ရေမွှေးကောင်းတစ်ပုလင်းဟာ သင့်ရဲ့ပုံစံနဲ့ စိတ်ခံစားချက်ကို အများကြီး ပြောင်းလဲနိုင်စွမ်းရှိပါတယ်။ ရေမွှေးနံ့သင်းသင်းလေး ဆွတ်ထားတာက စိတ်ကြည်စေသလို လူကို လန်းဆန်းပြီး သန့်ရှင်းတယ်လို့ ခံစားရစေနိုင်ပါတယ်။ ရေမွှေးဈေးကွက်ဟာ တန်ဖိုးကြီး လူ့အသုံးအဆောင်ထဲမှာ ပါပါတယ်။ ဒီတစ်ခေါက်မှာ အမျိုးသားသုံး အကောင်းဆုံး ရေမွှေးအမှတ်တံဆိပ်တချို့အကြောင်း ပြောပြချင်ပါတယ်။

(၁) Tom Ford Noir

Tom Ford Noir

Photo: T3

Tom Ford Noir က အမေရိကန်ဖက်ရှင်ဒီဇိုင်နာ တွမ်ဖို့ဒ်ရဲ့ နာမည်ကျော် ရေမွှေးအမှတ်တံဆိပ်ပါ။ အနံ့က ထူးခြားပြီး အဆင့်အတန်းမြင့်တဲ့အပြင် Personal Fragnance ဖြစ်တယ်လို့ သတ်မှတ်ခံထားရပါတယ်။ Tom Ford Noir ရဲ့အနံ့ဟာ နွေးထွေးပြီး သက်တောင့်သက်သာရှိစေတဲ့ခံစားမှု ပေးပါတယ်။

(၂) Penhaligon’s Juniper Sling

Penhaligon's Juniper Sling

Photo: T3

Penhaligon’s Juniper Sling ရနံ့ဟာ Dry Gin ဆီက နေ Inspire လုပ်ပြီး ဖော်စပ်ထားတာပါ။ နာမည်ကြီး ရေမွှေးမာစတာ မစ္စတာအိုလီဗီရာ ခရက်စ်က ဖန်တီးထားတာပါ။ အနံ့ဆန်းပြီး ရှုပ်ထွေးနက်နဲတဲ့အတွက် ယောင်္ကျားတစ်ယောက်ရဲ့ Personality နဲ့ လိုက်ဖက်တဲ့ ရေမွှေးလို့ ဆိုနိုင်ပါတယ်။

(၃) Jo Malone London Huntsman

Jo Malone London Huntsman

Photo: T3

ဒီရေမွှေးဟာ သစ်သားဆန်တဲ့ရနံ့အုပ်စုနဲ့လာပါတယ်။ ဆောင်းရာသီမှာ သုံးဖို့ အကောင်းဆုံးလို့ ညွှန်းကြပါတယ်။ ယောင်္ကျားဆန်တဲ့ရနံ့မျိုး ဖြစ်ပြီး တခြားအနံ့တွေနဲ့လည်း အဆင်ပြေပြေ ပေါင်းစပ်နိုင်စွမ်းလည်း ရှိပါတယ်။

(၄) Dior Sauvage

Dior Sauvage

Photo: T3

ယောင်္ကျားလေးရော မိန်းကလေးတွေပါ သုံးနိုင်တဲ့ ရေမွှေးပါ။ ညနေခင်းရနံ့ဆိုတဲ့ သစ်သားနံ့ ၊ ပန်းနံ့ စတဲ့ အနံ့အုပ်စုထဲမှာ ပါပါတယ်။ Dior ရေမွှေးတွေက စိတ်ကိုရွှင်လန်းပြီး ဆွဲဆောင်မှုမြင့်အောင် ကူညီနိုင်ပါတယ်။

Featured Photo: The Trendspotter