ဘဝခရီးကို ဖြတ်သန်းကြရင်းနဲ့ကျွန်တော်တို့ဟာ လူပေါင်းစုံနဲ့တွေ့ဆုံ ပတ်သက်နေကြရတာပါ။ တစ်ချို့လူတွေဟာ အသိအကျွမ်းတွေ ဖြစ်လာကြပြီး တစ်ချို့က လုပ်ဖော်ကိုင်ဖက်တွေ ၊ တစ်ချို့က မိတ်ဆွေတွေဖြစ်လာခဲ့ပါတယ်။ မိတ်ဆွေအပေါင်းအသင်းကောင်းတစ်ယောက်ဟာ ကိုယ်နဲ့အတူ အနိမ့်အမြင့် အခြေအနေတိုင်းမှာ ဘေးနားက ရပ်တည်ပေးတတ်ပြီး မိတ်ဆွေတုတွေကိုတော့ ကိုယ့်ဘဝအမြင့်ရောက်ချိန်မှာပဲ တွေ့ရတတ်ပါတယ်။အခုပြောမှာက ကိုယ့်ဘဝထဲကနေ ဖယ်ထုတ်ထားသင့်တဲ့ မိတ်ဆွေ အတုအယောင်တွေမှာ တွေ့ရတတ်တဲ့ စရိုက်တစ်ချို့အကြောင်းပဲ ဖြစ်ပါတယ်။

(၁) အခက်အခဲနဲ့တွေ့ချိန်မှာ ရှောင်ဖယ်သွားသူ

men working at laptop during a meeting in a cafe

Source: Freepik

မိတ်ဆွေဆိုတာ အပြန်အလှန်စောင့်ရှောက် ကူညီမှု ရှိသင့်ပါတယ်။ လောကဓံကြောင့် ကိုယ်ယိုင်လဲနေချိန်မှာ ဝင်ပြီး တည့်မတ်ပေးဖို့ငြင်းဆန်သူ ၊ အကူအညီတောင်းချိန်မှာ ရှောင်ဖယ်သွားသူတွေဟာလည်း မိတ်ဆွေအစစ်မဖြစ်နိုင်ပါဘူး။ ပိုဆိုးတာက ကိုယ့်ဆင်းရဲ ဒုက္ခပေါ် မြိန်ရေရှက်ရေ အရသာခံတဲ့သူမျိုးကတော့ ရှောင်ကို ရှောင်ရမှာပါ။

 

(၂) ပျက်စီးကြောင်းတွေပဲ သွေးဆောင်သူ

Young male friends having morning breakfast at home

Source: Freepik

ဘဝပျက်စီးစေမယ့် အကျင့်ဆိုးတွေ ကိုယ့်ဆီ ယူလာသူဟာ ဘယ်တော့မှ မိတ်ဆွေကောင်းစာရင်း မဝင်ပါဘူး။ တကယ်လို့ကိုယ်ပေါင်းနေတဲ့ မိတ်ဆွေတွေထဲမှာ ဒီလိုလုပ်တတ်တဲ့သူ ပါလာရင် သတိထားပေါင်းသင့်ပါတယ်။

 

(၃) အပြောတစ်မျိုး အလုပ်တစ်မျိုးလုပ်သူ

Businessman is getting comfort from friend

Source: Freepik

ကိုယ်နဲ့တွေ့ချိန်မှာ ကိုယ့်အကြောင်း အကောင်းချည်းပြောပြီး အမွှန်းတင်သလောက် ကွယ်ရာမှာ အပုပ်ချပြီး ငယ်ကျိုးငယ်နာ ဖော်တတ်သူမျိုးဟာ မိတ်ဆွေစာရင်းမှာတောင် မထားသင့်ပါဘူး။ ဒီလူတွေဟာ ရေကို ဇကာတိုက်သလိုမျိုး ကိုယ့်ဘဝထဲက ထုတ်ကို ထုတ်ပစ်သင့်တဲ့ စာရင်းမှာ ထည့်ထားသင့်ပါတယ်။

 

(၄) ကိုယ့်အားနည်းချက်ကို အသုံးချသူ

Two confused multi ethnic men with mask as friends shrugging shoulders at home under quarantine

Source: Freepik

ကိုယ်ယုံကြည်လို့ရင်ဖွင့်ပြောထားတဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို လက်နက်လို သုံးပြီး ကိုယ့်ကို အကြပ်ကိုင်တဲ့သူမျိုး ကြုံဖူးတယ်ဆိုရင် ခင်ဗျားလည်း မိတ်ဆွေယောင်ဆောင်ထားတဲ့သူနဲ့ကြုံဖူးပြီလို့ပြောချင်ပါတယ်။ မိတ်ဆွေအချင်းချင်း လျှို့ဝှက်ထားသင့်တဲ့ အရာကို ကိုယ့်အနေနဲ့လည်း ဘယ်တော့မှ အသုံးမချဖို့အကြံပေးချင်ပါတယ်။