စပါးကြယ်ပွင့် ကွင်းလယ်ကစားသမား အယ်လီဟာ မေလ (၁၃) ရက်နေ့တွင် အိမ်ထဲရှိနေစဉ် ဓားထောက်ဓားပြတိုက်ခံ လိုက်ရတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။ ဖြစ်စဉ်အတွင်းမှာ အယ်လီဟာ ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး ရဲတွေကတော့ သံသယဖြစ်ဖွယ် လူနှစ်ဦးကို အပူတပြင်းရှာဖွေနေကြပါတယ်။
Source: Yahoo Sports
ဖြစ်စဉ်ဟာ သန်ခေါင်ကျော်အချိန် ဗုဒ္ဓဟူးနေ့ မနက်အစောပိုင်းမှာ ဖြစ်ပျက်ခဲ့တာဖြစ်ပြီး ရဲတွေကတော့ အယ်လီဟာ အမျိုးသားနှစ်ဦးရဲ့ အကြမ်းဖက်ခံရတာကြောင့် မစိုးရိမ်ရ ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။ အယ်လီရဲ့ဒဏ်ရာဟာ ဆေးရုံတတ်ဖို့အထိ မလိုအပ်ဘူးလို့လည်းသိရပါတယ်။ ရဲတွေကတော့ တရာခံတွေကို ရှာဖွေနေကြပါတယ်။
“ရဲစခန်းကို ဗုဒ္ဓဟူးနေ့ မနက် (၀၀:၃၅) လောက်မှာ ဓားပြမူဖြစ်တယ်လို့ အကြောင်းကြားလာပါတယ်။ အမျိုးသားနှစ်ယောက် နေအိမ်ကျူးကျော်ပြီး လက်ဝတ်ရတနာတွေ ခိုးယူသွားပါတယ်။ အသက်ကတော့ (၂၀) ဝန်းကျင်ရှိမယ်ဗျ။ အိမ်ရှင်ကတော့ မျက်နှာမှာ အနည်းငယ်ဒဏ်ရာရသွားတယ်။ ဒါပေမယ့် ဆေးရုံသွားရလောက်တဲ့အထိတော့ မပြင်းထန်ဘူး။ လောလောဆယ်တော့ တရာခံတွေ ဖမ်းမိခြင်းမရှိသေးပါဘူး။ ဖမ်းမိဖို့ ကြိုးစားနေဆဲပါ။” ဟု ရဲပြောရေးဆိုခွင့်ရှိသူက သတင်းထောက်တွေကို ရှင်းပြသွားခဲ့ပါတယ်။
Source: Daily Mirror
အယ်လီကတော့ အဖြစ်အပျက်ဟာ ကြောက်မက်ဖွယ်ကောင်းကြောင်း၊ မက်ဆေ့ပို့ပြီး စိုးရိမ်ပူပန်ပေးကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။
Daily Mail ရဲ့ဖော်ပြချက်အရတော့ အယ်လီဟာ မျက်နှာကို လက်သီးနဲ့ အထိုးခံခဲ့ရတာလို့ သိရပါတယ်။ ဓားပြမူဖြစ်စဉ်အတွင်းမှာ အယ်လီရဲ့အိမ်တွင် အကိုဖြစ်သူနှင့် သူတို့ရဲ့ကောင်းမလေး အပြင်သူငယ်ချင်းတစ်ယောက် ရှိနေခဲ့ပါတယ်။။
Source: Daily Mail
ယခုလို ဖြစ်စဉ်မျိုးကို အသင်းဖော်တစ်ဦးဖြစ်တဲ့ Jan Vertonghen လည်းကြုံတွေ့ခဲ့ရဖူးပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲကြောင့် နယ်ဝေးရောက်နေစဉ်မှာ အိမ်မှာကျန်ခဲ့တဲ့ အမျိုးသမီးနဲ့ကလေးတွေ အကြမ်းဖက်ခံခဲ့ရတာပါ။
စပါးအသင်းဟာ လာမယ့်လအတွင်း လေ့ကျင့်ခန်းတွေ ပြန်ဆင်းနိူင်ဖို့ ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။