ခွေးတွေဟာ ဟိုးအရင်ကတည်းက လူတွေနဲ့အတူတူ နေထိုင်လာခဲ့ကြတာပါ။ ခွေးတွေဟာ ညဏ်ရည်မြင့်မားပြီး သစ္စာရှိတာကြောင့် လူတွေက သူတို့ရဲ့ ဥစ္စာပစ္စည်းတွေ ကာကွယ်ဖို့အတွက် အသုံးပြုလာခဲ့ကြတာ နှစ်ပေါင်းကြာနေပါပြီ။ တစ်ချို့တွေက အိမ်မွေးတိရစ္ဆာန် အနေနဲ့ မွေးတယ်။ တစ်ချို့ ခွေးတွေကိုကြတော့ မိုင်းရှင်းတဲ့နေရာ တွေမှာတောင် အသုံးပြုကြပါတယ်။
ခွေးတစ်ကောင်မွေးဖို့ဆိုတာ တကယ်တော့တာဝန်အရမ်းကြီးပါတယ်။ သူများတကာကို သွားမကိုက်မိအောင်လည်း ထိန်းရသလို ကုန်ကျစရိတ်ကလည်း လူလောက်နီးနီးရှိတတ်ပါတယ်။ ဒါကတော့မိမိမွေးတဲ့ ခွေးအမျိုးအစားပေါ်မှာမူတည်ပါတယ်။
ဒီနေ့တော့ kwee page ကနေ ကမ္ဘာ့ အန္တာရာယ်အရှိဆုံးခွေးအမျိုးအစားတွေကို ဗဟုသုတ အနေနဲ့မျှဝေပေးသွားမှာပါ။
၁။ Caucasian Shepherd

Source: Animalso
ဒီခွေးအမျိုးအစားကို Caucasian Ovcharka ဆိုပြီးလူသိများပါတယ်။ ဒီကောင်တွေဟာ ပေါင် ၁၁၀ ရှိတဲ့အထိ ကြီးထွားနိူင်ပါတယ်။ ပျမ်းမျှအသက်ဟာ ၁၀-၁၂ နှစ်အထိရှိပါတယ်။ မှုရင်းပေါက်ဖွားရာဒေသကတော့ ရုရှားနဲ့ အခြား ယူရုပ်နိူင်ငံတွေပဲဖြစ်ပါတယ်။ တောင်ပေါ်ဒေသတွေမှာ အများဆုံး အသုံးပြုလေ့ရှိကြပြီး ဝံပလွေတွေတောင် သူတို့ကို ကြောက်ကြပါတယ်။
၂။ Pit Bull

Source: Big Dog
Pit Bull ခွေးအမျိုးအစားကတော့ လူတွေကိုတိုက်ခိုက်တဲ့နေရာမှာ နာမည်ကြီးပါတယ်။ လူစိမ်းတွေဆိုရင် အနားကပ်မခံပါဘူး။ ခန္ဓာကိုယ် ကြံ့ခိုင်ပြီး လျင်မြန်ဖျတ်လတ်တာကြောင့် တစ်ချို့နိူင်ငံတွေမှာ လူဆိုးဖမ်းတဲ့အချိန် အသုံးပြုလေ့ရှိပါတယ်။
၃။ Perro de Presa Canario

Source: Cosas de Caza y Pesca
ဖိုက်တာ ခွေးအမျိုးအစားတွေ ရောစပ်ပြီး သားပေါက်ထားတဲ့ ခွေးမျိုးပါ။ Perro de Presa Canario ကတော့ စပိန်လိုဖြစ်ပြီး Canarian Catch Dog လိုအဓိပ္ပါယ်ရပါတယ်။ သူတို့ကိုတော့ မွေးမြူရေး တိရစ္ဆာန်တွေ ထိန်းတဲ့နေရာမှာ အသုံးပြုကြပါတယ်။
၄။ Rottweiler

Source: Dog Breed Selector Quiz
Rottweiler ခွေးမျိုးတွေစာ ညဏ်ရည်မြင့်မားပြီး အလွန်ရန်လိုတတ်ပါတယ်။ အိမ်စောင့်ဖို့အတွက် ဆိုရင် အလွန်အသုံးဝင်တဲ့ ခွေးအမျိုးအစားထဲမှာပါပါတယ်။ US နိူင်ငံမှာ ခွေးတွေတိုက်ခိုက်လို့သေရတဲ့ လူစာရင်းမှာ သူတို့က တဝက်လောက်ပါပါတယ်။
၅။ Fila Brasileiro

Source: Big Dog Breeds
ဘရာဇီးဖွား ဒီခွေးအမျိုးအစားတွေဟာ အရမ်းရန်လိုတတ်ပြီး သခင်တွေကို အရမ်းကာကွယ်ပေးတတ်ပါတယ်။ ဒီကောင်တွေက ထိန်းရခတ်ပြီး ပစ္စည်းတွေကို ကိုက်ဖြတ်ဖျတ်စီးလေ့ရှိကြတယ်။
