးကြီးတဲ့ဓါတ်တစ်မျိုးဖြစ်သလို အုတ်ဂျုံမှာပါဝင်တဲ့အမျှင်ဓါတ်က အသည်းအတွက်အထူးသင့်တော်ပြီး beta-glucans လို့ခေါ်တဲ့ဒြပ်ပေါင်းတွေ ပါဝင်နေပါတယ်။ beta-glucans တွေက ကိုယ်ခံအားစနစ်ကိုပြုပြင်ရန်နဲ့ ရောင်ရမ်းကိုတိုက်ဖျက်ဖို့ကူညီပါတယ်။ ဒါ့အပြင် အဝလွန်ခြင်းနဲ့ ဆီးချိုရောဂါကိုတိုက်ဖျက်ရာမှာလဲ အလွန်အထောက်အကူပြုစေပါတယ်။

(၃) လက်ဖက်စိမ်း

Source : Insider

၂၀၁၅ ခုနှစ်က လေ့လာမှုတစ်ခုအရ လက်ဖက်စိမ်းဟာ အဆီပါဝင်မှုကိုလျော့နည်းစေပြီး ခန္ဓာကိုယ်တွင်းစိတ်ဖိစီးမှု ဖြစ်စေတဲ့ဓါတ်တွေကိုလျော့ချပေးကာ အရက်ကြောင့်မဟုတ်တဲ့တခြားအသည်းရောဂါတွေကိုလည်းလျော့နည်းစေ တယ်လို့မှတ်ချက်ချခဲ့ပါတယ်။ သတိပြုရမှာကတော့ ထုတ်ယူထားတဲ့ လက်ဖက်စိမ်းအဆီအနှစ်မဟုတ်ဘဲ မူလလက်ဖက်စိမ်းဖြစ်ဖို့ လိုတယ်လို့ဆိုပါတယ်။

(၄) ကြက်သွန်ဖြူ

Source : Verywell Family

ကြက်သွန်ဖြူစားခြင်းဟာ အသည်းကိုကောင်းတဲ့လှုံဆော်မှုတွေဖြစ်စေနိုင်ပါတယ်။ အဆင့်မြင့်ဇီဝဆေးပညာ သုတသနဂျာနယ်ရဲ့ ၂၀၁၆ခုနှစ်လေ့လာမှုတခုအရ ကြက်သွန်ဖြူစားခြင်းက ခန္ဓာကိုယ်အလေးချိန်နဲ့ အဆီပါဝင်မှုကိုလျော့နည်းစေပြီး ခန္ဓာကိုယ်ကျစ်လစ်မှုကိုကျဆင်းသွားတာမျိုးမဖြစ်စေဘူးလို့ဆိုပါတယ်။ ဒါဟာ အဝလွန်ခြင်းနဲ့ အရက်ကြောင့်မဟုတ်တဲ့အသည်း အဆီဖုံးခြင်းပြဿနာကိုရင်ဆိုင်နေရတဲ့သူတွေအတွက် အလွန်ကောင်းတဲ့စားသောက်မှုပုံစံလဲဖြစ်တယ် လို့အကြံပြုထားပါတယ်။

(၅) ငါးကြီးဆီ

Source : Heal Health care

လေ့လာမှုတွေအရ ငါးကြီးဆီနဲ့အဆီပြည့်ဝတဲ့ငါးစားသုံးမှုက အရက်ကြောင့်မဟုတ်တဲ့အသည်းအဆီဖုံးခြင်း ရောဂါရှိသူတွေအတွက် သင့်တော်တယ်လို့ဆိုပါတယ်။ အဆီပြည့်ဝတဲ့ငါးတွေမှာ Omega 3 Fatty acid ကြွယ်ဝစွာပါဝင်တဲ့အတွက် ကိုယ်တွင်းအင်္ဂါရောင်းရမ်းခြင်းတွေကိုလျော့ချပေးနိုင်ပါတယ်။ အထူးသဖြင့် အသည်းအတွက်ကိုလဲ အထောက်အကူဖြစ်စေပါတယ်။ အကြောင်းရင်းကတော့ ၎င်းတို့ကပိုလျှံနေတဲ့အဆီတွေစုပုံနေခြင်း ကိုကာကွယ်ရန်နဲ့ အသည်းထဲမှာရှိတဲ့အင်ဇိုင်းအဆင့်ကိုထိန်းသိမ်းပေးတာကြောင့်ဖြစ်ပါတယ်။