လူတစ်ယောက် ဉာဏ်ဘယ်လောက်ကောင်းသလဲဆိုတာကို သူ့မှာ IQ ဘယ်လောက်ရှိတယ်ဆိုတာနဲ့ တိုင်းတာပါတယ်။ ဒါပေမယ့် IQ မြင့်တာနဲ့ ဉာဏ်ကောင်းတယ်လို့ မဆိုလိုပါဘူး။ တစ်ချို့ IQ နိမ့်တဲ့လူတွေက တချို့နေရာတွေမှာ တော်ကြပါတယ်။

Stephen Hawking (စတီဖင် ဟော်ကင်း)

Source: Top ten lists of everything

လူအယောက် (၁၀၀၀၀) မှာ (၁) ယောက်သာ သူ့ရဲ့ IQ ရှိပါတယ်။

စတီဖင် ဟော်ကင်း ဟာလှုပ်ရှားနိုင်ခြင်းမရှိပေမယ့် သူ့ရဲ့စိတ်နဲ့ ဦးနှောက်က သာမာန်လူတွေထက် သာလွန်နေပါတယ်။ လူတွေရဲ့ မေးခွန်းတွေကို အချိန်ခဏအတွင်းမှာပဲ ဖြေပေးနိုင်စွမ်းရှိပါတယ်။ သူဟာ Black Hole အကြောင်း ရှာဖွေတွေ့ရှိခဲ့တဲ့သူလည်းဖြစ်ပါတယ်။ အခြား သိပ္ပံပညာရှင်တွေလိုပဲ သူဟာလည်း The Big Bang အကြောင်း အရေးကြီးတဲ့ သီအိုရီတွေ တီထွင်နိုင်ခဲ့ပါတယ်။ ကျွမ်းကျင်သူတွေကတော့ သူရဲ့ IQ ဟာ (၁၆၀) ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။ တစ်ချို့တွေကတော့ သူ့ရဲ့ IQ ဟာ ဒီထက်ပိုမြင့်နိုင်ပြီး (၁၈၀) အထိရှိနိုင်တယ်လို့ ပြောဆိုထားကြပါတယ်။

Albert Einstein (အဲဘတ် အိုင်းစတိုင်း)

Source: Business Insider

လူအယောက် (၇၀၀၀၀၀) မှာ (၁) ယောက်သာ သူ့ရဲ့ IQ ရှိပါတယ်။

အဲဘတ် အိုင်းစတိုင်းဟာ သိပ္ပံပညာရှင်တွေထဲမှာ အကျော်ကြားဆုံးလူဖြစ်တယ်ဆိုတာ အားလုံးလည်းသိကြမှာပါ။ သူ့ရဲ့ အကျော်ကြားဆုံး သီအိုရီကတော့ Theory of Relativity (E=mc2)  ဖြစ်ပါတယ်။ ကျောင်းသားတွေတော်တော်များများ သူ့ရဲ့ သီအိုရီနဲ့ ရင်းနှီးကြပါတယ်။ သူဟာ အမေရိကန်သမ္မတကို nuclear bomb တည်ဆောက်ဖို့အတွက် စာရေးပြီးအကြံပေးခဲ့သူပါ။ နောက်ပိုင်းမှာတော့ သူ့ရဲ့လုပ်ရပ်အတွက် နောင်တရခဲ့ပါတယ်။ သူ့ရဲ့ IQ ကတော့ (၁၆၀) နဲ့ (၁၉၀) ကြားရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။

Bobby Fischer (ဘော်ဘီ ဖစ်ရှာ)

Source: CricMASH

လူအယောက် (၃၅၀၀၀၀၀) မှာ (၁) ယောက်သာ သူ့ရဲ့ IQ ရှိပါတယ်။

ဘော်ဘီ ဖစ်ရှာဟာ သမိုင်းတလျှောက် အကျော်ကြားဆုံး ချက်စ် ကစားသမားတစ်ဦးဖြစ်ပါတယ်။ စစ်အေးကာလတုန်းက ဆိုဗီယက်နဲ့အမေရိကန်နိုင်ငံတို့ဟာ ချက်စ်ပြိုင်ပွဲကျင်းပခဲ့ပါတယ်။ ဆိုဗီယက်ဘက်က အကောင်းဆုံး ကစားသမားဖြစ်တဲ့ Boris Spassky နဲ့ အမေရိကန်ဘက်က ဘော်ဘီဖစ်ရှာ တို့ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ကစားပွဲက ရိုးရိုးရှင်းရှင်းပါပဲ။ ဒီယှဉ်ပြိုင်မှုဟာ နှစ်နိုင်ငံရဲ့ ဂုဏ်သိက္ခာ နဲ့ဆိုင်ပါတယ်။ ဘော်ဘီ နိုင်ခဲ့ပါတယ်။ သူ့ရဲ့ IQ က (၁၈၀) ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။

Galileo Galilei (ဂါလီလီအို ဂါလီလိုင်)

