ပရီးမီးယားလိဂ္ရဲ႕ လက္႐ွိ အမွတ္ေပးဇယား အဆင့္ ၃ ေနရာမွာ ရပ္တည္ေနၿပီး ခ်န္ပီယံဆုကိုပါ ေမွ်ာ္လင့္လို႔ရေနတဲ့ စပါးအသင္းကေတာ့ ေနာက္ရာသီအတြက္ ႀကိဳတင္ျပင္ဆင္မႈေတြ စတင္ျပဳလုပ္လာခဲ့ပါၿပီ။ စပါးအသင္းဟာ ကြင္းသစ္စီမံကိန္းေၾကာင့္ ဒီရာသီမွာ အေျပာင္းအေရႊ႕စရိတ္ ထုတ္သံုးျခင္း မ႐ွိခဲ့ဘဲ ဒါဟာ ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္ အံ့အားသင့္စရာ အျဖစ္အပ်က္တစ္ခုအျဖစ္ မွတ္တမ္းဝင္သြားခဲ့တာပါ။

ၾကာသပေတးညက က်င္းပခဲ့တဲ့ ကလပ္ဘု႐ုစ္အသင္းနဲ႔ ရက္ဘူးလ္ဆဲဘက္ အသင္းတို႔ရဲ႕ ပြဲစဥ္ကို စပါးအသင္းရဲ႕ ကင္းေထာက္ေတြဟာ လာေရာက္ၾကည့္႐ႈသြားခဲ့တယ္လုိ႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ အဆိုပါပြဲစဥ္မွာ ဆဲဘက္အသင္းက ဂ်ဴႏိုဆိုဗစ္ရဲ႕ ဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ ကလပ္ဘု႐ုစ္အသင္းအတြက္ ဒန္းဝဲလ္က ေခ်ပဂိုး ျပန္လည္သြင္းယူေပးခဲ့ၿပီး ဝက္စ္ေလက ၈၁ မိနစ္မွာ အႏိုင္ဂိုးသြင္းယူေပးခဲ့တာပါ။

သတင္းေတြကေတာ့ စပါးအသင္းရဲ႕ ပစ္မွတ္ကစားသမားဟာ ဘယ္သူလဲဆိုတာကို အတိအက်မသိပဲ ခန္႔မွန္းထားတာေတြပဲ ႐ွိပါတယ္။ ဘယ္လ္ဂ်ီယံ သတင္းအခ်ိဳ႕ကေတာ့ စပါးအသင္းဟာ ကလပ္ဘ႐ုစ္အသင္းရဲ႕ အႏိုင္ဂိုး႐ွင္ ဝက္စ္ေလကို လာေရာက္ၾကည့္႐ႈတာလို႔ ေရးသားေနၾကပါတယ္။ ဝက္စ္ေလဟာ အသက္ ၂၂ ႏွစ္အရြယ္သာ ႐ွိေသးၿပီး ဘယ္လ္ဂ်ီယံလိဂ္မွာ ၂၃ ပြဲကစားေပးထားၿပီး ၉ ဂိုးသြင္း ၅ ဂိုး ဖန္တီးေပးထားႏိုု္င္သူပါ။

အဂၤလန္က သတင္းေတြကေတာ့ စပါးအသင္းဟာ ဆဲလ္ဘက္အသင္းရဲ႕ တိုက္စစ္မွဴး မူနပ္စ္ ဒက္ဘာကို သြားေရာက္ၾကည့္႐ႈတာလို႔ ထုတ္ေဖာ္ေရးသားေနၾကပါတယ္။ စပါးအသင္းဟာ လာမယ့္ေႏြရာသီအေျပာင္းအေရႊ႕မွာ ေလာ္ရန္တီကို လက္လႊတ္ရဖြယ္႐ွိေနတာေၾကာင့္ ဟယ္ရီကိန္းရဲ႕ အရန္တိုက္စစ္မွဴးတစ္ဦးကို ႐ွာေဖြေနတာပါ။ ဒက္ဘာဟာ လက္႐ွိ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲမွာ ၇ ပြဲ ကစားထားၿပီး ၆ ဂိုးသြင္း ၁ ဂိုး ဖန္တီးေပးထားႏိုင္တဲ့ ကစားသမားျဖစ္ပါတယ္။

