ကာယဗလမောင်တစ်‌ယောက်ဖြစ်လာဖို့ဆိုတာ လွယ်ကူတဲ့အလုပ်တော့ မဟုတ်ပါဘူး။ ထက်သန်ပြင်းပြတဲ့ စိတ်ဆန္ဒ ၊ ဇွဲ ၊ လုံ့လနဲ့ အပင်ပန်းခံကြိုးစားနိုင်လွန်းမှ ဖြစ်တဲ့ အလုပ်ပါ။ ဒီအချက်အပြင် Gym ကို အိမ်လို သဘောထားပြီး နေ့တိုင်း မပျက်မကွက် ကြိုးစားနေမှ BodyBuilder တစ်ယောက် ဖြစ်လာတာပါ။ အောင်မြင်တဲ့ BodyBuilder တစ်ယောက် ဖြစ်လာဖို့ စားလိုက်ရတဲ့ အစားအသောက်တွေ ၊ သွင်းလို့ရတဲ့ Gym Membership ကြေးတွေ ၊ ဝယ်လိုက်ရတဲ့ Accessories ဖိုးတွေကလည်း အများသား။

BodyBuilder တစ်ယောက်ဖြစ်လာဖို့ စတေးမှုတွေနဲ့ အနစ်နာခံမှုတွေအကြောင်းက ပြောလို့ ကုန်မှာမဟုတ်ပါဘူး။ BodyBuilder ဘဝဟာ စီးပွားရေးသမားဘဝမဟုတ်လို့ BodyBuilder ဖြစ်ရင် ချမ်းသာမယ်လို့ ပြောလို့လည်း မရပါဘူး။ ဒါပေမယ့်လည်း ထင်ပေါ်ကျော်ကြားတဲ့ BodyBuilder တွေထဲမှာ ဒေါ်လာသန်းပေါင်းများစွာ ချမ်းသာသူတွေလည်း ရှိပါတယ်။

(၅) ဂယ်ရီ စထရီဒွန်း

Gary Strydom

Photo: muscleandbrawn

ဂယ်ရီ စထရီဒွန်းဆိုတာ ၈၀ ပြည့်လွန်နဲ့ ၉၀ ပြည့်လွန်နှစ်တွေက ထိပ်ထိပ်ကြဲ ကျော်ကြားခဲ့တဲ့ BodyBuilder တစ်ဦး ဖြစ်ပါတယ်။ သူ့ခေတ်ကောင်းစဉ်က ဂယ်ရီစထရီဒွန်းဆိုတာ ထိပ်ဆုံးက ထားပြောရတဲ့ BodyBuilder ဖြစ်သလို သူ့ရဲ့ဘော်ဒီကိုယ်လုံးကိုယ်ပေါက် အချိုးအဆစ် ၊ သူပြိုင်ခဲ့တဲ့ ပြိုင်ပွဲသမိုင်း ၊ ရခဲ့တဲ့ Sponsorship နဲ့ ကျော်ကြားမှုတွေက ဟုန်းဟုန်းတောက် ထင်ရှားခဲ့ပါတယ်။ သူ့ရဲ့ ကျော်ကြားမှုနဲ့ နာမည်ကြောင့် အခုချိန်မှာ အသားတင် ဒေါ်လာ ၈ သန်း ချမ်းသာသူအဖြစ် ရပ်တည်နေပါတယ်။