Source: New Scientist

လူအယောက် (၁၈၀၀၀၀၀၀) မှာ (၁) ယောက်သာ သူ့ရဲ့ IQ ရှိပါတယ်။

ဂါလီလီအို ဟာ IQ စစ်ဆေးတဲ့ ကာလအထိ အသက်ရှင်နေထိုင်ခဲ့ခြင်း မရှိပါဘူး။ ဒါဆိုရင် သူ့ရဲ့ ဉာဏ်ရည်မြင့်မားမှုကို ဘာနဲ့တိုင်းတာခဲ့တာလဲ။ ပထမဆုံးကတော့ သူလမ်းစပြီးလျှောက်တဲ့ အသက်ရွယ်ပါပဲ။ စကားပြောတာ၊ ဂဏန်းတွေရေတွတ်တာ၊ စဖတ်တာ စသဖြင့် အမျိုးမျိုးသော အလုပ်တာဝန်တွေနဲ့ စမ်းသပ်ခဲ့ပါတယ်။ ဂါလီလီအို ကိုခေတ်သစ် နက္ခတ္တဗေဒ ပညာရပ်ရဲ့ ဆရာတစ်ဆူးအဖြစ် သက်မှတ်ထားကြပါတယ်။ သူဟာ အနုကြည့်မှန်ပြောင်း (Telescope) ကိုပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် သူတီထွင်ခဲ့တာတော့ မဟုတ်ပါဘူး။ သူပြုလုပ်ခဲ့တဲ့ အနုကြည့်မှန်ပြောင်းဟာ အဆပေါင်း (၃၀) ခန့် ချဲ့ကြည့်နိုင်ပြီး ရှာဖွေမှုတွေ အများကြီးပြုလုပ်နိုင်ခဲ့ကြပါတယ်။ ကမ္ဘာကြီးက နေကိုလှည့်ပတ်နေတယ်ဆိုတဲ့ တွေ့ရှိချက်ကြောင့် ဘာသာရေးအစွန်းရောက်သူတွေရဲ့ အသက်ခံရမယ့် ဘေးနဲ့လည်း ရင်ဆိုင်ခဲ့ရဖူးပါတယ်။ သူ့ရဲ့ IQ က (၁၈၅) ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။

Nikola Tesla (နီကိုလာ တဲစ်လာ)

Source: History

နီကိုလာ တဲစ်လာရဲ့ IQ ဟာ (235) ခန့်ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။ တစ်ခါတုန်းက အိုင်စတိုင်းကို “ကမ္ဘာပေါ်မှာ ဉာဏ်အကောင်းဆုံးလူဖြစ်ရတာ ဘယ်လိုခံစားရပါသလဲ” လို့လူတစ်ယောက်က မေးခဲ့ဖူးပါတယ်။ အိုင်းတိုင်းက “မသိဘူးလေ။ နီကိုလာ တဲစ်လာကို မေးကြည့်လိုက်ပေါ့” ဆိုပြီး ဖြေခဲ့ဖူးပါတယ်။ ဒါကမှန်ချင်မှလည်း မှန်ပါလိမ့်မယ်။ တဲစ်လာဟာ အချိန်ထက်ကို ပိုပြီးရှေ့ပြေးနေတဲ့လူတစ်ယောက်လို့ ပြောလို့ရပါတယ်။ သူ့ရဲ့ Ideas တစ်ချို့က ယနေ့ထက်ထိ ထူးဆန်းနေဆဲပါ။ သူဟာ ရေအားနဲ့အသုံးပြုတဲ့ လျှပ်စစ်ကို ပထမဆုံး တီထွင်ခဲ့သူဖြစ်ပြီး သူ့ရဲ့ကျေးဇူးကြောင့်ပဲ ယနေ့ ဆေးပညာရပ်မှာ အရေးပါတဲ့ X-Rays စက်ကို ဆေးဖက်ဆိုင်ရာနယ်ပယ်မှာ အသုံးပြုလာနိုင်ခဲ့တာပါ။ ပြီးတော့ သူဟာ ကြိုးမဲ့ လျှပ်စီးကြောင်းကိုလည်း တီထွင်ဖို့ ကြိုးစားခဲ့ဖူးပါသေးတယ်။

Carl Gauss

Source: Quartz

သမိုင်းတလျှောက် အကြီးကျယ်ဆုံး သင်္ချာ ပညာရှင်တစ်ယောက်လို့ ဆိုရပါမယ်။ သူ့အသက် (၃) နှစ်အရွယ်မှာ သူ့အဖေကို “အဖေရဲ့ ငွေစာရင်း မှားနေတယ်လို့ ပြောခဲ့တယ်။”  တကယ်လည်း Carl Gauss မှန်ခဲ့ပါတယ်။ သူ့အဖေရဲ့ ရှုပ်ထွေးလှတဲ့ ငွေစာရင်းမှာ အမှားရှိခဲ့ပါတယ်။ သူဟာ စာဖတ်တက်အောင် သူဘာသာသူ သင်ယူခဲ့တယ်။ ပြီးတော့ ဂဏန်းနဲ့ ပက်သတ်ပြီး သီအိုရီတွေ အများကြီး ထုတ်ခဲ့ပါတယ်။ သင်္ချာဘာသာရပ်နဲ့ ပက်သတ်ပြီးလည်း ပုစ္ဆာတွေတော်တော်များများ ဖြေရှင်းခဲ့ပေးဖူးပါတယ်။ နှစ်ပေါင်း (၂၀၀၀) ကျော် ပညာရှင်တွေ မဖြေရှင်းနိုင်ခဲ့တဲ့ သင်္ချာ ပုစ္ဆာကို လအနည်းငယ်အတွင်းမှာပဲ Carl Gauss ကအဖြေရှာနိုင်ခဲ့တယ်။ သူ့ရဲ့ IQ ကို (၂၅၀) နဲ့ (၃၀၀) ကြားရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။