ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြန်လည်မကစားမီ ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးခဲ့ရာတွင် စပါးအသင်းမှ တစ်ဦး Positive ရလဒ်ထွက်ပေါ် ခဲ့ကြောင်း သိရသည်။

ပရီးမီးယားလိဂ်မှ ကစားသမား၊ နည်းပြနှင့် ဝန်ထမ်းစုစု ပေါင်း (၁,၁၉၇)ဦးကို စစ်ဆေးခဲ့ခြင်းဖြစ်ပြီး စစ်ဆေးခံရသူများထဲမှ တစ်ဦးမှာ ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသည်ဟု ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ကြေညာချက်ထုတ်ပြန် ခဲ့ပါတယ်။

Source: Goal

ပရီးမီးယားလိဂ်တာဝန်ရှိသူတွေကတော့ ကူးစက်ခံရသူဟာ မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်ပြေားကြားဖို့ ငြင်းဆန်ခဲ့ကြောင်းသိရပါတယ်။ စပါးတာဝန်ရှိသူတွေကလည်း ကူးစက်ခံရသူရဲ့ သတင်းအချက်အလက်တွေကို ထုတ်ဖော်မပြောကြားဖို့ အသင်းသားတွေကို မှာကြားထားကြောင်းသိရပါတယ်။

ပရီးမီးယားလိဂ်ပြိုင်ပွဲတွေကို ဇွန်လ(၁၇) ရက်နေ့မှာ ပြန်လည်စတင်ရန် စီစဉ်ထားပါတယ်။ ဗိုင်းရပ်စ်စစ်ဆေးမှုကိုလည်း (၅) ကြိမ်တိတိ ပြုလုပ်ခဲ့ပြီးဖြစ်ကာ Positive ရလဒ်ထွက်ပေါ်သူ (၁၃) ဦးအထိရှိခဲ့ပြီဖြစ်ပါတယ်။

Source: Liga Live

ပရီးမီးယားလိဂ်တွင် ကစားသမား၊ နည်းပြနှင့် ဝန်ထမ်းများကို တစ်ပတ်လျှင် နှစ်ကြိမ် ဗိုင်းရပ်စစ်ဆေးမူ ပြုလုပ်နေရပါတယ်။ ယခု နောက်ဆုံးထုတ်ပြန်ထားသည့် စစ်ဆေးချက်မှာ ဇွန် လ (၁၊ ၂) ရက်များတွင် ပြုလုပ်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ကစားသမားတစ်ဦးဦး ပိုးတွေ့ရှိ လျှင် (၇) ရက်ကြာ သီးသန့်နေထိုင်ရမည် ဖြစ်ပြီး (၈) ရက်မြောက်နေ့တွင် တစ်ဦးချင်းလေ့ကျင့်ခန်းများ ပြုလုပ်ခွင့်ပေးထားပါတယ်။

Source: Yahoo Sports

ပရီးမီးယားလိဂ်တွင် ပွဲစဉ် (၉) ခုယှဉ်ပြိုင်ရန် ကျန်ရှိနေသေးပြီး လီဗာပူးအသင်းဟာ ဒုတိယနေရာမှ မန်စီးတီးကို (၂၅) မှတ်ဖြတ်ပြီး အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။