စနေနေ့ညရဲ့ ပရီးမီးယားလိဂ်အစောဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ စပါးအသင်းနဲ့ ဝက်စ်ဟမ်းအသင်းတို့ရဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာတော့ စပါးအသင်းအနေနဲ့ ဝက်စ်ဟမ်းအသင်းကို (၁-ဝ) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။ ဝက်စ်ဟမ်းအသင်းကတော့ အဝေးကွင်းမှာသွားရောက်ယှဉ်ပြိုင်ခဲ့ရပေမယ့် ပွဲစဉ်စတင်ချိန်ကစားကတည်း အကောင်းဆုံးခြေစွမ်းတွေနဲ့ အိမ်ရှင်စပါးအသင်းကို ဖိအားပေးကစားခဲ့တာဖြစ်ပါတယ်။ တိုက်စစ်ပိုင်းမှာရော ခံစစ်ပိုင်းမှာပါ သာလွန်ကောင်းမွန်တဲ့ ဝက်စ်ဟမ်းအသင်းရဲ့ ခြေစွမ်းကတော့ အိမ်ရှင်စပါးအသင်းအတွက် တကယ့်ကိုခက်ခက်ခဲခဲကစားခဲ့ရတာဖြစ်ပါတယ်။

Source : Evening Standard

ပထမပိုင်းပွဲကစားချိန်မှာတော့ နှစ်သင်းစလုံး ဂိုးရရှိမယ့်အခွင့်အရေးတွေရခဲ့ပေမယ့် အဆုံးသတ်ပိုင်းမှာ လိုအပ်ချက်တွေရှိနေခဲ့တာကြောင့် ဂိုးရရှိခဲ့ခြင်းမရှိခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာတော့ ဝက်စ်ဟမ်းအသင်းအနေနဲ့ သိသိသာသာ ကစားကွက်ပိုမိုကောင်းမွန်လာခဲ့တာဖြစ်ပြီး အိမ်ရှင်စပါးအသင်းရဲ့ ဂိုးပေါက်ကို အကြိမ်ကြိမ်ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ စပါးအသင်းဂိုးသမားလိုရစ်ရဲ့ ကာကွယ်မှုကောင်းခဲ့လို့ ဝက်စ်ဟမ်းအသင်းဘက် ဂိုးမပေးခဲ့ရတာဖြစ်ပါတယ်။

Source : West Ham United

သို့ပေမယ့်လည်း ပွဲကစားချိန် (၆၇) မိနစ်မှာတော့ ဝက်စ်ဟမ်းအသင်းကစားသမား အန်တိုနီယိုရဲ့ ပြင်းထန်လှတဲ့ ကန်ချက်ကိုတော့ လိုရစ်တစ်ယောက်ကာကွယ်နိုင်ခြင်းမရှိတော့ဘဲ ဝက်စ်ဟမ်းအသင်းဘက်ကို ဦးဆောင်ဂိုးပေးလိုက်ရတာဖြစ်ပါတယ်။ ဦးဆောင်ဂိုးသွင်းယူခဲ့တဲ့ ဝက်စ်ဟမ်းအသင်းအနေနဲ့ လက်ကျန်မိနစ်တွေမှာ ဆက်လက်ဖိအားပေးကစားခဲ့တာဖြစ်ပြီး ပွဲပြီးခါနီး မိနစ်ပိုင်းအလိုမှာ စပါးအသင်းအတွက် အကောင်းဆုံးချေပဂိုးရရှိမယ့် အခွင့်အရေးရခဲ့ပေမယ့် ဝက်စ်ဟမ်းအသင်းနောက်ခံကစားများရဲ့ ပိတ်ဆို့မှုကြောင့် ချေပဂိုးနဲ့ လွဲချော်ခဲ့ရပြီး ဝက်စ်ဟမ်းအသင်းကို (၁-ဝ) ဖြင့်အရှုံးပေးလိုက်ရတာဖြစ်ပါတယ်။ အရှုံးရလဒ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ စပါးအသင်းအတွက်တော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ရာသီလက်ကျန်ပွဲစဉ်တွေမှာ ဖိအားပိုများသွားခဲ့ပြီးဖြစ်ပါတယ်။

Source : Eurosport Australia