စပါးအသင်းဟာ လိုင်ယွန်ကစားသမား Tanguy Ndombele ကို ပေါင် ၆၅ သန်းနဲ့ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပါပြီ။ ဒီပြောင်းရွှေ့ကြေးက အသင်းရဲ့ ကစားသမားခေါ်ယူမှု သမိုင်းတလျှောက် အမြင့်ဆုံး ပြောင်းရွှေ့ကြေး စံချိန်တင်ခဲ့တာပါ။

ပြင်သစ်နဲ့လိုင်ယွန် အသင်းတို့ရဲ့ ကွင်းလယ်ကစားသမားတဦးဖြစ်တဲ့ Tanguy Ndombele ဟာ လာမဲ့ရက်အနည်းငယ်အတွင်းမှာ စပါးအသင်းဆီ ပြောင်းရွှေ့ဖို့အတွက် ဆေးစစ်မှုခံယူတော့မှာပါ။ စပါးအသင်းက အဆိုပါကစားသမားကို ၅ နှစ်သက်တမ်းရှိ စာချုပ် ချုပ်ဆိုဖွယ်ရှိနေပါတယ်။ အဆိုပါကစားသမားဟာ အသက် ၂၂ နှစ်သာရှိသေးပြီး စပါးအသင်းက ရေရှည်အတွက် ခေါ်ယူခဲ့ခြင်းဖြစ်ပါတယ်။

Source: Daily Star

“စပါးအသင်းက ကလပ်အသင်းကြီးတစ်သင်းပါ။ ပြီးခဲ့တဲ့ ရာသီက အမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ လာမဲ့ရာသီမှာ ချန်ပီယံလိဂ်လည်း ကစားရမဲ့အသင်းပါ။ ဘယ်လိုကစားသမားမျိုး စပါးလို အသင်းမှာ မကစားချင်မှာလဲ” လို့ Tanguy Ndombele ကပြောခဲ့ပါတယ်။ Ndombele ကို အခြားနာမည်ကြီး ဥရောပ ကလပ်တွေဖြစ်တဲ့ မန်ယူ၊ ဂျူဗီတပ်နဲ့ PSG အသင်းတို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့တာပါ။

Source: Bein Sports

Ndombele ကို ပြင်သစ်နိုင်ငံ မှာမွေးဖွားခဲ့ပြီးတော့ သူ့ရဲ့လူငယ်ကစားသမားဘဝကို ၂၀၀၂-၂၀၀၅ FC Épinay Sous Sénart ၊ ၂၀၀၅-၂၀၀၉ FC D’Épinay Athletico ၊ ၂၀၀၉-၂၀၁၁ E.S.A. Linas-Montlhéry နဲ့ ၂၀၁၁-၁၀၁၄ Guingamp စတဲ့ အသင်းတွေမှာ ကစားခဲ့ပါတယ်။

ပရော်ဖက်ရှင်နယ်ကစားသမားဘဝကိုတော့ ၂၀၁၄-၁၀၁၆ Amiens B နဲ့ ၂၀၁၆-၁၀၁၈ Amiens အသင်းတွေမှာ ကစားခဲ့ပြီး ၂၀၁၈ ခုနှစ်အရောက်မှာ လိုင်ယွန်အသင်းဆီကို အငှားနဲ့ ပြောင်းရွှေ့ကစားခဲ့ပါတယ်။ လိုင်ယွန်အသင်းက Ndombele ရဲ့ခြေစွမ်းကို သဘောကျခဲ့တာကြောင့် အငှား စာချုပ်ကုန်သွားတဲ့အချိန်မှာ အပြီးဝယ်ယူခဲ့ပါတယ်။ လိုင်ယွန်အသင်းအတွက် ၉၈ ပွဲကစားပေးထားပြီး ၄ ဂိုးသွင်းယူပေးထားပါတယ်။

Source: Talk Sport

Tanguy Ndombele စပါးအသင်းမှာ ဘယ်လိုခြေစွမ်းတွေပြမလဲဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။