ဂိမ်းချစ်သူ ကွီးတို့ ကြားမှာတော့ Tower Defense ဂိမ်းတွေက ရေပန်းစားပြီးသားပါပဲ။ Tower Defense ဂိမ်းတွေဟာ မိုဘိုင်းလ်ဖုန်းတွေမှာ ဂိမ်းတွေစပေါ် လာကတည်းက ခေတ်စားလာတဲ့ ဂိမ်းအမျိုးအစားတွေထဲက တစ်ခုပါ။ အစောပိုင်းကာလတွေမှာတော့ Tower Defense ဂိမ်းတွေရဲ့ ဂိမ်း Play ပုံစံတွေ ၊ ဂရပ်ဖစ်ပိုင်းတွေက လိုအပ်ချက်တွေ ရှိသေးပေမယ့် တဖြည်းဖြည်းနဲ့ Gaming Industry က တိုးတက်ပြောင်းလဲ လာတာနဲ့အမျှ ဂိမ်းတွေက ပိုပြီး အဆင့်မြင့်လာသလို ဆော့ရတဲ့ Experience ကလည်း တော်တော်ကြီး မိုက်လာပါတယ်။ ဒီဆောင်းပါးမှာတော့ Tower Defense ဂိမ်းတွေ ကြိုက်တဲ့ ကွီးတို့အတွက် ဆော့လို့ကောင်းတဲ့ အမိုက်စား ဂိမ်းအချို့ကို ညွှန်းပေးချင်ပါတယ်။
(၁) Defense Zone 3
Source : Artem Kotov
Defense Zone စီးရီးမှာ နောက်ဆုံးထွက်တဲ့ ဂိမ်းတစ်ခုပါ။ ရှေ့မှာထွက်ခဲ့တဲ့ ဂိမ်းတွေနဲ့ မတူတဲ့ ထူးခြားတဲ့ Features အသစ်တွေ ပါဝင်လာပြီး ပိုခက်တဲ့ဂိမ်း Modes တွေ ၊ ခံတပ်ဒီဇိုင်းအသစ်တွေ ၊ အမိုက်စား Battles တွေနဲ့ ဘာသာစကား အမျိုး ၂၀ အထိလည်း ပါဝင်လာပါတယ်။ ဂိမ်း Play ပုံစံက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းပြီး ရေလည်မိုက်တဲ့ ဂရပ်ဖစ်တွေနဲ့ ဆော့ကစားရမှာ ဖြစ်ပါတယ်။
(၂) Grow Castle
Source : raongamesvideo
Grow Castle က တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတဲ့ Tower Defense ဂိမ်းတွေ ထဲကတစ်ခုပါ။ ကိုယ့် Tower တာကို ကျမသွားအောင် အမှန်အကန် ကာကွယ်ရမှာ ဖြစ်ပြီး ခုခံကာကွယ်ဖို့အတွက် သူရဲကောင်းတွေကို ရွေးချယ်စုဆောင်းရမှာ ဖြစ်ပါတယ်။ Heroes အကောင် ၁၂၀ အထိကို ရွေးနိုင်မှာ ဖြစ်ပြီး တစ်ကောင်စီမှာ မတူညီတဲ့ ကိုယ်ပိုင်စွမ်းအားတွေ ပါရှိမှာ ဖြစ်ပါတယ်။ ဒီဂိမ်းက ဆော့ရတာ ပေါ့ပေါ့ပါးပါးနဲ့ ပျော်စရာကောင်းတာကြောင့် ကွီးတို့ မဆော့ဖူးသေးရင် စမ်းကြည့်လိုက်ပါဦး။
(၃) Infinitode 2
Source : Vadym Sakhno (therainycat)
Infinitode 2 ကတော့ Minimal Tower Defense ဂိမ်းတစ်ခုလို့ ပြောရမှာပါပဲ။ ဒီဂိမ်းရဲ့ ရိုးရှင်းမှုကပဲ ဆွဲဆောင်မှုတစ်ခု ဖြစ်နေတာပါ။ ဂိမ်းထဲမှာ Tower အမျိုးအစား ၁၄ မျိုး ပါဝင်ပြီး ၊ ရန်သူအမျိုးအစား ၁၁ မျိုးနဲ့ ဂိမ်းအဆင့်ပေါင်း ၄၀ ပါဝင်ပါတယ်။ ထူးခြားတာ တစ်ခုကတော့ ဂိမ်းမြေပုံတွေကို ကိုယ်တိုင်ဖန်တီးပြီး အခြားကစားသမားတွေနဲ့အတူတူ Share လုပ်ကာ ကစားလို့ရပါတယ်။ PC Version နဲ့လည်း Share ပြီး ကစားလို့ရတဲ့အတွက် တော်တော်လေး မိုက်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။
(၄) Plants vs Zombies 1, 2, and Heroes
Source : Plants vs. Zombies
Tower Defense ဂိမ်းတွေ အကြောင်း ပြောရင်တော့ Plants vs Zombies က မပါမဖြစ်ပါ။ ငယ်ငယ်က ဆော့ခဲ့ရတဲ့ မန်မိုရီတွေကို ကွီးတို့ ပြန်လည် တူးဖော်နိုင်ဖို့အတွက် Plants vs Zombies ဂိမ်းလေးကို ထည့်ပေးလိုက်ပါတယ်။ ဂိမ်း Play စတိုင်ကတော့ ဘာမှအရမ်းကြီး ပြောင်းလဲသွားတာ မရှိပဲ ပေါ့ပေါ့ပါးပါး ဆော့ချင်တဲ့ ဂိမ်းချစ်သူ ကွီးတို့အတွက် သေချာပေါက် အကြိုက်တွေ့စေမှာ ဖြစ်ပါတယ်။
Source : Android Authority
Featured Photo : Gaming.net