ကမ္ဘာ့ဆွဲဆောင်မှုအရှိဆုံး နာမည်ကြီးဆယ်လီများသည် ဘယ်အချိန်မဆိုကြည့်လိုက်တိုင်း အမြဲတမ်းဖက်ရှင်ကျနေပြီး သူတို့ရဲ့ကိုယ်ပိုင်ဖက်ရှင်စတိုင်လ်ဆိုပြီး သပ်သပ်စီရှိနေကြပါတယ်။ ဘယ်သူ့ဘယ်သူကိုမှ တုပထားခြင်းမရှိတဲ့ သူတို့ရဲ့စတိုင်လ်က ဆယ်လီမဟုတ်တဲ့အမျိုးသားတွေအတွက် မှီငြမ်းကာစံနမူနာယူနိုင်မယ့် အရင်းအမြစ်တစ်ခုပဲဖြစ်ပါတယ်။
သင့်အနေနဲ့ ဘယ်သူက ကမ္ဘာ့ဆွဲဆောင်မှုအရှိဆုံးအမျိုးသားဖြစ်မလဲ ဘယ်သူ့ရဲ့ဖက်ရှင်က အလှဆုံးလဲဆိုတာ သိချင်တယ်ဆိုရင်တော့ ဆက်လက်ကြည့်ရှုလိုက်ရအောင်။
(၁၃) Zac Efron

Zac Efron ကတော့ ဆယ်ကျော်သက်အရွယ်ကနေ အခုဆိုရင် ရင့်ကျက်တည်ငြိမ်တဲ့အသွင်ကို ကူးပြောင်းလာခဲ့ပါပြီ။ သူသည် ကမ္ဘာ့ဆွဲဆောင်မှုအရှိဆုံးတွင် အဆင့် (၁၃) နေရာ၌ ရပ်တည်နေတာဖြစ်ပါတယ်။
(၁၂) Hugh Jackman

သူကတော့ အမျိုးသမီးတွေရဲ့အသည်းနှလုံးကို ယခုထိတိုင် ဆွဲကိုင်လှုပ်နိုင်ဆဲပဲဖြစ်ပါတယ်။
(၁၁) Tom Hardy

ဆွဲဆောင်မှုအရှိဆုံး နံပါတ် (၁၁) နေရာမှာတော့ Dark Knight Rises မင်းသားဖြစ်တဲ့ Tom Hardy က ရရှိသွားတာဖြစ်ပါတယ်။
(၁၀) Pharrell Williams

Pharrell Williams ကတော့ သူ့သီချင်းအတိုင်းပဲ အမြဲတမ်းပြုံးနေတာဖြစ်ပါတယ်။ အပြုံးကလည်း လူတစ်ယောက်အတွက် ဖက်ရှင်တစ်ခုလို မရှိမဖြစ်အရေးကြီးတယ်ဆိုတာ သက်သေပါပဲ။
(၉) Robert Pattinson

Robert Pattinson ကတော့ ပရိတ်သတ်ရှေ့မှာ အမြဲတမ်းခံ့ညားထည်ဝါတဲ့ ဖက်ရှင်နဲ့ ရုပ်လုံးပြလေ့ရှိပါတယ်။
(၈) Jake Gyllenhaal

ရင့်ကျက်တည်ငြိမ်တဲ့ အမျိုးသားတစ်ဦးဖြစ်တဲ့ Jake Gyllenhaal ကတော့ ဆွဲဆောင်မှုအရှိဆုံး နံပါတ် (၈) နေရာမှာ ရပ်တည်နေပါတယ်။
(၇) Bradley Cooper

Bradley Cooper ကတော့ ဆွဲဆောင်မှုအရှိဆုံး အမျိုးသားစာရင်းထဲမှာ နှစ်တိုင်း အဆင့် (၁) ကနေ (၁၀) အတွင်း ချိတ်လေ့ရှိပါတယ်။
(၆) Ryan Reynolds

ဟာသဉာဏ်ရွှင်တဲ့ မင်းသားတစ်လက်ဖြစ်တဲ့ Ryan Reynolds ရဲ့ဖက်ရှင်ကတော့ အမြဲတမ်းသစ်လွင်တောက်ပနေပြီး တစ်ခါတစ်ရံမှာတော့ လူငယ်ဆန်ဆန်ဝတ်စားသွားလာတတ်ပါသေးတယ်။
(၅) Ryan Gosling

ဆွဲဆောင်မှုအရှိဆုံး အဆင့် (၅) နေရာမှာတော့ Ryan Gosling က နေရာယူထားပါတယ်။
(၄) David Beckham

ကလေး (၄) ယောက်အဖေလို့ မထင်ရလောက်အောင် David Beckham က ငယ်ရွယ်နုပျိုနေတာတော့အမှန်ပါပဲ။
(၃) Henry Cavill

Henry Cavill ရဲ့ဖက်ရှင်တွေကတော့ အမြဲတမ်းခေတ်ရှေ့ပြေးက ဖက်ရှင်ကျလှပနေတာကြောင့် သူက အဆင့် (၃) နေရာမှာ ချိတ်တယ်ဆိုတာကတော့ အံ့သြစရာမရှိပါဘူး။
(၂) Idris Elba

Idris Elba ကတော့ သူ့ရဲ့အကြည့်နဲ့ ခံ့ညားတဲ့ဖက်ရှင်တွေကြောင့် လူကြိုက်များပါတယ်။
(၁) Jamie Dornan

အားလုံးရဲ့ အချစ်တော်မင်းသားကြီးဖြစ်တဲ့ Mr Grey ကတော့ ကမ္ဘာ့ဆွဲဆောင်မှုအရှိဆုံး အမျိုးသားတစ်ဦးအဖြစ် မဲပေးခြင်းခံထားရတာဖြစ်ပါတယ်။
သင်ရော အခုဖော်ပြသွားတဲ့ နံပါတ်စဉ်တွေက သင့်ရဲ့ ခန့်မှန်းချက်နဲ့ ကိုက်ညီပါရဲ့လား။
Source: Heart.co.uk