(၄) ရွန်းနီ ကိုးလ်မန်း

Ronnie Coleman

Photo: muscleandbrawn

ကိုးလ်မန်းဟာ မောင့်အိုလံပီယာဆုရှင်လည်း ဖြစ်သလို အကူရဲတပ်သားလည်း ဖြစ်ခဲ့သူပါ။ ရွန်းနီကို သက်ရှိထင်ရှား BodyBuilder တွေထဲမှာ အတော်ဆုံးအဖြစ် သတ်မှတ်ထားပါတယ်။ ကိုယ်ကာယ ကြီးမားထွားကျိုင်းပြီး ကိုယ်လုံးကိုယ်ပေါက်မှာ ရွန်းနီရဲ့ ဘော်ဒီကို စံထားပြီး ပြောကြပါတယ်။ ရွန်းနီဟာ ကမ္ဘာကျော်ပရော်ဖက်ရှင်နယ် ကာယဗလမောင်ဖြစ်သူ လီဟာနီနဲ့အတူ အိုလံပီယာဆု ၈ ဆုအထိ ပူးတွဲပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။ နာမည်ကြီး ကုမ္ပဏီတွေဖြစ်တဲ့ MuscleTech နဲ့ BSN တို့လို ကုမ္ပဏီတွေဆီကနေ ဒေါ်လာသန်းနဲ့ချီတဲ့ စပွန်ဆာတွေ ရခဲ့တဲ့သူဟာ အသားတင်ဒေါ်လာ ၁၀ သန်း ပိုင်ဆိုင်သူလည်း ဖြစ်ပါတယ်။

(၃) ဂျေကက်သလာ

Jay Cutler

Photo: muscleandbrawn

ဂျေကက်သလာဟာ အိုလံပီယာ ၄ ဆုရှင် ဖြစ်ပြီး သူ့ရဲ့ ပုံရိပ်ကို DVDs ၊ မှတ်တမ်းရုပ်ရှင်တွေ ၊ အင်တာဗျူး ၊ မဂ္ဂဇင်း ၊ ရုပ်ရှင်စတဲ့ မီဒီယာတွေပေါ်မှာ ဖော်ပြလေ့ရှိပါတယ်။ MuscleTech လို ဒေါ်လာသန်းပေါင်းများစွာတန်တဲ့ ကုမ္ပဏီတွေဆီကနေ စပွန်ဆာရထားသူလည်း ဖြစ်ပါတယ်။ လက်ရှိ BodyBuilder တွေထဲမှာ တတိယမြောက် အချမ်းသာဆုံးဖြစ်ပြီး အသားတင် ဒေါ်လာသန်း ၃၀ ပိုင်ဆိုင်ထားပါတယ်။

(၂) ရစ်ချ် ဂတ်စ်ပါရီ

Rich Gaspari

Photo: muscleandbrawn

နာမည်ကိုက Rich (ရစ်ချ်) – ချမ်းသာခြင်းပါ။ ရစ်ချ်ဆိုတဲ့အတိုင်း ရစ်ချ် ဂတ်စ်ပါရီဟာ ဒေါ်လာ သန်း၉၀ အထိ ချမ်းသာတဲ့ ဒုတိယမြောက် အချမ်းသာဆုံး BodyBuilder လည်း ဖြစ်ပါတယ်။ BodyBuilder ဘဝကနေ အနားယူပြီးနောက် ရစ်ချ် ဂတ်စ်ပါရီဟာ နာမည်ကျော် Gaspari Nurtition အမှတ်တံဆိပ်ကို တည်ထောင်ခဲ့ပါတယ်။ IFBB Hall of Fame ရှင် ဂတ်စ်ပါရီဟာ ဆယ်စုနှစ် သုံးစုကျော်ကြာအောင် သိမ့်သိမ့်တုန် ကျော်ကြားခဲ့သူလည်း ဖြစ်ပါတယ်။

(၁) အာနိုး ရှဝါဇနက်ဂါ

Arnold Schwarzenegger

Photo: muscleandbrawn

ကမ္ဘာကျော် BodyBuilder လည်း ဖြစ် ၊ နာမည်ကျော်ရုပ်ရှင်ကားတွေ ဖြစ်တဲ့ The Terminator ၊ T2 ၊ True Lies ၊ Conan The Destroyer ၊ Total Recall စတဲ့ ကားတွေမှာ သရုပ်ဆောင်ခဲ့သူ မင်းသားကြီး အာနိုး ရှဝါဇနက်ဂါဟာ မောင်စကြဝဠာ ၅ ၊ မောင့်အိုလံပီယာ ၇ ဆု ရခဲ့ပြီး အကြီးကျယ်ဆုံး BodyBuilder တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။ အာနိုး ရှဝါဇနက်ဂါဟာ ကမ္ဘာ့အချမ်းသာဆုံး BodyBuilder တစ်ဦးဖြစ်ပြီး ဒေါ်လာ သန်း ၃၀၀ အထိ ကြွယ်ဝပါတယ်။

Featured Photo: attentiontrust