ဆိုင်ကယ်စီးတဲ့အခါ ဆိုင်ကယ်စီးဦးထုပ်သည် သင့်အတွက် အသက်ကယ်ဦးထုပ်တစ်ခုလို့ ဆိုနိုင်ပါတယ်။ မတော်တဆတစ်ခုခု ကြုံတွေ့ရတဲ့အခါ သင့်ကို အသက်အန္တရာယ်ကနေ ရာနှုန်းပြည့် မကာကွယ်ပေးနိုင်ပေမယ့် သင့်ရဲ့ဆိုင်ကယ်မောင်းတဲ့အရှိန်နှုန်းပေါ် မူတည်ပြီး အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်ပါတယ်။
သင့်ရဲ့ ဆိုင်ကယ်ဦးထုပ်က အရည်အသွေးကောင်းလေလေ ဈေးနှုန်းပိုမြင့်လေလေပါပဲ။ အချို့ဆိုင်ကယ်ချစ်သူများသည်လည်း ဆိုင်ကယ်ဦးထုပ်ရွေးချယ်တဲ့အခါ အရည်အသွေးတစ်ခုတည်းတင်ကြည့်တာမဟုတ်ဘဲ သူ့ရဲ့ဒီဇိုင်းအရောင်အသွေးကိုလည်း ကြည့်ကြပါသေးတယ်။
သင်သည်လည်း သင့်ရဲ့ဆိုင်ကယ်စီးဦးထုပ်ကို အရည်အသွေးရော ဒီဇိုင်းအနေအထားကိုပါ သေသေချာချာကြည့်ရှုပြီးမှ ဝယ်ယူတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့်ဆိုင်ကယ်စီးဦးထုပ်များကို ရွေးချယ်သင့်ပါတယ်။
AGV

AGV တံဆိပ်ကိုမှ Sportmodular Carbon မော်ဒယ်အမျိုးအစားဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၈၅၀ ဖြစ်ပါတယ်။
Shoei X-Fourteen Marquez

ဒီဦးထုပ်ရဲ့ဈေးနှုန်းကတော့ ဒေါ်လာ ၈၉၀ ရှိပါတယ်။ သူရဲ့ဒီဇိုင်းကြောင့် စတင်ထွက်ရှိခဲ့တဲ့အချိန်ကစပြီး ယခုထက်ထိ လူကြိုက်များနေဆဲဖြစ်ပါတယ်။
Veldt Foil Fullface

ဒီဇိုင်းကာလာအနေအထားကလည်း ဆွဲဆောင်မှုကင်းမဲ့လိုက်တာလို့ သင် ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမဲ့ သူ့ရဲ့ဈေးနှုန်းကလည်း မခေပါဘူး။ ဒေါ်လာ ၉၀၀ ရှိပါတယ်။
Schuberth

Schuberth ဆိုင်ကယ်ဦးထုပ်များသည် အကြမ်းခံတဲ့ဦးထုပ်အမျိုးအစားတစ်ခုပဲဖြစ်ပါတယ်။ C4 Pro Carbon မော်ဒယ်အမျိုးအစားကတော့ နောက်ဆုံးပေါ် နည်းပညာများနဲ့ ကာဗွန်အမျှင်ကိုယ်ထည်ဖြင့် အပေါ့ပါးဆုံးဖြစ်အောင် ထုတ်လုပ်ထားပြီး ဝတ်ဆင်သူအတွက် သက်သောင့်သက်သာဖြစ်စေရုံသာမက ဘေးကင်းလုံခြုံအောင်လည်း ကူညီဗပးပါတယ်။ ဒါ့အပြင် Bluetooth နဲ့ ချိတ်ဆက်အသုံးပြုလို့ရအောင်လည်း ထုတ်လုပ်ထားတဲ့အတွက်ကြောင့် ဈေးနှုန်းကတော့ ဒေါ်လာ ၉၀၀ ရှိပါတယ်။
AGV