(Unicode)

ပရီးမီးယားလိဂ်ရဲ့ လက်ရှိ အမှတ်ပေးဇယား အဆင့်၃နေရာမှာ ရပ်တည်နေပြီး ချန်ပီယံဆုကိုပါ မျှော်လင့်လို့ရနေတဲ့ စပါးအသင်းကတော့ နောက်ရာသီအတွက် ကြိုတင်ပြင်ဆင်မှုတွေ စတင်ပြုလုပ်လာခဲ့ပါပြီ။ စပါးအသင်းဟာ ကွင်းသစ်စီမံကိန်းကြောင့် ဒီရာသီမှာ အပြောင်းအရွှေ့စရိတ် ထုတ်သုံးခြင်း မရှိခဲ့ပဲ ဒါဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အံ့အားသင့်စရာ အဖြစ်အပျက် တစ်ခုအဖြစ် မှတ်တမ်းဝင်သွားခဲ့တာပါ။

ကြာသပတေးညက ကျင်းပခဲ့တဲ့ ကလပ်ဘုရုစ်အသင်းအသင်းနဲ့ ရက်ဘူးလ်ဆဲဘက် အသင်းတို့ရဲ့ ပွဲစဉ်ကို စပါးအသင်းရဲ့ ကင်းထောက်တွေဟာ လာရောက်ကြည့်ရှုသွားခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ အဆိုပါပွဲစဉ်မှာ ဆဲဘက်အသင်းက ဂျူနိုဆိုဗစ်ရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ကလပ်ဘုရုစ်အသင်းအတွက် ဒန်းဝဲလ်က ချေပဂိုး ပြန်လည်သွင်းယူပေးခဲ့ပြီး ဝက်စ်လေက ၈၁မိနစ်မှာ အနိုင်ဂိုးသွင်းယူပေးခဲ့တာပါ။

သတင်းတွေကတော့ စပါးအသင်းရဲ့ ပစ်မှတ်ကစားသမားဟာ ဘယ်သူလဲဆိုတာကို အတိအကျမသိပဲ ခန့်မှန်းထားတာတွေပဲ ရှိပါတယ်။ ဘယ်လ်ဂျီယံ သတင်းအချို့ကတော့ စပါးအသင်းဟာ ကလပ်ဘရုစ်အသင်းရဲ့ အနိုင်ဂိုးရှင် ဝက်စ်လေကို လာရောက်ကြည့်ရှုတာလို့ ရေးသားနေကြပါတယ်။ ဝက်စ်လေဟာ အသက်၂၂နှစ်အရွယ်သာ ရှိသေးပြီး ဘယ်လ်ဂျီယံလိဂ်မှာ ၂၃ပွဲကစားပေးထားပြီး ၉ဂိုးသွင်း ၅ဂိုး ဖန်တီးပေးထားနိုု်င်သူပါ။

အင်္ဂလန်က သတင်းတွေကတော့ စပါးအသင်းဟာ ဆဲလ်ဘက်အသင်းရဲ့ တိုက်စစ်မှူ း မူနပ်စ် ဒက်ဘာကို သွားရောက်ကြည့်ရှုတာလို့ ထုတ်ဖော်ရေးသားနေကြပါတယ်။ စပါးအသင်းဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ လော်ရန်တီကို လက်လွှတ်ရဖွယ်ရှိနေတာကြောင့် ဟယ်ရီကိန်းရဲ့ အရန်တိုက်စစ်မှူ းတစ်ဦးကို ရှာဖွေနေတာပါ။ ဒက်ဘာဟာ လက်ရှိ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ရပွဲ ကစားထားပြီး ၆ဂိုးသွင်း ၁ဂိုးဖန်တီးပေးထားနိုင်တဲ့ ကစားသမားဖြစ်ပါတယ်။