စပါးအသင္းရဲ႕ တုိက္စစ္ကစားသမား ဆြန္ေဟာင္မင္ဟာ နာမည္ေက်ာ္ FIFA 20 ဂိမ္းကာဗာအတြက္ ပရိသတ္မ်ားရဲ႕မဲေပးေရြးခ်ယ္မႈမွာ ဂ်ဴဗင္တပ္စ္တိုက္စစ္မွဴး ေရာ္နယ္ဒိုကို မဲအေရအတြက္အသာနဲ႔ ေက်ာ္ျဖတ္ႏုိင္ခ့ဲတယ္လို႔ သိရွိရပါတယ္။ FIFPlay က လာမယ့္ႏွစ္မွာ အသစ္ထြက္ရွိလာမယ့္ FIFA ေဘာလံုးဂိမ္းရဲ႕ ကာဗာမွာ ဘယ္နာမည္ေက်ာ္ ကစားသမားကို ျမင္ေတြ႔ခ်င္လဲဆုိတာကို ပရိသတ္မ်ားထံမွ စစ္တမ္းေကာက္ယူခ့ဲၾကျခင္းျဖစ္ၿပီး မက္ဆီ၊ ေရာ္နယ္ဒို၊ ေနမာ၊ ဆာလာတို႔ကုိ ေက်ာ္ျဖတ္ကာ ဆြန္ေဟာင္မင္က အခုလိုပဲ ထိပ္ဆံုးမွာ ရပ္တည္ႏုိင္ခ့ဲျခင္းျဖစ္ပါတယ္။

Photo Credit : Ghanasoccernet.com

ဆြန္ေဟာင္မင္နဲ႔ေရာ္နယ္ဒိုတို႔ ႏွစ္ဦးလံုးဟာ မဲအေရအတြက္ (၁၇) ရာခုိုင္ႏႈန္းအထိ ရရွိခ့ဲၾကျခင္းျဖစ္ၿပီး ဆြန္ေဟာင္မင္က ေရာ္နယ္ဒိုထက္ အစြန္းထြက္ ရာခုုိင္ႏႈန္းမွာ အသာရခ့ဲျခင္းလည္း ျဖစ္ပါတယ္။ လူေပါင္း (၂၀၄,၀၀၀) အေရအတြက္ကို မဲေပးေရြးခ်ယ္ေစခ့ဲရာမွာ ဆြန္ေဟာင္မင္နဲ႔ ေရာ္နယ္ဒိုတုိ႔ကို မဲေပးသူအေရအတြက္ (၂၀၂,၆၉၁) က မဲေပးေရြးခ်ယ္ခ့ဲၾကျခင္းျဖစ္ပါတယ္။

Photo Credit : Goal.com

ဘာစီလိုနာအသင္းေခါင္းေဆာင္မက္ဆီက တတိယေနရာမွာ ရပ္တည္ေနၿပီး ယူႏုိက္တက္အသင္းရဲ႕ ကြင္းလယ္ကစားသမားျဖစ္သူ ေပါ့ဘာမွာမူ မဲအေရအတြက္ (၃၅,၀၀၀) ပင္ မေက်ာ္လြန္ခ့ဲဘဲ ျပင္သစ္အသင္းရဲ႕ PSG လူငယ္ၾကယ္ပြင့္ အမ္ဘာေပကေတာ့ မဲအေရအတြက္ (၁) ရာခုိင္ႏႈန္းသာ ရရွိခ့ဲေၾကာင္း သိရွိရပါတယ္။ ဆြန္ေဟာင္မင္ဟာ စပါးအသင္းရဲ႕ အဓိက တုိက္စစ္ကစားသမားတစ္ဦးျဖစ္ၿပီး ဒီရာသီမွာ အသင္းအတြက္ ၿပိဳင္ပြဲစံု သြင္းဂုိး (၂၀) အထိ သြင္းယူေပးထားႏုိင္တ့ဲ ကစားသမားတစ္ဦးလည္း ျဖစ္ပါတယ္။

Photo Credit : FOX Sports Asia

ၿပီးခ့ဲတ့ဲ ဗုဒၶဟူးေန႔က ကစားခ့ဲတ့ဲ မန္စီးတီးအသင္းနဲ႔ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ အေဝးကြင္းပြဲစဥ္မွာ ဆြန္ေဟာင္မင္ဟာ အသင္းအတြက္ ႏွစ္ဂိုးသြင္းယူေပးကာ ေျခစြမ္းျပ ကစားႏိုင္ခ့ဲၿပီးေနာက္ ခ်န္ပီယံလိဂ္သမုိင္းတစ္ေလွ်ာက္ ဂိုးသြင္းအမ်ားဆံုး အာရွကစားသမားတစ္ေယာက္ျဖစ္လာခ့ဲသလုိ ဆြန္ေဟာင္မင္ရဲ႕ ေရပန္းစားေက်ာ္ၾကားမႈႏႈန္းကလည္း ျမင့္တက္လာခ့ဲပါတယ္။ အခု ေကာက္ယူခ့ဲတ့ဲ စစ္တမ္းအေရအတြက္က ဆြန္ေဟာင္မင္အေနနဲ႔ FIFA 20 ကာဗာမွာ ေသခ်ာေပါက္ ပါဝင္ခြင့္ရရွိဖို႔ အာမခံခ်က္မရွိေပမယ့္ EA Sports အတြက္ေတာ့ စဥ္းစားသံုးသပ္စရာတစ္ခုျဖစ္လာဖို႔လည္း ရွိေနပါတယ္။

