ဂန္ဓဝင်ဂျာမန်ဂီတပညာရှင်ကြီး လုဒ်ဝစ် ဗန်ဘီသိုဗင်ရဲ့ ပါရမီနဲ့ အနုပညာအကြောင်း စာတစ်ကြောင်းနှစ်ကြောင်းနဲ့ ပြောလို့ မဖြစ်ပါဘူး။ နားမကြားတဲ့ဝေဒနာဖိစီးနေတဲ့အကြားက အကောင်းဆုံးတေးဂီတတွေ စီကုံးရေးဖွဲ့ခဲ့ပြီး သူ့ရှင်သန်ရာခေတ်ကနေ သူကွယ်လွန်အပြီး နှစ် ၂၀၀ နီးပါးအထိ အကောင်းတကာ့အကောင်းဆုံး သံစုံတီးဝိုင်းတေးတွေအဖြစ် လွင့်ပျံစေခဲ့ပါတယ်။ အခုဆောင်းပါးမှာတော့ ဘီသိုဗင်ရေးစပ်ခဲ့တဲ့ တေးအယ်လ်ဘမ်တွေထဲကမှ အကောင်းဆုံးဆိုပြီး ဂီတချစ်သူတွေ ညွှန်းဆိုကြတဲ့အခွေတွေ ပြန်ညွှန်းလိုက်ပါတယ်။

(၁) The Complete Symphonies

The Complete Symphonies

Photo: Amazon

ဘီသိုဗင်ရဲ့ အကောင်းဆုံးလက်ရာ Music Albums တွေထဲမှာ အညွှန်းအများဆုံးက The Complete Symphonies ဖြစ်ပါတယ်။ ဒီအယ်လ်ဘမ်ထဲမှာ ဂီတတစ်ခုရဲ့ အမြင့်ဆုံး Potential ကို ထိုးဖောက်နိုင်ဖို့ ဂီတပညာရှင်တွေ ဘယ်လောက်တောင် ကြိုးပမ်းခဲ့သလဲဆိုတာကို ဒီအယ်လ်ဘမ်မှာ နားထောင်ကြည့်နိုင်ပါတယ်။ တကယ်လို့ ဘီသိုဗင်ကို တစ်ခါမှ နားမထောင်ဖူးရင်လည်း ဒီအခွေကစပြီး နားထောင်ကြည့်ဖို့ ပြောချင်ပါတယ်။

(၂) The Complete String Quartets

The Complete String Quartets

Photo: Amazon

ဘီသိုဗင်ဂီတအယ်လ်ဘမ်စုဆောင်းမှုလုပ်မယ်ဆိုရင် ဘီသိုဗင်ရဲ့ Complete String Quartets မပါရင် ပြီးပြည့်စုံမှာ မဟုတ်ပါဘူး။ String Quartets ဆိုတာ ကြိုးတပ်တူရိယာတီးခတ်သူ ၄ ဦးနဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့ကို ပြောတာပါ။ ဒီထဲမှာ တ‌ယောပညာရှင်၂ ဦး ၊ ဗွိုင်အိုလာ တီးသူ ၁ ဦးနဲ့ ဆယ်လိုသမား ၁ ဦး ပါဝင်ပါတယ်။ String Quartets သံစဉ် ချစ်သူဆို ဒီအခွေကို မဖြစ်မနေ နားထောင်ကြည့်သင့်ပါတယ်။

(၃) The Complete Piano Sonatas

The Complete Piano Sonatas

Photo: Amazon

နောက်ထပ် ဘီသိုဗင်အသံသွင်းစီးရီးတစ်ခုအဖြစ် နာမည်ကျော် စန္ဒယားဆိုနာတာအယ်လ်ဘမ်တစ်ချပ်က The Complete Piano Sonatas ပေါင်းချုပ်ဖြစ်ပါတယ်။ နာမည်ကျော် Moonlight Sonata လည်း ဒီအခွေမှာ ပါဝင်ပါတယ်။ ဆိုနာတာတစ်ခုချင်းစီဟာ ပြီးပြည့်စုံမှုနဲ့ ဂုဏ်ကျက်သရေကို ဖော်ပြနိုင်တယ်လို့လည်း ဝေဖန်သူတွေက ချီးကျူးထားပါတယ်။

(၄) Triple Concerto & Choral Fantasy

Triple Concerto & Choral Fantasy

Photo: Amazon

ကမ္ဘာကျော် Performers တွေ ဖြစ်တဲ့ Yo-Yo Ma ၊ Itzhak Perlman ၊ Daniel Barenboim နဲ့ Berlin Philharmonic တို့နဲ့အတူ ခံစားရမယ့် ဘီသိုဗင်ရဲ့ ဒီအယ်လ်ဘမ်ဟာ တကယ့်ကို ကြီးမြတ်မှုကို ခံစားရစေမှာပါ။ ဘီသိုဗင် Music Collection သမားတွေအတွက် Triple Concerto အယ်လ်ဘမ်ကလည်း မဖြစ်မနေ စုဆောင်းရမယ့်အခွေတစ်ချပ်ပါပဲ။

(၅) Violin Concerto In D Major & 2 Romances

Violin Concerto In D Major & 2 Romances

Photo: Amazon

Lyric Concerto တစ်ခုရဲ့ အဆုံးမဲ့နားသောတဆင်နိုင်အောင် ပံ့ပိုးမှုကို Beethoven: Violin Concerto In D Major & 2 Romances မှာ အလှပဆုံး နားဆင်နိုင်မှာပါ။ ဘာကြောင့် ဒီ Beethoven Music အသံဖမ်းမှု လုပ်တာလဲဆိုတာ သိရလွယ်ပါတယ်။ ခေတ်အဆက်ဆက် အကောင်းဆုံး တယောသံစုံတီးဝိုင်းတေးတွေထဲမှာ မိုးဇက်ရဲ့ Violin Concerto No.3 ပြီးရင် အကောင်းဆုံးလို့ ပြောကြပါတယ်။

Featured Photo: PlayBill