ကမ္ဘာ့ရုပ်ရှင်လောကထဲမှာမှ ဧရာမအကြီးမားဆုံး အနုပညာနယ်ပယ်တစ်ခုက ဟောလီးဝုဒ်ပါ။ ဟောလီးဝုဒ်ဆိုတာ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်ထဲက ခရိုင်တစ်ခုဖြစ်ပြီး ကမ္ဘာ့အကြီးမားဆုံး ရုပ်ရှင်နဲ့ ဖျော်ဖြေရေးဇုံတစ်ခုဆိုလည်း မမှားပါဘူး။ ၂၀ ရာစုနှစ် အစောပိုင်းက စလို့ ဟောလီးဝုဒ်ဆိုတာ ကမ္ဘာကျော်ရုပ်ရှင်ထုတ်လုပ်ရေးတစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရတာပါ။
ဟောလီးဝုဒ်ရုပ်ရှင်တွေထဲမှာ အနုပညာအရရော ရုံဝင်ကြေး Box-Office ဝင်ငွေအရပါ အကြီးအကျယ် အောင်မြင်တဲ့ ရုပ်ရှင်တွေ အများကြီး ရှိပါတယ်။ ဒီထဲက ဟောလီးဝုဒ်ရုပ်ရှင်တွေထဲက ဝင်ငွေအမြင့်ဆုံး ရုပ်ရှင်ကားတချို့အကြောင်း မျှဝေပေးချင်ပါတယ်။
(၅) Avengers: Infinity War

Photo: top10about
Marvel Comics စူပါဟီးရိုးဇာတ်လမ်းတွေထဲက The Avenger ကို ရုပ်ရှင်အဖြစ် ပြန်အသက်သွင်းထားတဲ့ Avengers : Infinity War ကို ၂၀၁၈ ခုနှစ် ဧပြီလထဲမှာ ရုံတင်ခဲ့ပါတယ်။ ဒီရုပ်ရှင်အတွက် သုံးတဲ့ စရိတ်က ဒေါ်လာ ၃၁၆ သန်းပါ။ နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင်တွေ ဖြစ်တဲ့ ရောဘတ်ဒေါင်းနင်းဂျူနီယာ ၊ ခရစ္စ ဟမ်းစ်ဝေါ့သ် ၊ ခရစ္စအီဗန် ၊ တွမ်ဟော်လန်နဲ့ စကားလက် ဂျိုဟန်ဆန်တို့ သရုပ်ဆောင်ထားပြီး ကမ္ဘာတလွှားမှာ ဝင်ငွေ ဒေါ်လာ ၂.၀၄၈ ဘီလျံအထိ ဝင်ခဲ့ပါတယ်။ ရုပ်ရှင်သမိုင်းရဲ့ ပဉ္စမမြောက် ဝင်ငွေအမြင့်ဆုံး ရုပ်ရှင်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
(၄) Star Wars: The Force Awakens

Photo: top10about
ဒီရုပ်ရှင်က Star Wars: Episode VII လိုပဲ နာမည်ကြီးတဲ့ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်ကား ဖြစ်ပြီး ဒါရိုက်တာ ဂျေဂျေ အေဘရမ်းစ်က ဇာတ် ညွှန်းရေး ရိုက်ကူးထားတာပါ။ ဒီရုပ်ရှင်ထဲက ဇာတ်လမ်းသွား ၊ ဇာတ်ကောင် ၊ ဇာတ်ကွက် ၊ သရုပ်ဆောင်ချက်တွေနဲ့ ဒိုင်ယာလော့ဂ်တွေကို ပရိသတ်နဲ့ ရုပ်ရှင်ဝေဖန်သူတွေက ချီးကျူးခဲ့ကြပါတယ်။ ဝင်ငွေအနေနဲ့လည်း ဒီရုပ်ရှင်ဟာ စုစုပေါင်း ဒေါ်လာ ၂.၀၆၈ ဘီလျံအထိ ဝင်ငွေရခဲ့ပြီး ဟောလီးဝုဒ်ရုပ်ရှင်တွေထဲမှာ စတုတ္ထမြောက် ဝင်ငွေအများဆုံးရုပ်ရှင်ဖြစ်ခဲ့ပါတယ်။
(၃) Titanic

