ဟန်ဂေရီနိုင်ငံမှာ အရက်သောက်တဲ့အခါ ခွက်ချင်းတိုက်လေ့မရှိဘူး။

Source: Bright Side

ဟန်ဂေရီနိုင်ငံ သွားလည်ရင် သူတို့လူမျိုးတွေက အရက်သောက်တဲ့ အချိန်မှာ ခွက်ချင်းတိုက်လေ့ မရှိတာကို သင်တွေ့ရပါလိမ့်မယ်။ဒီသမိုင်းဝင်ဓလေ့ထုံးစံက ၁၈၄၈ ခုနှစ် ပေါ်ပေါက်ခဲ့တာပါ။

Austria လူမျိုးတွေက ဟန်ဂေရီ လူမျိုးတွေရဲ့တော်လှန်မှုကို အောင်နိုင်ပြီး အရက်ခွက်ချင်းတိုက်ကာ အောင်ပွဲခံခဲ့တဲ့အတွက်ကြောင့် နှစ်ပေါင်း ၁၅၀ နီးပါးလောက် ခွက်ချင်းတိုက်တဲ့ ဓလေ့ကို ဟန်ဂေရီလူမျိုးတွေ မုန်းတီးခဲ့ကြပါတယ်။

ပုရွတ်ဆိတ်တွေအကိုက်ခံတဲ့ ဘရာဇီးကလူမျိုးများ

Source: Bright Side

ဘရာဇီးနိုင်ငံမှာ နေထိုင်တဲ့ Sateré-Mawéဆိုတဲ့ လူမျိုးတွေက အရွယ်ရောက်ပြီးဖြစ်တဲ့ လူငယ်တွေကို ပုရွတ်ဆိတ်အပြည့်ဖြည့်ထားတဲ့ လက်အိတ်ဝတ်ပြီး ရိုးရာအက ကခိုင်းလေ့ရှိပါတယ်။ပုရွတ်ဆိတ်ဆိုတာ အကောင်သေးသေးလေးကိုပြောတာမဟုတ်ပါဘူး။ ၁.၂ လက်မလောက်ရှိတဲ့ အဆိပ်ပြင်း ပုရွတ်ဆိတ်တွေကို ပြောတာပါ။ သူတို့အခေါ်ကတော့ bullet ant ပါ။ဒါက သူတို့လူမျိုးတွေအတွက် စိန်ခေါ်မှုတခုအနေနဲ့ ယူဆထားကြတာပါ။

သီးနှံအထွက်ကောင်းဖို့အတွက် မျှော်စင်ကနေခုန်ချတဲ့ဓလေ့

Source: Life of Adventure

Vanuatu နိုင်ငံ Pentecost Island လို့ခေါ်တဲ့ ကျွန်းပေါ်မှာ နေထိုင်တဲ့သူ တွေဆီမှာ ထူးဆန်းတဲ့ ဓလေ့တခုရှိနေပါတယ်။ အဲ့ဒါကတော့ သီးနှံရိပ်သိမ်းချိန်မှာ အထွက်တိုးစေဖို့အတွက် အမျိုးသားတွေက ပေ ၇၀ ကျော်ရှိတဲ့ သစ်သားမျှော်စင်ပေါ်ကနေ ကြိုးဆွဲခုန်ချလေ့ရှိတဲ့ ဓလေ့ပါပဲ။

သူတို့က ဒီလိုလုပ်ခြင်းအားဖြင့် အမျိုးသားတွေရဲ့ ကျန်းမားရေးအတွက်ကောင်းစေတယ် သီးနှံအထွက်တိုးစေတယ်လို့ ယူဆထားကြပါတယ်။

တောင်အဖရိကနိုင်ငံက နှစ်သစ်ကြိုတဲ့ဓလေ့

Source: Bright Side

ကမ္ဘာပေါ်က နိုင်ငံတွေတော်တော်များများက နှစ်သစ်ကို မီးရှူးမီးပန်းတွေနဲ့ ကြိုလေ့ရှိတဲ့အချိန်မှာ တောင်အဖရိကနိုင်ငံက Johannesburg ဆိုတဲ့မြို့ မှာတော့ ဘယ်သူမှထင်မှတ်မထားတဲ့ ဓလေ့တခုရှိနေပါတယ်။