စောစောက AGV Sportmodular Carbon မော်ဒယ်ကိုမှ တဆင့်မြင့်ပြီး ထုတ်လုပ်ထားတဲ့ Corsa R အမျိုးအစားဖြစ်ပါတယ်။ လေဝင်လေထွက်စနစ်ကောင်းအောင် ဖန်တီးထားပြီး ပေါ့ပါးမှုရှိတဲ့အတွက်ကြောင့် ဒေါ်လာ ၁၀၀၀ တန်ပါတယ်။
Arai

Arai တံဆိပ် Corsair-X IOM ကတော့ ဒေါ်လာ ၁၀၆၀ တန်ဖိုးရှိပြီး စမ်းသပ်အသုံးပြုချက်အရ လေဝင်လေထွက်အကောင်းဆုံးနဲ့ သက်သောင့်သက်သာအရှိဆုံးအဖြစ် အသိအမှတ်ပြုခံထားရပါတယ်။
Hedon

Hedon တံဆိပ်သည်လည်း ဆိုင်ကယ်ဦးထုပ်နဲ့ပတ်သက်လာရင် နာမည်ကြီးတံဆိပ်တစ်ခုထဲမှာ ပါဝင်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၀၈၀ ကုန်ကျပါလိမ့်မယ်။
Ruby

ဒီတံဆိပ်ကတော့ ဖက်ရှင်လည်းကျစေသလို သက်သောင့်သက်သာနဲ့ ဝတ်ဆင်နိုင်အောင် ကူညီပေးပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၆၀၀ ပါ။
AGV Pista

ရာနှုန်းပြည့် ကာဗွန်အမျှင်များနှင့် ထုတ်လုပ်ထားပြီး လေဝင်လေထွက်ကောင်းစေတဲ့ နည်းပညာများကို အသုံးချထားတဲ့အတွက်ကြောင့် ဒေါ်လာ ၁၇၀၀ ပေးဝယ်ရပါလိမ့်မယ်။
Arai Corsair-X RC

ဒေါ်လာ ၄၀၀၀ နီးပါးရှိတဲ့ ဆိုင်ကယ်ဦးထုပ်မျိုးကို ဝတ်ဆင်ချင်တယ်ဆိုရင်တော့ ဒီဦးထုပ်လေးက သင့်အတွက်ပါပဲ။ ကုမ္ပဏီရဲ့အကောင်းဆုံး Formula 1 ကို ထည့်သွင်းအသုံးပြုထားတာဖြစ်တာကြောင့် ဒီလောက်အထိ ဈေးခေါ်ထားခြင်းဖြစ်ပါတယ်။ သူ့ရဲ့ဈေးနှုန်းကို အတိအကျပြောရမယ်ဆိုရင်တော့ ဒေါ်လာ ၃၉၉၅ ဒေါ်လာပါ။
ဘာ့ကြောင့် ဒီဆိုင်ကယ်စီးဦးထုပ်တွေက ဒီလောက်တောင် ဈေးမြှောက်နေရတာလဲ။

Photo Source: iStock.com
ဒီလိုဆိုင်ကယ်စီးဦးထုပ်တစ်လုံး ဖြစ်လာဖို့ရန်အတွက် ပြုလုပ်ရတဲ့ သုတေသနလေ့လာချက်များ၊ ဖန်တီးတီထွင်ထားရတဲ့ ဒီဇိုင်းများ၊ ဝတ်ဆင်သူကို အလုံခြုံဆုံးဖြစ်ဖို့ရန်အတွက် ထည့်သွင်းအသုံးပြုထားတဲ့ နည်းပညာနှင့် ကုန်ကြမ်းပစ္စည်းများပေါ် မူတည်ပြီး ဈေးနှုန်းကွာခြားချက်ရှိသွားရခြင်းပဲဖြစ်ပါတယ်။
သင့်အနေနဲ့ အကောင်းဆုံးကိုမှ နှစ်သက်တယ်ဆိုရင်တော့ ဒီလိုဦးထုပ်မျိုးတွေကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။
Source: Motorcyclecruiser.com
Featured Image Source: iStock.com
