ကမ္ဘာကြီးက အန္တရာယ်ရှိတဲ့အရာတွေနဲ့ ပြည့်နှက်နေတာပါ။ အန္တရာယ်ရှိတဲ့မြို့၊ ရောဂါကူးစက်စေတဲ့ အင်းဆက်တွေ လူသေဆုံးမှုများတဲ့ ဗိုင်းရပ်စ်တွေ စသဖြင့် အများကြီးပါပဲ။ ဒီနေ့ kwee page က ကမ္ဘာပေါ်က အန္တရာယ်အများဆုံးဆိုတဲ့ အရာတွေအကြောင်း ဆွေးနွေးပေးသွားမှာပါ။

ကမ္ဘာ့အန္တရာယ်အများဆုံးသတ္တဝါ (လူ)

Source: Gulf News

ကမ္ဘာပေါ်က အန္တရာယ်အများဆုံးစာရင်းထဲမှာတော့ လူသားတွေကို နံပက် (၁) နေရာမှာ ထားရမှာပါ။ (၂၀၁၂) ခုနှစ်တုန်းကဆိုရင် ကမ္ဘာတစ်ဝန်း လူပေါင်း (၄၃၇၀၀၀) အသတ်ခံခဲ့ရပါတယ်။ ဒါက လူသားအချင်းချင်း တိုက်ရိုက်ပက်သတ်နေတဲ့ နှုန်းပါ။ တစ်ခြား သွယ်ဝိုက်တဲ့ လူ့ပယောဂတွေကြောင့် လူသေဆုံးမှုနှုန်းတွေက တစ်နှစ်ထက်တစ်နှစ် တိုးလာနေပါတယ်။ ပြီးတော့ တခြားသက်ရှိသတ္တဝါတွေ မျိုးတုံးပျောက်ကွယ်သွားရခြင်းရဲ့ တရာခံဟာလည်း လူသားတွေကြောင့် အဖြစ်များပါတယ်။

ကမ္ဘာ့အန္တရာယ်အများဆုံး ဆိုရှယ်မီဒီယာ (ဆဲလ်ဖီ)

Source: Phonix Towing Service

ဆဲလ်ဖီက ကမ္ဘာ့အန္တရာယ်အများဆုံး ဆိုရှယ်မီဒီယာလားဆိုတော့ ဟုတ်ပါတယ်။ ဒေတာတွေအရ လူတွေက အန္တရာယ်ရှိတယ်လို့ သက်မှတ်ထားတဲ့ ငါးမန်းတွေရဲ့တိုက်ခိုက်မှုကြောင့် လူသေဆုံးမှုက တစ်နှစ်ကို (၅) ယောက်လောက်ပဲရှိပါတယ်။ လေ့လာမှုတွေအရ ဆဲလ်ဖီ ရိုက်ဖို့ကြိုးစားရင် လူသေဆုံးမှုက တစ်နှစ်ကို (၁၂) ယောက်ကျော်ခန့်ရှိနေပါတယ်။ အများစုကတော့ ကား/ဆိုင်ကယ်မောင်းနေရင် ဆဲလ်ဖီရိုက်ဖို့ ကြိုးစားတဲ့သူတွေဖြစ်ကြပါတယ်။

ကမ္ဘာ့အန္တရာယ်အများဆုံး အင်းဆက် (ခြင်)

Source: Medical News Today

ဟုတ်ပါတယ်။ အင်းဆက်တွေကလည်း ကမ္ဘာ့အန္တရာယ်အများဆုံးထဲမှာ ပါဝင်ပါတယ်။ ခြင်တစ်ကောင်တည်းက လူပေါင်းများစွာရဲ့ အသက်ကို နုတ်ယူသွားနိုင်ပါတယ်။ ခြင်တွေကြောင့် တစ်နှစ်ကို လူပေါင်း (၇၅၀၀၀၀) ခန့်သေဆုံးနေရပါတယ်။ ခြင်တွေကြောင့် သွေးလွန်တုပ်ကွေး၊ ငှက်ဖျားနဲ့ တခြားလူသေဆုံးနိုင်တဲ့ ရောဂါတွေ ကူးစက်ခံရနိုင်ပါတယ်။

ကမ္ဘာ့အန္တရာယ်အများဆုံး အာဏာရှင် (မော်စီတုံး)

Source: Quartz

အာဏာရှင်တွေက ကမ္ဘာ့အန္တရာယ်အများဆုံး စာရင်းထဲမှာပါဝင်နေတာ မဆန်းပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကို အာဏာရဖို့ကိုသာ စိတ်ဝင်စားပြီး လူ့အသက်ကို စိတ်မဝင်စားတဲ့သူတွေမို့လို့ပါ။ ဒီထဲမှာဆိုရင် တရုတ်အင်ပါယာရဲ့ အာဏာရှင်တစ်ဦးဖြစ်သူ မော်စီတုံးက စတာလင်နဲ့ဟစ်တလာတို့ သတ်ဖြတ်ခဲ့တဲ့ လူတွေရဲ့ နှစ်ဆခန့်ရှိတဲ့ လူတွေကို သတ်ဖြတ်ခဲ့ပါတယ်။ စုစုပေါင်းလိုက်မယ်ဆိုရင် လူပေါင်း (၇၈) သန်းခန့်ကို သတ်ဖြတ်ခဲ့တာပါ။ ဒါ့ကြောင့် မော်စီတုံးဟာ ကမ္ဘာ့အန္တရာယ်အများဆုံး စာရင်းထဲမှာ ပါဝင်လာတာပါ။

ကမ္ဘာ့အန္တရာယ်အများဆုံး လမ်း ( ယန်းဂတ်စ် လမ်း, ဘိုလီဗီယာ) Yungas Road, Bolivia

Source: La Paz Life

ယန်းဂတ်စ် လမ်းကို သေမင်းတမန်လမ်းလို့ လူတွေအသိများကြပါတယ်။ ဘာလို့ သေမင်းတမန်လမ်းလို့ ခေါ်ရသလဲဆိုရင် တစ်နှစ်ကို လူပေါင်း (၃၀၀) ခန့် ကားမတော်တဆမှုကြောင့် သေဆုံးနေလို့ပါပဲ။

ကမ္ဘာ့အန္တရာယ်အများဆုံး ရောဂါ (The black death လို့ခေါ်တဲ့ ပလိပ်ရောဂါ)

Source: Politico

(၁၃၄၇) ခုနှစ်မှာ စတင်ဖြစ်ပွားခဲ့တဲ့ The black death လို့ခေါ်တဲ့ ပလိပ်ရောဂါဟာ (၁၃၅၀) ခုနှစ်အရောက်မှာ ဥရောပတိုက်တစ်တိုက်လုံးမှာရှိတဲ့ လူဦးရေးရဲ့ (၆၀) ရာခိုင်နှုန်းခန့်ရဲ့ အသက်တွေကို နှုတ်ယူသွားခဲ့ဖူးပါတယ်။