တော့တင်ဟမ်ဟော့စပါးအသင်းဟာ ၎င်းတို့ရဲ့ ကြယ်ပွင့်တိုက်စစ်မှူး ဆွန်ဟောင်မင်ဟာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေချိန်အတွင်း ယခုလ တောင်ကိုရီးယားမှာ ၎င်းရဲ့ စစ်မှှုမထမ်းမနေရတာဝန်ကို စတင်ထမ်းဆောင်မှာဖြစ်တယ်လို့ အတည်ပြုပြောကြားခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။
တောင်ကိုရီးယားကြယ်ပွင့်တိုက်စစ်မှူး ဆွန်ဟောင်မင်ဟာ တောင်ကိုရီးယားစစ်တပ်အတွက် လေးပတ်ကြာ စစ်မှုထမ်းရမှာဖြစ်တာကြောင့် လက်ရှိအချိန်မှာ မေလအထိ အင်္ဂလန်နိုင်ငံကို ပြန်လာနိုင်တော့မှာမဟုတ်ဘူးလို့ မျှော်မှန်းခြင်းခံထားရတာဖြစ်ပါတယ်။
Photo: allkpop
တနင်္လာနေ့မှာ တော့တင်ဟမ်ဟော့စပါးအသင်းက ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ “အသင်းအနေနဲ့ ဆွန်ဟောင်မင်ဟာ ယခုလ တောင်ကိုရီးယားမှာ ၎င်းရဲ့ မဖြစ်မနေစစ်မှုထမ်းရမယ့်တာဝန်ကို စတင်လုပ်ဆောင်သွားလိမ့်မယ်လို့ အတည်ပြုပေးနိုင်ပါတယ်”
“တိုက်စစ်မှူးဟာ သူ့ရဲ့ နိုင်ငံကို မတ်လကုန်မှာ ပြန်လည်ရောက်ရှိခဲ့ပြီး သီးခြားစီနေထိုင်ခဲ့ရတာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဆေးဝန်ထမ်းတွေက ဖေဖော်ဝါရီလ ၁၆ ရက်နေ့က အက်စ်တွန်ဗီလာအသင်းကို ၃-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ သူ လက်မောင်းဒဏ်ရာရရှိခဲ့ပြီးနောက် ဆက်လက်လေ့ကျင့်ရာမှာ ပုံမှန်ထိတွေ့မှုရှိခဲ့ပါတယ်”
“ဆွန်နီက ဖေဖော်ဝါရီလကုန်မှာ သူ့ရဲ့ ပြန်လည်ကြံ့ခိုင်လာရေးအတွက် မလုပ်ဆောင်မီ အင်္ဂလန်မှာ ကိုဗစ်၁၉ ကပ်ဘေးကြောင့် ပရော်ဖက်ရှင်နယ်ပြိုင်ပွဲတွေ ရပ်ဆိုင်းဖို့ ကနဦး ကြေညာချက်မထုတ်ပြန်မီ တောင်ကိုရီးယားနိုင်ငံမှာ သူ့ရဲ့ လက်မောင်းဒဏ်ရာကို ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ပါတယ်”
Source : inews.co.uk
“ပရီးမီးယားလိဂ်က ၂၀၁၉-၂၀၂၀ ရာသီဟာ လုံခြုံစိတ်ချရတဲ့အချိန်နဲ့ သင့်တော်တဲ့အချိန်မှသာ ပြန်လည်ကျင်းပဖို့ ကြေညာခဲ့ပြီးကတည်းက စဉ်ဆက်မပြတ် ပြန်လည်သုံးသပ်နေတဲ့အခြေအနေအောက်မှာရှိနေတာပါ”။ “ဆွန်ဟာ မေလမှာ ပြီးဆုံးမယ့် သူ့ရဲ့စစ်မှုထမ်းကာလကုန်ဆုံးပြီးနောက်ပိုင်း လန်ဒန်ကို ပြန်လည်လာရောက်မှာဖြစ်ပါတယ်”လို့ ဖော်ပြခဲ့ပါတယ်။