တော့တင်ဟမ်ဟော့စပါးအသင်းဟာ မန်ချက်စတာယူနိုက်တက်နဲ့ မန်ချက်စတာစီးတီးအသင်းက စိတ်ဝင်စားနေတဲ့ ဟယ်ရီကိန်းအတွက် ကမ်းလှမ်းမှုတွေကို နားထောင်သွားချင်တဲ့ဆန္ဒရှိနေပြီး ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၅၀ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

အသက် ၂၇ နှစ်အရွယ် တိုက်စစ်မှူးဟာ စပါးအသင်းနဲ့ ၆ နှစ်စာချုပ်အလယ်ကို ရောက်ရှိနေပြီဖြစ်ပေမယ့် မြောက်လန်ဒန်မှာ ဖလားတစ်လုံးမှ ရရှိသေးခြင်းမရှိဘဲ အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟာ ယခုရာသီမှာ စပါးအသင်း ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့ဘူးဆိုရင် ၎င်းရဲ့အနာဂတ်ကို ပြန်လည်သုံးသပ်သွားမှာဖြစ်ပါတယ်။

Photo: Daily Mail

ဟယ်ရီကိန်းဟာ ယခုရာသီမှာ ၁၂ ဂိုးအထိ သွင်းယူထားပြီးဖြစ်ပြီး ဟိုဆေး မော်ရင်ဟိုက စပါးအသင်းကို ဆုဖလားစိန်ခေါ်သူဖြစ်လာအောင် ပြောင်းလဲမယ့်အစီအစဉ်မှာ အဓိကကျတဲ့ အသင်းခေါင်းဆောင်ကို ဆက်လက်ထိန်းသိမ်းထားချင်နေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း စပါးအသင်းဟာ ထိပ်ဆုံးလေးနေရာ မဝင်နိုင်ခဲ့ရင် သို့မဟုတ် ယူရိုပါလိဂ်ဖလားကို မရယူနိုင်ခဲ့ဘူးဆိုရင်တော့ ဘဏ္ဍာရေးအရ ကြီးမားတဲ့ထိခိုက်မှုဖြစ်နေတဲ့အချိန်မှာပဲ ချန်ပီယံလိဂ်ဝင်ခွင့်ကို ၂ နှစ်ဆက်တိုက် ဝေးကွာရမယ့် အခြေအနေနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

Photo: Daily Mail

တော့တင်ဟမ်ဟော့စပါးအသင်းဟာ ၎င်းတို့ရဲ့ ၁ ဘီလီယံတန်ကြေးရှိတဲ့ ကွင်းသစ်အတွက် ဘဏ္ဍာရေးကြပ်တည်းမှုကာလတွေ ရှိလိမ့်မယ်ဆိုတာကို လက်ခံထားခဲ့ပြီးဖြစ်ပေမယ့် ကွင်းအတွင်း ပရိသတ်တွေ လာရောက်ကြည့်ရှုနိုင်ခြင်းမရှိတာကြောင့် ၎င်းတို့ရဲ့ ဘဏ္ဍာရေးအခြေအနေကို ဟန်ချက်ညီအောင် လုပ်ဖို့ မဖြစ်မနေလိုအပ်နေတာဖြစ်ပါတယ်။

ဟယ်ရီကိန်းကို ရောင်းထုတ်နိုင်ခဲ့မယ်ဆိုရင် တော့တင်ဟမ်ဟော့စပါးအသင်းဟာ ကွင်းသစ်အတွက် ၁၅ ရာခိုင်နှုန်းဝန်းကျင်ကို ပေးချေနိုင်မှာဖြစ်ပြီး အင်္ဂလန်တိုက်စစ်မှူးအတွက် ပေါင်သန်း ၁၅၀ ဝန်းကျင် ကမ်းလှမ်းမှုတွေကို နားထောင်သွားဖို့ ဆန္ဒရှိနေတယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။