Photo: top10about
အမေရိကန်ရဲ့ ဂန္ဓဝင်လွမ်းခန်းချစ်ခန်း ရုပ်ရှင်ကားတစ်ကားက ၁၉၉၇ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ Titanic ဖြစ်ပါတယ်။ နာမည်ကြီး ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန်းနဲ့ ရိုက်ထားပြီး မင်းသားချော လီယိုနာဒို ဒီကာပရီယိုနဲ့ ကိတ်ဝင်းစလတ်တို့က အဓိကဇာတ်ဆောင်နေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီရုပ်ရှင်ကြောင့်ပဲ လီယိုနာဒိုနဲ့ ကိတ်ဝင်းစလတ်တို့ ကမ္ဘာသိသရုပ်ဆောင်အဖြစ်ကို ရောက်လာခဲ့တာပါ။ ကမ္ဘာကျော်တိုက်တန်းနစ်သင်္ဘောနစ်မြှပ်မှုကို အကြောင်းပြုပြီး ပေါ်ပေါက်လာတဲ့ အထက်တန်းလွှာက ရို့စ်နဲ့ ပန်းချီကျွမ်းကျင်တဲ့ လူငယ်လေး ဂျက်ခ်တို့ရဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဒီရုပ်ရှင်က ကမ္ဘာတလွှားမှာ ဒေါ်လာ ၂.၁၉၄ ဘီလျံ ဝင်ငွေရခဲ့သလို အကောင်းဆုံးရုပ်ရှင်တွေထဲက တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။
(၂) Avatar
![]()
Photo: top10about
ကမ္ဘာကျော် ရုပ်ရှင်ဒါရိုက်တာကြီး ဂျိမ်းစ်ကင်မရွန်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင်ကားတွေထဲမှာ ၂၀၀၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ Avatar လည်း ပါဝင်ပါတယ်။ ဒီရုပ်ရှင်က Pandora လို့ နာမည်ပေးထားတဲ့ သိပ္ပံစိတ်ကူးယဉ်လွန် ကမ္ဘာသစ်ပေါ် နယ်ချဲ့မှုအကြောင်းပါ။ Avatar ဟာ ဒေါ်လာ ၂၃၇ သန်း သုံးပြီး ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဖြစ်ပြီး ဝင်ငွေအားဖြင့် ဒေါ်လာ ၂.၇၉ ဘီလျံအထိ ဝင်ခဲ့ပါတယ်။
(၁) Avengers: Endgame

Photo: top10about
Avenger ရုပ်ရှင်စီးရီးတွေဟာ ငွေကြေးအရ အအောင်မြင်ဆုံး ဟောလီးဝုဒ်ရုပ်ရှင်တန်းမှာ ဖော်ပြခံရတဲ့ ရုပ်ရှင်တွေပါ။ Endgame ဆိုရင် စုစုပေါင်း ဒေါ်လာ ၂.၇၉၈ ဘီလျံအထိ ဝင်ပြီး ဟောလီးဝုဒ်ရုပ်ရှင်သမိုင်းရဲ့ ဝင်ငွေအကြမ်းဆုံးရုပ်ရှင်ဖြစ်ခဲ့ပါတယ်။ Endgame ဟာ Thanos နဲ့ စူပါဟီးရီး ၁၆ ဦးတို့ရဲ့ တိုက်ပွဲကို မြင်ရမှာပါ။ ရုပ်ရှင်ရိုက်ကူးမှု ၊ သရုပ်ဆောင်ခြင်း ၊ နောက်ခံတေးဂီတနဲ့ အထူးပြုလုပ်ချက်တွေကလည်း စိတ်တိုင်းကျစရာဖြစ်ခဲ့သလို ပရိသတ်တွေ နှစ်ခြိုက်ခဲ့ကြတဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ်။
Featured Photo: top10about