အဲ့ဒါကတော့ နှစ်သစ်ကိုကြိုဖို့အတွက် အိမ်မှာရှိတဲ့ ပရိဘောဂပစ္စည်း တွေကို ပြတင်းပေါက်ကနေ လမ်းပေါ် လွှင့်ပစ်လေ့ရှိတာပါပဲ။ ဒီလိုမျိုးနှစ်သစ်ကို ကြိုခြင်းအတွက် ဘယ်သူမှထိခိုက်မှုမရှိအောင် ရဲတွေကတောင် သတိပေးထားရပါတယ်။

ဖင်လန်နိုင်ငံက Sauna (ချွေးထုတ်ခန်း) ယဉ်ကျေးမှု

Source: Bright Side

Sauna (ချွေးထုတ်ခန်း) ဟာ ဖင်လန်နိုင်ငံရဲ့ ကြီးမားတဲ့ ယဉ်ကျေးမှုအစိတ်အပိုင်း တခုအဖြစ်ပါဝင်နေပါတယ်။အရင်တုံးက ကလေးကို Sauna ခန်းထဲမှာ မွေးလေ့ရှိကြပါတယ်။ စီးပွားရေး ဒါမှမဟုတ် နိုင်ငံရေးနဲ့ ပက်သတ်တဲ့ အစည်းအဝေးမျိုးတွေကိုတောင် Sauna ခန်းထဲမှာ ပြုလုပ်လေ့ရှိကြပါတယ်။ဒါက ဖင်လန်နိုင်ငံသားတွေအတွက် ဓလေ့တခုလို့ ဖြစ်နေပါပြီ။

တရုတ်နိုင်ငံက လက်ထပ်ပွဲ

Source: Bright Side

ကမ္ဘာနိုင်ငံတော်တော်များများက လက်ထပ်ပွဲတွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ ကျင်းပလေ့ရှိကြပါတယ်။ဒါပေမဲ့ တရုတ်နိုင်ငံမှာတော့ သတို့သမီးဖြစ်တဲ့သူက လက်ထပ်ပွဲမတိုင်ခင် တလလောက်အလိုမှာ ငိုရတဲ့ ဓလေ့တခုရှိနေပါတယ်။ ဒီဓလေ့ကို Tujia မျိုးနွယ်တွေက ကျင့်သုံးလေ့ရှိပါတယ်။

မိဘတွေကိုကျေးဇူးတင်ကြောင်း၊ အမျိုးတွေနဲ့ သူငယ်ချင်းအပေါင်းအသင်းတွေကို ခွဲခွာရတော့မှာဖြစ်တဲ့အတွက်ကြောင့် ဝမ်းနည်းပူဆွေးရကြောင်း သီးချင်းဖွဲ့ပြီး ငိုရတာပါ။ပြီးတော့ သူမရဲ့ဘဝအတွေ့အကြုံတွေကိုလည်းထည့်သွင်းပြီး ငိုလေ့ရှိပါတယ်။

အရှေ့အလယ်ပိုင်းနိုင်ငံတွေရဲ့ဘယ်လက်အပေါ်သဘောထား

Source: Bright Side

အရှေ့အလယ်ပိုင်းဒေသ နိုင်ငံတော်တော်များများက ဘယ်လက်အသုံးပြုပြီးလက်ဆွဲနှုတ်ဆက်တာ ထမင်းစားတာတွေက ရိုင်းစိုင်းတယ် ပြီးတော့ ကျန်းမာရေးနဲ့လည်းမညီညွတ်ဘူးထိုယူဆထားကြပါတယ်။

ဘယ်လက်က အိမ်သာသွားပြီးရင် အသုံးပြုရတဲ့အတွက်ကြောင့် အစာစားတဲ့အချိန်မှာ အသုံးပြုလေ့မရှိကြပါဘူး။ ပြီးတော့ လက်ဆွဲနှုတ်ဆက်တဲ့အချိန်မှာလည်း ဘယ်သယ်ဆိုရင်တောင် ညာလက်ကိုပဲ အသုံးပြုပြီး နှုတ်ဆက်လေ့ရှိကြပါတယ်။