ပရိသတ်တွေရဲ့ အားပေးမူကြီးကြီးမားမားရရှိထားတဲ့ Train to Busan ရဲ့နောက်ဆက်တွဲ ရုပ်ရှင် Peninsula ကို လာမယ့် ဇူလိုင် (၁၅) ရုံတင်ပြသသွားမယ်လို့ ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ပါတယ်။

Zombie ဇာတ်ကားဖြစ်တဲ့ Train to Busan ဟာ (၂၀၁၆) ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး ရုပ်ရှင်ပရိသတ်တွေ တော်တော်များများရဲ့ အားပေးမူကို ရရှိခဲ့ပါတယ်။ ဒီလိုအောင်မြင်မူတွေ ရရှိခဲ့တာကြောင့်လည်း နောက်ဆက်တွဲဖြစ်တဲ့ Peninsula ကိုရိုက်ကူးဖို့ ဖြစ်လာခဲ့တာပါ။

Source: The Korea Herald

အစောပိုင်းကာလတုန်းကတော့ Train to Busan ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့သူတွေနဲ့ ဒါရိုက်တာတွေက ဒီကားနဲ့ ပတ်သက်ပြီး အွန်လိုင်းသတင်းစာရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့ကြပါသေးတယ်။

ဒီကားကိုတော့ ဒါရိုက်တာ Yeon Sang-ho က ရိုက်ကူးထားတာဖြစ်ပြီး သရုပ် ဆောင်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ Gong Yoo၊ Jung Yu-mi နဲ့ Ma Dong-seok တို့က ခေါင်းဆောင်ပါဝင်ထားကြပါတယ်။

Source: Slash Film

နောက်ဆက်တွဲ ဖြစ်တဲ့ Peninsula ကိုလည်း ဒါရိုက်တာ Yeon Sang-ho ကပဲ ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာတော့ Gang Dong-won ၊ Lee Jung-hyun နဲ့ Lee Re တို့က ပါဝင်လာတာကို တွေ့ရပါတယ်။

Train to Busan ကို အမေရိကန်ဒေါ်လာ (၈.၅) သန်း အကုန်အကျခံရိုက်ကူးခဲ့ပြီး Box office မှာ အမေရိကန်ဒေါ်လာ (၉၈.၅) သန်း ပြန်လည်ရရှိသည့်အထိ စံချိန်တင်အောင်မြင်မူတွေ ရရှိခဲ့ပါတယ်။

Source: Regard News

နောက်ဆက်တွဲရုပ်ရှင်ဖြစ်တဲ့ Peninsula ကိုတော့ အမေရိကန်ဒေါ်လာ (၁၆) သန်း အသုံးပြုက ရိုက်ကူးထားပြီး ပထမကားရဲ့ ရုံတင်ဝင်ငွေစံချိန်ချိုးနိုင်ပါ့မလားဆိုတာကိုတော့ စောင့်ကြည့်ရအုံးမှာပါ။