စပါးနည်းပြမော်ရင်ဟိုနှင့် အသင်းသားတချို့ဟာ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ဗြိတိန်အစိုးရက ထုတ်ပြန်ထားသည့် Social Distancing စည်းမျဉ်းကို ချိုးဖောက်ကာ လေ့ကျင့်မူများ လုပ်ဆောင်ခဲ့ကြောင်း ဗြိတိန်သတင်းစာတခုက ဖော်ပြခဲ့ပါတယ်။

နောက်ခံလူ Davinson Sanchez နှင့် Ryan Sessegnon တို့ဟာ ဘေးချင်ကပ်ယက် အပြေးလေ့ကျင့်နေခဲ့ပြီး အစိုးရကသက်မှတ်ထားတဲ့ တစ်ယောက်နှင့်တစ်ယောက် (၂) မီတာ အကွာမှာနေရမယ်ဆိုတဲ့ Social Distancing စည်းမျည်းကို ချိုးဖောက်ခဲ့တာလည်းဖြစ်ပါတယ်။

Source: Marca

နည်းပြဖြစ်သူ မော်ရင်ဟိုကလည်း အသင်းသားတွေ လေ့ကျင့်ခန်းးပြုလုပ်နေတာကို အနီးကပ်ညွန်ကြားမူတွေ ပြုလုပ်ခဲ့တာလို့လည်း သိရပါတယ်။

စပါးအသင်းရဲ့ပြေားရေးဆိုခွင့်ရှိသူတစ်ဦးကတော့ သူတို့အသင်းသားတွေကို လေ့ကျင့်ခန်းပြုလုပ်ချိန်တွေမှာ social distancing စည်းမျည်းကို လိုက်နာဖို့ သတိပေးထားပြီဖြစ်ကြောင်း နောက်ထပ်လည်း သတိပေးမူတွေပြုလုပ်သွားမှာဖြစ်ကြောင်း The Guardian ကိုပြောကြားခဲ့ကြောင်း သိရပါတယ်။

Source: Football Addict

စပါးအသင်းဟာ ဗိုင်းရပ်စ် ကူးစက်မူတွေကြောင့် ဘောလုံးပွဲတွေရပ်နားထားစဉ်မှာ ဘောလုံးကစားသမားတွေမဟုတ်တဲ့ ဝန်းထမ်း (၅၀၀) ကျော်ရဲ့လခတွေကို လျှော့ချခဲ့တာကြောင့် ဝေဖန်မူတွေနဲ့ ရင်ဆိုင်နေရပါတယ်။

စပါးအသင်းဟာ လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် (၈) နေရာမှာ ရပ်တည်နေပြီး ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာလည်း RB Leipzig အသင်းကိုရှုုံးနိမ့်ခဲ့ကာ ပြိုင်ပွဲမှ ထွက်ခွာသွားခဲ့ရပြီးဖြစ်ပါတယ်။

နည်းပြမော်ရင်ဟိုဟာ ရာသီအစပိုင်းလောက်က Mauricio Pochettino နောရာမှာ အစားထိုးဝင်ရောက်လာခဲ့ပေမယ့် အသင်းရဲ့စွမ်းဆောင်ရည်နဲ့ပက်သတ်ပြီး ဖိအားတွေနဲ့ရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။

Source: The Guardian

စပါးအသင်းကစားသမားတွေကတော့ သူတို့ရဲ့နည်းပြ ကိုအပြည့်အဝထောက်ခံကြောင်း ပြောကြားထားပါတယ်။