အားကစားတွေထဲမှာ အကြမ်းပတမ်း ရိုင်းစိုင်းပြင်းထန်ပါတယ်ဆိုတဲ့ အားကစားတစ်မျိုးက နပန်းဖြစ်ပါတယ်။ နပန်းအားကစားဟာ အခုနောက်ပိုင်းမှာ အရင်ကထက် ပိုပြီးတောင် လူတွေ စိတ်ဝင်စားမှုရှိလာပြီလို့ ပြောရမှာပါ။ အထူးသဖြင့် နပန်းအားကစားဟာ ရုပ်ရှင်လောကနဲ့ပါ ဆက်စပ်လာတာကြောင့် ပရော်ဖက်ရှင်နယ်နပန်းသမားတွေကို ရုပ်ရှင်ချစ်သူတွေပါ ပိုပြီး လူသိများလာပါတယ်။ နပန်းသမားတွေအကြောင်းပြောမယ်ဆိုရင် ပရော်ဖက်ရှင်နယ် Wresters တွေထဲက အခုပြောမယ့် ပေါ်ပြူလာအဖြစ်ဆုံး နပန်းသမားတွေကို ချန်ထားလို့ မရပါဘူး။
(၁) Hulk Hogan

Photo: fortune
နပန်းလောကအကြောင်း ပြောရင် မုတ်ဆိတ်ဖြူကြီးနဲ့ Hulk Hogan ကို တန်းမြင်မိကြမှာပါ။ Hulk Hogan ဆိုတာ နပန်းအားကစား လူကြိုက်များ ထင်ရှားလာတဲ့ ၈၀ နဲ့ ၉၀ ပြည့်လွန်နှစ်တွေက ကျော်ကြားခဲ့တဲ့ ဂန္ဓဝင်တစ်ဦး ဖြစ်ပါတယ်။ ကြိုးဝိုင်းအပြင် ရုပ်ရှင်နဲ့ TV လောကထဲ ဝင်တော့လည်း အောင်မြင်မှု ကြီးကြီးမားမား ရခဲ့ကြပါတယ်။
Hulk Hogan ရဲ့ မိသားစုကြောင့် နပန်းလောက ကနေ အနားယူပြီးကစလို့ ပိုပြီးတောင် ကျော်ကြားလာခဲ့ပါတယ်။ Hogan Knows Best ဆိုတဲ့ Reality Show မှာ သူဖြတ်သန်းခဲ့တဲ့ အိမ်ထောင်ပျက်မှု ၊ သားဖြစ်သူ ထောင်ကျမှု စတဲ့ ပြဿနာတွေအကြောင်း အမှန်အတိုင်း ဖွင့်ပြောတာကြောင့် ပိုပြီး လူသိများခဲ့တာ ဖြစ်ပါတယ်။
(၂) The Rock

Photo: minews
အခုခေတ်မှာ The Rock ဘယ်သူလဲဆိုတာ မိတ်ဆက်ပေးစရာ မလိုလောက်အောင် လူသိများကျော်ကြားနေပြီ ဖြစ်ပါတယ်။ နပန်းလောကမှာ အောင်မြင်မှုတွေ ရခဲ့တဲ့ The Rock ဟာ ရုပ်ရှင်နယ်ပယ်မှာတော့ ပိုလို့တောင် ထင်ပေါ်ကျော်ကြားပြီး အောင်မြင်မှု သရဖူဆောင်းနိုင်ခဲ့ပါတယ်။ ဟောလီးဝုဒ်ရုပ်ရှင်လောကထဲ ရောက်တဲ့ နပန်းသမားတွေထဲမှာ The Rock လောက် ငွေကြေးအရရော နာမည်ကျော်ကြားမှုအရပါ အောင်မြင်မှုရခဲ့သူ ရှားပါတယ်။ The Rock ဟာ ဟောလီးဝုဒ်ရဲ့ ဝင်ငွေအကောင်းဆုံး ရုပ်ရှင်မင်းသားတစ်ဦးအဖြစ်ပါ ဝင်ငွေကြမ်းတဲ့ရုပ်ရှင်ကားပေါင်းများစွာပါ ပါဝင် ရိုက်ကူးထားပါတယ်။
(၃) “Stone Cold” Steve Austin

Photo: essentiallysports
နပန်းလောကမှာ Stone Cold ပရိသတ်တွေ အများကြီးပါပဲ။ Stone Cold ဟာ ခေတ်အဆက်ဆက် အကြီးကျယ်ဆုံးနဲ့ ဩဇာအကြီးဆုံး ပရော်ဖက်ရှင်နယ် နပန်းသမားတွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ရဲ့ Austin 3:16 ရှပ်ဟာ နပန်းသမိုင်းမှာ ရောင်းအားအကောင်းဆုံး ရှပ်ဖြစ်ခဲ့ပါတယ်။ ရုပ်ရှင်တွေမှာလည်း ပါဝင်ခဲ့သလို တီဗွီရှိုးတွေမှာလည်း Stone Cold က နာမည်ကြီးခဲ့ပါတယ်။
(၄) Vince McMahon

Photo: sportskeeda
ဗင့်စ် မက်စ်မက်ဟွန်းဟာ နပန်းအားကစားပရိသတ်မဟုတ်သူတွေတောင် သိကြတဲ့ WWE လောကရဲ့ မျက်နှာပိုင်ရှင်ပါ။ နပန်းသမားတစ်ယောက်မဟုတ်ပေမယ့် မက်စ်မက်ဟွန်းရဲ့ ကျော်ကြားမှုဟာ ဖိုက်တာအများစုထက် သာလွန်ပါတယ်။ မက်စ်မက်ဟွန်းဟာ အမေရိကန်ပရော်ဖက်ရှင်နယ်နပန်းသတ်မှု မြှင့်တင်သူ ၊ အမှုဆောင်နဲ့ မီဒီယာလုပ်ငန်းရှင် ဖြစ်ပြီး လက်ရှိမှာ WWE ဥက္ကဌနဲ့ အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ယူထားပါတယ်။ ဒေါ်လာ ၂ ဘီလျံကျော် ချမ်းသာတဲ့ မက်စ်မက်ဟွန်းဟာ သူ့ရဲ့ ပရိုမိုးရှင်းလုပ်တဲ့ စတန့်တွေကြောင့် WWE နပန်းလောကရဲ့ အကျော်ကြားဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်လာခဲ့တာပါ။
(၅) Andre The Giant

Photo: mentalfloss
ဧရာမကိုယ်လုံးကိုယ်ပေါက်ပိုင်ရှင် Andre The Giant ကို ကမ္ဘာ့ ၈ ခုမြောက် အံ့ဖွယ်တစ်ခုအဖြစ် တင်စားထားကြပါတယ်။ ပြင်သစ်-ဘူဂေးလ်ရီးယန်းနွယ်ဖွား ပရော်ဖက်ရှင်နယ် နပန်းသမားနဲ့ ရုပ်ရှင်သရုပ်ဆောင်ဖြစ်တဲ့သူဟာ အရပ် ၇ ပေနီးပါး ရှည်ပြီး ပေါင်ချိန် ၅၀၀ ကျော်သူလည်း ဖြစ်ပါတယ်။ သူ့ကို ရုပ်ရှင်ထဲမှာ ပထမဆုံး တွေ့ရတဲ့ ဇာတ်ကားက The Princess Bride ဖြစ်ပြီး ၁၉၉၃ မှာ နှလုံးရောဂါကြောင့် ကွယ်လွန်သွားခဲ့ပါတယ်။
Featured Photo: minews
