ခေါင်းကိုက်တဲ့ဝေဒနာက တခြားဝေဒနာတွေထက် ခံရတာဆိုးပါတယ်။ ဘာမှစဉ်းစားလို့မရသလို အလုပ်လည်းမတွင်ဘဲ ဖြစ်နေတက်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တဲ့ ရောဂါရှိသူမဟုတ်ဘူး (သို့) ခေါင်းကိုက်ရောဂါရှိတဲ့ လူမဟုတ်ဘူးဆိုရင် မကြာခဏ ခေါင်းကိုက်သလို ဖြစ်နေတာကို လျှော့ချနိုင်ပါတယ်။ ဒီနေ့ဆောင်းပါးမှာ ခေါင်းကိုက်ရောဂါမရှိပါဘဲနဲ့ မကြာခဏခေါင်းကိုက်သလိုဖြစ်နေရတဲ့အကြောင်းအရင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

စိတ်ဖိစီးမှု

Source: NetDoctor

စိတ်ဖိစီးမှုက လည်ပင်းနဲ့ပခုံးကြွက်သားတွေကို တောင့်တင်းလာစေပါတယ်။ ဒီလိုဖြစ်ဖန်များလာရင် ခေါင်းကိုက်ဝေဒနာကို ခံစားရတက်ပါတယ်။ ယနေ့ခေတ်လူ့အဖွဲ့အစည်းမှာ စိတ်ဖိစီးမှုဟာ နေ့စဉ်ရှိနေတဲ့ ကိစ္စလိုဖြစ်နေတာကြောင့် ကြီးမာတဲ့ သက်ရောက်မှုမျိုး မရှိအောင် နေထိုင်ဖို့ လိုပါတယ်။

သွေးပေါင်ချိန်

Source: Diabetes UK

သွေးပေါင်ချိန်မြင့်တက်နေတာကြောင့်ဖြစ်ပါတယ်။ နေ့စဉ်ခေါင်းကိုက်နေတာမျိုးကို ဖြစ်တတ်ပါတယ်။ ဦးခေါင်းတွင်း ဖိအားမြင့်တက်လာတာကြောင့်ပါ။ ဒါပေမယ့် ဆေးသောက်ပြီး၊ နေ့စဉ်ဘဝနေထိုင်မှုပုံစံပြောင်းလဲလိုက်ရင် ဒီလိုခေါင်းကိုက်တာမျိုးဟာ ပျောက်ကွယ်သွားမှာပါ။

သွားပြဿနာ

Source: Berywell Health

သွားနဲ့ခံတွင်းဆိုင်ရာ ပြဿနာတွေကြောင့်ပါ။ ခေါင်းထိပ်တည့်တည့်က ကိုက်နေတာမျိုး ဖြစ်တတ်ပါတယ်။ သွားပြဿနာရှိနေတယ်ဆိုရင်တော့ ဒီလိုမျိုး ဖြစ်တတ်ပါတယ်။ ခေါင်းကိုက်တာဟာ ကြာနေတယ်ဆိုရင် သွားနဲ့ခံတွင်းဆိုင်ရာ ဆရာဝန်နဲ့ပြသင့်ပါတယ်။

အိပ်မပျော်ခြင်း

Source: Medical News Today

အိပ်ရေးပျက်ခြင်းဟာ အရာရာတိုင်းကို ဖျက်စီးမှာပါ။ နေ့စဉ်ရက်ဆက် ခေါင်းကိုက်သလိုဖြစ်နေတာဟာ အိပ်မပျော်တဲ့ရက်တွေ ညစဉ်ရက်ဆက်လာတာကြောင့်ပါ။ အနားမရတဲ့ကြွက်သားတွေဟာ တင်းတောင့် ကိုက်ခဲလာတတ်ပါတယ်။ အိပ်မပျော်ခြင်းဟာ စိတ်ဖိစီးတဲ့ ဟော်မုန်းတွေကိုလည်း ထုတ်လုပ်ပြီး ခေါင်းကိုက်စေပါတယ်။

ဖုန်း

Source: Neurology-Advisor

တစ်နေကုန် ဖုန်းကိုပဲ အမြဲကုန်းကြည့်နေတာကြောင့်ဖြစ်ပါတယ်။ လည်ပင်းပေါ်သက်ရောက်လာတဲ့ ဖိအားတွေကြောင့်သာမကဘဲ မျက်လုံးရဲ့ ညောင်းညာမှုကြောင့်ဖြစ်ပါတယ်။ ဖုန်းမျက်နှာပြင်က ထွက်တဲ့ရောင်ခြည်နဲ့ ခန္ဓာကိုယ်ပုံစံမမှန်ဘဲ ဖုန်းအသုံးပြုနေတဲ့ ပုံစံတွေကြောင့်ပါ။