(Unicode)

စပါးအသင်းရဲ့ တိုက်စစ်ကစားသမား ဆွန်ဟောင်မင်ဟာ နာမည်ကျော် FIFA 20 ဂိမ်းကာဗာအတွက် ပရိသတ်များရဲ့မဲပေးရွေးချယ်မှုမှာ ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုကို မဲအရေအတွက်အသာနဲ့ ကျော်ဖြတ်နိုင်ခဲ့တယ်လို့ သိရှိရပါတယ်။ FIFPlay က လာမယ့်နှစ်မှာ အသစ်ထွက်ရှိလာမယ့် FIFA ဘောလုံးဂိမ်းရဲ့ ကာဗာမှာ ဘယ်နာမည်ကျော် ကစားသမားကို မြင်တွေ့ချင်လဲဆိုတာကို ပရိသတ်များထံမှ စစ်တမ်းကောက်ယူခဲ့ကြခြင်းဖြစ်ပြီး မက်ဆီ၊ ရော်နယ်ဒို၊ နေမာ၊ ဆာလာတို့ကို ကျော်ဖြတ်ကာ ဆွန်ဟောင်မင်က အခုလိုပဲ ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။

Photo Credit : Ghanasoccernet.com

ဆွန်ဟောင်မင်နဲ့ရော်နယ်ဒိုတို့ နှစ်ဦးလုံးဟာ မဲအရေအတွက် (၁၇) ရာခိုုင်နှုန်းအထိ ရရှိခဲ့ကြခြင်းဖြစ်ပြီး ဆွန်ဟောင်မင်က ရော်နယ်ဒိုထက် အစွန်းထွက် ရာခုုိင်နှုန်းမှာ အသာရခဲ့ခြင်းလည်း ဖြစ်ပါတယ်။ လူပေါင်း (၂၀၄,၀၀၀) အရေအတွက်ကို မဲပေးရွေးချယ်စေခဲ့ရာမှာ ဆွန်ဟောင်မင်နဲ့ ရော်နယ်ဒိုတို့ကို မဲပေးသူအရေအတွက် (၂၀၂,၆၉၁) က မဲပေးရွေးချယ်ခဲ့ကြခြင်းဖြစ်ပါတယ်။

Photo Credit : Goal.com

ဘာစီလိုနာအသင်းခေါင်းဆောင်မက်ဆီက တတိယနေရာမှာ ရပ်တည်နေပြီး ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမားဖြစ်သူ ပေါ့ဘာမှာမူ မဲအရေအတွက် (၃၅,၀၀၀) ပင် မကျော်လွန်ခဲ့ဘဲ ပြင်သစ်အသင်းရဲ့ PSG လူငယ်ကြယ်ပွင့် အမ်ဘာပေကတော့ မဲအရေအတွက် (၁) ရာခိုင်နှုန်းသာ ရရှိခဲ့ကြောင်း သိရှိရပါတယ်။ ဆွန်ဟောင်မင်ဟာ စပါးအသင်းရဲ့ အဓိက တိုက်စစ်ကစားသမားတစ်ဦးဖြစ်ပြီး ဒီရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံ သွင်းဂိုး (၂၀) အထိ သွင်းယူပေးထားနိုင်တဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit : FOX Sports Asia

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကစားခဲ့တဲ့ မန်စီးတီးအသင်းနဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် အဝေးကွင်းပွဲစဉ်မှာ ဆွန်ဟောင်မင်ဟာ အသင်းအတွက် နှစ်ဂိုးသွင်းယူပေးကာ ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီးနောက် ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး အာရှကစားသမားတစ်ယောက်ဖြစ်လာခဲ့သလို ဆွန်ဟောင်မင်ရဲ့ ရေပန်းစားကျော်ကြားမှုနှုန်းကလည်း မြင့်တက်လာခဲ့ပါတယ်။ အခု ကောက်ယူခဲ့တဲ့ စစ်တမ်းအရေအတွက်က ဆွန်ဟောင်မင်အနေနဲ့ FIFA 20 ကာဗာမှာ သေချာပေါက် ပါဝင်ခွင့်ရရှိဖို့ အာမခံချက်မရှိပေမယ့် EA Sports အတွက်တော့ စဉ်းစားသုံးသပ်စရာတစ်ခုဖြစ်လာဖို့လည်း ရှိနေပါတယ်။