လူအများစု မျက်စိမှုန်သွားခြင်းဟာ အသက်အရွယ်ကြောင့်လို့ မှတ်ယူထားကြတယ်။ တကယ်တော့ ကျန်းမာရေးနဲ့မညီညွတ်တဲ့ စားသောက်နေထိုင်မှုပုံစံတွေကလည်း မျက်လုံးကျန်းမာရေးကို ထိခိုက်စေပါတယ်။

ဒီနေ့ဆောင်းပါးမှာ မျက်လုံးကျန်းမာရေးအတွက် စားပေးသင့်တဲ့ အစားအသောက်တွေအကြောင်း ပြောပြပေးသွားမှာပါ။

ငါး

Source: The Indian Express

ငါးအများစုမှာ မျက်လုံးအတွက် ကောင်းတဲ့ အကျိုးပြုအဆီဓာတ် Omega-3 fatty acid တွေ ပါဝင်တဲ့အတွက် မျက်စိအားကောင်းစေဖို့ စားပေးသင့်ပါတယ်။ တူနာငါး၊ ဆော်လ်မွန်ငါး၊ ဆာဒင်းငါး အစရှိတဲ့ ငါးတွေမှာ Omega-3 fatty acid တွေ ပေါကြွယ်ဝလို့ အမြင်အာရုံကောင်းစေပြီး မျက်လုံးခြောက်သွေ့တာကိုပါ သက်သာစေပါတယ်။

ပဲ နဲ့ အခွံမာသီးအမျိုးမျိုး

Source: BBC Good Food

ပဲတွေမှာလည်း မျက်လုံးကို အားကောင်းစေတဲ့ Omega-3 fatty acid ပါဝင်ပါတယ်။ ပြီးတော့ ဗီတာမင် အီး ပေါကြွယ်ဝတဲ့အတွက် ခန္ဓာကိုယ်နဲ့ မျက်စိအတွက်လည်း ကောင်းကျိုးများစွာ ဖြစ်စေပါတယ်။ သစ်ကြားသီး၊ သီဟိုဠ်စေ့၊ ပဲနီလေးတို့ကို စားပေးရင် မျက်စိအားကောင်းစေတဲ့အပြင် အကြောင်းအမျိုးမျိုးကြောင့် မျက်စိထိခိုက်မှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။

အစေ့အဆန်

Source: The Daily Meal

နေကြာစေ့၊ ဖရုံစေ့၊ ပင်ပွားစေ့၊ ပီစတာချီရိုစေ့၊ ဗာဒံစေ့ တို့လို အစေ့အဆန်တွေမှာ ကြွယ်ဝတဲ့ဗီတာမင် အီး ကြောင့် မျက်စိအားကောင်းစေပြီး အမြင်အာရုံကြည်လင်စေပါတယ်။ ဒါတွေပုံမှန်စားပေးရင် အသက်ကြီးရင်တောင် မျက်စိတော်တော်နဲ့ မမှုန်ပါဘူးတဲ့။

အချဉ်ဓာတ်ရှိတဲ့ သစ်သီးတွေ

Source: VegNews

သံပုရာသီး၊ လိမ္မော်သီး၊ စတော်ဘယ်ရီသီး အစရှိတဲ့ အချဉ်ဓာတ်ပါတဲ့ အသီးတွေမှာ မျက်လုံးအတွက် အထောက်အကူဖြစ်စေတဲ့ ဗီတာမင် စီ ၊ ဗီတာမင် အီး အများအပြားပါဝင်တဲ့အပြင် ကိုယ်ခံအားကိုလည်း ကောင်းစေပါတယ်။

မုန်လာဥနီ

Source: Jessica Gavin

လူတော်တော်များများ သိထားကြတဲ့ မျက်စိအားဆေး အစားအစာတွေထဲမှာမုန်လာဥနီဟာ တစ်ခုအပါအဝင်ပါပဲ။ မုန်လာဥနီမှာ ဗီတာမင် အေ ပါဝင်လို့ အမြင်အာရုံကို ကြည်လင်ကောင်းမွန်စေတယ်။ မျက်လုံးကိုလည်း အာဟာရဖြစ်စေတယ်။ ခန္ဓာကိုယ်တွင်း အစိတ်အပိုင်းတွေကိုလည်း ကောင်းကျိုးများစွာ ဖြစ်စေပါတယ်။