တက်တူးယဉ်ကျေးမှုဟာ အဆိုတော် အားကစားကနေ ရပ်ကွက်ထဲက လူငယ်တွေအထိ တွယ်ကပ်နေတဲ့ ဝိညာဉ်တစ်မျိုး ဖြစ်လာပါပြီ။ တက်တူးတွေဟာ ကိုယ်ချစ်ရသူအတွက် အမှတ်တရပိုစတာတစ်ချပ်လို ၊ လူတစ်ယောက်ရဲ့ အရေးပါတဲ့ နေ့တစ်ရက်ကို ရည်ညွှန်းချက်လို ၊ ကိုယ်ကိုယ်တိုင် ပြန်ကြားသင့်တဲ့ စကားစုတစ်ခုလို ဒါမှမဟုတ်လည်း ကိုယ့်ဖြစ်တည်မှုအတွက် သင်္ကေတစာမျက်နှာတစ်ရွက်လို အဓိပ္ပါယ်ရှိတဲ့အရာတွေထဲက တစ်ခုပါပဲ။

ဒီလို အဓိပ္ပါယ်ပေါင်းများစွာ ကူးစက်နေတဲ့ တက်တူးတွေထဲမှာမှ တချို့တက်တူးတွေက ရူးသွပ်မှု ၊ တချို့က ထူးခြားကွဲလွဲမှု ၊ တချို့က ဆန်းသစ်မှု ၊ တချို့က ပုဂ္ဂလိကဆန်မှု စတဲ့ ရသတွေကို ပေးနေတတ်ပါတယ်။ ဒီလို တက်တူးတွေထဲကမှ ယောကျာ်းတစ်ယောက်ကို ပိုပြီး ဆွဲငင်အားမြင့်မားစေတဲ့ တက်တူးဒီဇိုင်းတွေလို့ ပြောလိုက်ရင် အခုပြောမယ့် တက်တူးဒီဇိုင်းတွေ ပါလေ့ရှိပါတယ်။

(၁) လက်မောင်းပြည့်တက်တူး

full arms tattoo

Photo: tattooton

လက်မောင်းတစ်လျှောက် နေရာပြည့်ယူထားတဲ့ တက်တူးတွေက ဒီဇိုင်းအနေနဲ့ ထင်သာမြင်သာရှိသလို မျက်စိကို လက်နဲ့ ဆွဲလှည့်သလို ဆွဲဆောင်မှုအပြည့်ပါရှိတဲ့ တတူးတွေ ဖြစ်ပါတယ်။ ဒီတက်တူးမျိုးက ယောကျာ်းလေးတိုင်းနဲ့ လိုက်ဖက်တာတော့လည်း မဟုတ်ပါဘူး။ လက်မောင်းအိုးလှပြီး ကြွက်သားအားကောင်းတဲ့ ဘော်ဒီပိုင်ရှင်တွေနဲ့ကတော့ ပြောစရာမလိုအောင် လိုက်ဖက်တဲ့ တက်တူးဖြစ်ပါတယ်။ နောက်တစ်ချက်က အသားလတ်မှလည်း ပိုလို့ ဆွဲ‌ဆောင်မှုရှိတာ ဖြစ်ပါတယ်။

(၂) လက်မောင်းအိုးအောက် တက်တူး

Under the triceps’ muscle

Photo: tattooton

ဒီတက်တူးမျိုးက တီရှပ်လက်တိုဝတ်မှ သိသာမယ့်အရာ ဖြစ်ပေမယ့် အများမမြင်စေချင်ရင် ဝှက်ထားလို့ ရတာကြောင့် Safe ဖြစ်တယ်လို့လည်း ဆိုနိုင်ပါတယ်။ လက်မောင်းအိုးအတွင်းဘက်မှာ စာတန်းပါတဲ့ တက်တူးထိုးတာက စိတ်ကူးကောင်းတယ်လို့ ပြောနိုင်ပါတယ်။ ကိုယ့်အတွက် အဓိပ္ပါယ်ရှိတဲ့အရာကို Private ထားရာရောက်သလို မြင်သာစေချင်ရင်လည်း လက်တိုဝတ်ပြီး ကြွားလို့ ရတဲ့ အားသာချက်ရှိပါတယ်။

(၃) ရင်ဘတ်ပြည့် တက်တူး

Full Chest tattoo

Photo: tattooton

ဒီလို တက်တူးမျိုးကတော့ ရင်ဘတ်တစ်ပြင်လုံး အနှံ့ထိုးထားတဲ့ တက်တူးမျိုး ဖြစ်ပြီး ယောကျာ်းပီသမှုနဲ့ ၊ ဆန်းပြားမှုကို ပြသနေတာပါ။ ရင်ဘတ်အပြည့် တက်တူးထိုးမယ်ဆိုရင် ဆေးနဲ့ ဒီဇိုင်းကို သေချာစဉ်းစားစိစစ်ဖို့ လိုပါတယ်။ ဒီဇိုင်း ၊ ဆေးသားနဲ့ လက်ရာ ကောင်းရင် ကောင်းသလောက် ခန့်ညားပြီး ဆွဲဆောင်မှု မြင့်နေမှာ အမှန်ပါပဲ။

(၄) ဆက်ဆီတက်တူး

Sleek and sexy tattoo

Photo: tattooton

Sleek Tattoos တွေလို့ ခေါ်လေ့ရှိပါတယ်။ ဒီတက်တူးအမျိုးအစားက Sexy အကျဆုံး တက်တူးထဲမှာ ပါရှိပါတယ်။ တံတောင်ဆစ်နားဖြစ်ဖြစ် ကိုယ့် Mood အကောင်းဆုံးလို့ ထင်ရတဲ့ နေရာမှာ ဖြစ်ဖြစ် အက္ခရာ ဒါမှမဟုတ် နာမည်တစ်ခုကို တစ်ကြောင်းတည်း သပ်သပ်ရပ်ရပ်လေး ရေးထိုးထားတာမျိုး ဖြစ်ပါတယ်။

(၅) ကျောတစ်ဝက်ပြည့် တက်တူး

Half full back tattoo

Photo: tattooton

ကျောတစ်ဝက်အပြည့် Half Full Back တက်တူးတွေက အမြင်ဆန်းပါတယ်။ ကျောတစ်ခြမ်းမှာ တက်တူးတွေ အပြည့်ရှိပြီး တစ်ဝက်က နဂို Skin နဲ့ နေထိုင်တာမျိုးပါ။ လုံးဝ အဟော့ ၊ Sexy ကျတဲ့ တက်တူးထဲမှာ ပါပါတယ်။ ကိုယ့်စိတ်က ကျောဘက်ကို ရောက်သွားတဲ့အခါတိုင်း ယုံကြည်မှုနဲ့ မာန်တင်းမိစေမယ့် တက်တူးမျိုးလည်း ဖြစ်ပါတယ်။

Featured Photo: thevandallist