Men’s Health Network ရဲ့ လေ့လာတွေ့ရှိချက်အရ ကျန်းမာရေးအသိပညာနည်းပါးမှု၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ နေထိုင်မှုပုံစံတွေကအမျိုးသားတွေအတွက် ပြဿနာတစ်ရပ်ဖြစ်တယ်လို့ သိရပါတယ်။ ဒီနေ့မှာတော့ အမျိုးသားတိုင်း သတိထားသင့်တဲ့ ကျန်းမာရေးပြဿနာတွေအကြောင်း ပြောပြပေးသွားမှာပါ။

(၁) နှလုံးကျန်းမာရေး

Source: Universtiy of Missouri Health Care

နှလုံးကျန်းမာရေးက အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ အတော်များများကတော့ အသက်သေဆုံးတဲ့အထိ ပြင်းထန်လေ့ရှိပြီး ဂရုစိုက်သင့်တဲ့ ကျန်းမာရေးပြဿနာတွေထဲမှာ ထိပ်ဆုံးက ပါဝင်နေပါတယ်။

(၂) အရိုးပွရောဂါ

Source: Fabry Disease News

အထူးသဖြင့် အသက် (၅၀) ဝန်းကျင် အမျိုးသားတွေမှာ အရိုးပွရောဂါ အဖြစ်များပါတယ်။ “အသက် (၆၅) နှစ်ဝန်းကျင်မှာ အမျိုးသားနဲ့ အမျိုးသမီးတွေမှာ တူညီတဲ့ အရိုးကြံ့ခိုင်မှု ဆုံးရှုံးခြင်းတွေ ရှိနိုင်ပြီး အရိုးကျိုးနိုင်ခြေလည်း များလာနိုင်ပါတယ်။

အမျိုးသမီးတွေကတော့ သွေးဆုံးပြီးချိန်ဆိုတော့ estrogen ပမာဏကျဆင်းချိန်ဆိုတော့ စောလျင်စွာအရိုးကျိုးနိုင်ခြေများပေမယ့် မရှေးမနှောင်းမှာပဲ အမျိုးသားတွေမှာလည်း အရိုးပွရောဂါဖြစ်နိုင်ခြေများပါတယ်” လို့ ဖလော်ရီဂါပြည်နယ်၊ South Lake ဆေးရုံက ခွဲစိတ်အထူးကု Jamin Brahmbhatt က ဆိုထားပါတယ်။

(၃) ကပ္ပါယ်အိတ် သွေးကြောကျယ်ရောဂါ

Source: WebComicms

လက်ဖျံမှာ၊ ခြေဖမိုးနားမှာ သွေးကြောတွေ ရုတ်တရက်ဖောင်းကားလာရင် ကျန်းမာရေးပြဿနာတစ်ခုခု ဖြစ်နေပြီလို့ ယေဘုယျယူဆနိုင်တာကိုတော့ သိကြမှာပေါ့။ တကယ်လို့ အဲဒီလို သွေးကြောကျယ်တာတွေက အမျိုးသား ကပ္ပါယ်အိတ်ပေါ်မှာ ဖြစ်တာဆိုရင်ကော ဘယ်လိုလုပ်ကြမလဲ။ “အမျိုးသားဝှေးစေ့တွေက အရမ်း sensitive ဖြစ်ပါတယ်။

(၄)  ဆီးလမ်းကြောင်း ပိုးဝင်ခြင်း

Source: Medical News Today

အမျိုးသားတွေမှာလည်း ဆီးလမ်းကြောင်းပိုးဝင်ခြင်း ဖြစ်နိုင်ခြေရှိပါတယ်။ နောက်ပိုင်းမှာ ဒါကကြီးမားတဲ့ ကျန်းမာရေးပြဿနာဆီ ဦးတည်သွားနိုင်ပါတယ်။ “အမျိုးသားတစ်ယောက်မှာ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း ပြဿနာရှိပြီဆိုတာနဲ့ ပြဿနာရဲ့ရင်းမြစ်ကို ချက်ချင်းဖော်ထုတ်နိုင်ဖို့ အရေးကြီးပါတယ်” လို့ Dr. Brahmbhatt က ဆိုပါတယ်။

ဘာလို့လဲဆိုတော့ ဆီးလမ်းကြောင်းပိုးဝင်ရာကနေ ကျောက်ကပ်ပျက်သည်အထိ ဖြစ်သွားနိုင်လို့ပါ။ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရဲ့ လက္ခဏာတွေကတော့ ဆီးခဏခဏသွားခြင်း၊ ဆီးသွားရင် ဆီးလမ်းကြောင်းတလျှောက် နာကျင်ခြင်းတို့ပဲ ဖြစ်ပါတယ်။