တော့တင်ဟမ်ဟော့စပါးအသင်းဟာ အစားထိုးခန့်အပ်မယ့် နည်းပြသစ်ကို ရွေးချယ်ထားပြီးဖြစ်တာကြောင့် နည်းပြ မော်ရင်ဟိုအနေနဲ့ ၎င်းရဲ့နည်းပြရာထူးကို ဆက်လက်ကာကွယ်ဖို့အတွက် အချိန်မရှိတော့ဘူးလို့ သိရပါတယ်။

Photo: Flipboard

တော့တင်ဟမ်ဟော့စပါးအသင်းဟာ နောက်ဆုံးပရီးမီးယားလိဂ်ပွဲစဉ်မှာ ၁ ပွဲသာ အနိုင်ရရှိခဲ့ပြီး ကျန် ၅ ပွဲစလုံးကို ရှုံးနိမ့်ခဲ့ပြီးနောက် တစ်လအတွင်းမှာပဲ အမှတ်ပေးဇယားထိပ်ပိုင်းကနေ အဆင့် ၉ နေရာအထိ ကျဆင်းသွားခဲ့တာဖြစ်ပါတယ်။ တော့တင်ဟမ်ဟော့စပါးအသင်းဟာ နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ ဝက်စ်ဟမ်းယူနိုက်တက်နဲ့ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့ပြီးနောက် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ၉ မှတ်အကွာမှာ ရပ်တည်နေရပြီး အက်ဖ်အေဖလားပြိုင်ပွဲမှာလည်း အဲဗာတန်ကို ရှုံးနိမ့်ပြီး ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

The Telegraph ရဲ့ ဖော်ပြချက်အရ မော်ရင်ဟိုဟာ လက်ရှိမှာ ဝုဗ်ဘာဂါနဲ့ ကစားရမယ့် ယူရိုပါလိဂ်ပွဲစဉ်၊ ဘန်လေ၊ ဖူလ်ဟမ်၊ ခရစ္စတယ်ပဲလေ့စ်တို့နဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ် စတဲ့ ပွဲစဉ်တွေကို ၁၂ ရက်အတွင်း ကစားပြီးနောက် အဆုံးအဖြတ်ပေးခြင်းခံရမယ့် အရေးနဲ့ ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ အဲဒီပွဲစဉ် ၄ ပွဲထဲက ၁ ပွဲလောက်ရှုံးနိမ့်သွားတာနဲ့ မော်ရင်ဟိုရဲ့ တော့တင်ဟမ်ဟော့စပါးနည်းပြဘဝဟာ အဆုံးသတ်သွားနိုင်ပြီး အသင်းဥက္ကဌ လီဗိုင်းဆီကနေ အခုအချိန်အထိ အားပေးထောက်ခံမှုဆက်လက်ရရှိနေသေးပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ အနည်းဆုံး ၉ မှတ်လောက်ပဲ ကွာဟဖို့ မျှော်မှန်းချက်ရှိနေတာဖြစ်ပါတယ်။

Photo: The Sun

တော့တင်ဟမ်ဟော့စပါးအသင်းဟာ လိုက်ပ်ဇစ်အသင်းနည်းပြ ဂျူလီယန် နေဂယ်စ်မန်းကို မော်ရင်ဟိုရဲ့နေရာမှာ အစားထိုးခန့်အပ်နိုင်ခြေရှိတဲ့ နည်းပြသစ်အဖြစ် သတ်မှတ်ထားပြီးဖြစ်တယ်လို့ သိရပြီး မော်ရင်ဟိုရဲ့အနာဂတ်ဟာ လျင်လျင်မြန်မြန်ပဲ ပြောင်းလဲသွားနိုင်တဲ့အခြေအနေမှာရှိနေတာဖြစ်ပါတယ်။