ဝန်ထမ်းတွေရဲ့ အိပ်မက်က အထက်လူကြီးကောင်းတွေရဲ့ လက်အောက်မှာ အလုပ်လုပ်ဖို့ပါပဲ။ လုပ်ငန်းခွင်အမျိုးမျိုး အထက်လူကြီးအမျိုးမျိုးရှိကြတယ်။ တစ်ချို့အထက်လူကြီးတွေက ဝန်ထမ်းတွေရဲ့အလုပ်ကြိုးစားမှုကို သူတို့လုပ်ထားသလိုမျိုး သူဌေးကို တင်ပြတက်ကြတယ်။ တစ်ချို့ အထက်လူကြီးတွေကျတော့ သူတို့လိုချင်တဲ့ အခြေအနေရောက်ပြီဆိုရင် ဝန်ထမ်းတွေကို နေ့လည်စာဝယ်ကျွေးတာမျိုးလုပ်ကြတယ်။ အမျိုးမျိုး တွေ့ကြုံရတက်ပါတယ်။ ဒီနေ့တော့ အထက်လူကြီးကောင်းတွေမှာ တွေ့ရလေ့ရှိတဲ့ အမူအကျင့်တွေအကြောင်း ပြောပြပေးသွားမှာပါ။
ရိုးသားမှု

Source: inc. Magazine
ရိုးသားမှုမရှိရင် ယုံကြည်မှုလည်း ရှိမှာမဟုတ်ဘူး။ ယုံကြည်မှုမရှိဘူးဆိုရင် အလုပ်လုပ်လို့မရတော့ဘူး။ ရိုးသားမှုဟာ အခက်အခဲတွေကို ဖြေရှင်းနိုင်အောင် ဝန်ထမ်းတွေကို ပြတ်သားတဲ့ လမ်းညွှန်မှုတွေပေးနိုင်အောင် ကူညီပေးပြီး လုပ်ငန်းခွင်အတွင်းမှာ ဝန်ထမ်းတွေရဲ့ ယုံကြည်မှုကို ရရှိအောင်စွမ်းဆောင်ပေးနိုင်ပါတယ်။
လှုံ့ဆော်နိုင်စွမ်းရှိရမယ်

Source: TJinsite – TimesJobs
အထက်လူကြီးတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့လက်အောက်က ဝန်ထမ်းတွေကို အလုပ်လုပ်ချင်စိတ်ပိုပြီး ရှိလာအောင် လှုံဆော်နိုင်စွမ်းရှိသင့်ပါတယ်။ ဒါမှသာ လုပ်ငန်းလည်ပတ်နိုင်မှာပါ။ ဒီလိုလုပ်နိုင်ဖို့အတွက် ဝန်ထမ်းတစ်ယောက်ချင်းစီရဲ့ စကားသံတွေကို နားထောင်ဖို့ လိုအပ်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် လုပ်ငန်းရဲ့လိုအပ်ချက် ဝန်ထမ်းတွေရဲ့ လိုအပ်ချက်တွေကို သိရှိနားလည်နိုင်မှာဖြစ်ပြီး ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်။
ယုံကြည်မှု

Source: Career Addict
ဝန်ထမ်းတွေအနေနဲ့ သူတို့ရဲ့ အထက်လူကြီးကို ယုံကြည်မှုရှိနေဖို့ လိုအပ်ပါတယ်။ အထက်လူကြီးအနေနဲ့လည်း သူရဲ့လက်အောက်ငယ်သားတွေ အပေါ် ယုံကြည်မှုရှိရပါမယ်။ ဒီလိုအပြန်အလှည် ယုံကြည်မှုတည်ဆောက်နိုင်မှ လုပ်ငန်းတစ်ခုကောင်းမွန်စွာ လည်ပတ်နိုင်မှာပါ။
ကြိုးစားမှုကိုအသိအမှတ်ပြုပါ

Source: Reader’s Digest
ဝန်ထမ်းတွေကို ချီးကျူးအသိအမှတ်ပြုဖို့ကလည်း အရေးကြီးပါတယ်။ ဝန်ထမ်းတစ်ယောက်အနေနဲ့ ကိုယ့်အထက်လူကြီးရဲ့ ချီးကျူးမှုခံရတယ်ဆိုတာ အင်မတန်ဂုဏ်ယူဖို့ကောင်းတဲ့ ကိစ္စတစ်ခုပါ။ ဝန်ထမ်းရဲ့ ဆောင်ရွက်ချက်ထဲမှာ ကိုယ်ကြိုက်တဲ့အချက်တွေကို ချီးကျူးတတ်မယ်ဆိုရင် ပိုပိုပြီးကောင်းလာအောင် ဝန်ထမ်းကဆောင်ရွက်မှာ ဖြစ်ပါတယ်။ ချီးကျူးမှုကို ဆာလောင်တဲ့လူသားတွေဖြစ်လို့ ဖြစ်နိုင်မယ်ဆိုရင်တော့ ကြိုးစားမှုကိုအသိအမှတ်ပြုပေးပါ။
