ချည်ဘောင်းဘီ Trousers တွေက ဝတ်ရပေါ့ပါးပြီး အမြင်တင့်တဲ့ဖက်ရှင်ထဲမှာပါပါတယ်။ Trouser တွေလို့ ခြုံပြောပေမယ့် သူ့မှာလည်း အမျိုးအစားတွေ ကွဲပါသေးပါတယ်။ ဒီလို အမျိုးအစားတွေထဲကမှ ဘယ်လို Outfit မျိုးနဲ့မဆို လိုက်ဖက်တဲ့ Trouser စတိုင်တွေက

(၁) ကတ္တီပါထည်

best-corduroy-pants

Photo: The Manual

ကတ္တီပါ Trouser တွေက အအေးပိုင်းဒေသတွေမှာ အဝတ်များတဲ့အဝတ်အစားပါ။ ချည်အမျိုးစားက နူးညံ့နွေးထွေးပြီး ဝတ်လို့ကောင်းပါတယ်။ Formalwear တွေမှာ ဝတ်လေ့ရှိပါတယ်။

(၂)သိုးမွေးထည်

pants-dress

Photo: Patrick James
ဖက်ရှင်မိချင်သူတွေ လက်မလွတ်တဲ့ Trouser အမျိုးအစားတစ်ခုက သိုးမွေးထည်ဖြစ်ပါတယ်။ Wool Trouser တွေက Jeans ဘောင်းဘီလိုပဲ လူကြိုက်များကြပါတယ်။ သူကတော့ Tailor-Made နဲ့လာတာ များပါတယ်။ အဓိက ပွဲတက်ဝတ်စုံအဖြစ် ဝတ်ကြသလို စတိုင်ကျကျ ဝတ်ချင်သူတွေအတွက် နံပါတ်တစ်ရွေးချယ်စရာတစ်ခုပါပဲ။

(၃) Chino ထည်

Khaki

Photo: Mens Journal

Smart Casual နဲ့ ရုံးတက်ဖက်ရှင်အဖြစ် ဝတ်ကြတဲ့ Trouser တစ်မျိုးက Chino ဖက်ရှင် ဖြစ်ပါတယ်။ ရိုးရှင်းပြီး ဝတ်လို့ကောင်းတဲ့အပြင် နေရာစုံ ဘုံဝတ်လို့ရတာကလည်း သူ့အားသာချက်ပါပဲ။ Casual ဝတ်ချင်ရင် ပေါ့ပေါ့ပါးပါး Plain T-Shirt ၊ Sneaker ဖိနပ်ဖက်ရှင်နဲ့ ဝတ်နိုင်ပါတယ်။

နောက်ဆုံးအချက် ပြောချင်တာက Trouser ဝယ်မယ်ဆိုရင် Relaxed-Fit တွေ ရွေးပါ။ Skinny ဖြစ်တာ နဲ့ Loose သိပ်ဖြစ်တာတွေ ရှောင်သင့်ပါတယ်။ ဖိနပ်ကိုတော့ Smart Sneaker လေးတွေ ရွေးတာ အကောင်းဆုံးပါပဲ။

Featured Photo: Mens Journal