အားကစားလုပ်သူတွေဟာ တစ်ခါတစ်လေမှာ မထင်မှတ်ထားတဲ့ အမှားတွေကို နေ့တိုင်းကို လုပ်ဖြစ်တတ်ပါတယ်။ ဥပမာ- အခုပြောမယ့် Fitness ပိုင်း အယူအဆအမှားတွေပေါ့။

(၁) ကြွက်သားတွေအတွက် ဝိတ်တုံးအကြီးကြီးမတာ

Source: ShutterStock

Gym ကစားသူတွေမှာ ကိုယ်ခန္ဓာပေါ်က အဆီတွေ ချဖို့ Light Weight မ ဖို့နဲ့ ဘော်ဒီတက်လာဖို့ Heavy Weight တွေ မ ရမယ်လို့ အယူအဆလွဲနေကြတယ်လို့ LA မှ နာမည်ကြီး Gym Trainer အဲရစ် ဘိုးလင်းက ဆိုပါတယ်။ သူ့အဆိုအရ Gym ကစားရာမှာ ကိုယ့်ခန္ဓာကိုယ်ကို အကြိမ်တိုင်း စိန်ခေါ်နေရမယ်လို့ ပြောပါတယ်။ ကြွက်သားအတွက်ဆိုရင် Light Weight လည်း ကစားနိုင်ပြီး Heavy Weight ကို အဆီချဖို့အတွက်လည်း ဆော့ပေးလို့ရပါတယ်။

(၂) ထိုင်ထ အကြိမ် ရာပေါင်းများစွာ လုပ်တာ

Source: ShutterStock

တစ်နေ့ကို အခါတစ်ထောင် ထိုင်ထလုပ်လည်း ဗိုက်ချပ်မသွားပါဘူး။ ဗိုက်အဆီကျဖို့က အစားအသောက် ပေါ် မူတည်သလို ဘယ်နေရာကနေ ဒီအဆီတွေ ရောက်လာသလဲ ဆိုတာပါ ကြည့်ရမှာပါ။ ကယ်လိုရီ ထိန်းချုပ်တဲ့ Diet လုပ်တာတွေ ၊ ဝိတ်မတာနဲ့ Squats ထိုင်တာတွေကလည်း ဗိုက်ချပ်စေနိုင်ပါတယ်။

(၃) Weight မ မခင် သွေးပူပြေးတာ

Source: The Cheat Sheet

ဝိတ်မ မခင် Cardio လေ့ကျင့်ခန်းတွေ ချက်ချင်းလုပ်တာ မကောင်းပါဘူး။ Cardio အလုပ်များတာကြောင့်ပဲ နောက်လာမယ့် လေ့ကျင့်ခန်းတွေ လုပ်ဖို့ အားအင်သိပ်မရှိသလို ဖြစ်ပြီး မြန်မြန်ဆန်ဆန် မောပန်းနွမ်းနယ်နိုင်ပါတယ်။ ခန္ဓာကိုယ် စွမ်းအင် နည်းနေချိန်မှာ ဝိတ်သွားမရင် သိပ်ပြီး ထိမှာလည်း မဟုတ်သလို ထိခိုက်ဒဏ်ရာပါ ရနိုင်ပါတယ်။

(၄) မနားဘဲနဲ့ ဆက်တိုက် ကစားတာ

Source: ShutterStock

Body Building လုပ်ရင်း မှားတတ်တာက အနားမယူဘဲ Gym ပဲ သွားသွားဆော့နေရင် ခရီးရောက်မယ် ထင်တာပါ။ အနားယူတာဟာ ခန္ဓာကိုယ် ကြွက်သားတွေ ဒဏ်ဖြစ်တာကို ပြန်ကောင်းစေပါတယ်။ မောနေရင် Gym ကစားတာ မမှန်ဖြစ်လာပြီး လူလည်း ပိုပြီး နာလာပါလိမ့်မယ်။ ခန္ဓာကိုယ်က အသံကို နားထောင်ဖို့ဟာ အားကစားလုပ်သူတွေမှာ အရေးကြီးပါတယ်။

(၅) Workout လုပ်နေတုန်း ရေဗူးယူသွားတာ

Source: Muscle & Fitness

အားကစားလုပ်ချိန်မှာ ရေဓါတ်ပြည့်နေဖို့က အရေးကြီးပါတယ်။ ဒါပေမယ့် အားကစားခန်းထဲ မဝင်ခင် ၂ နာရီလောက် ၊ အားကစားလုပ်ပြီး ၂ နာရီလောက် ရေသောက်ပေးဖို့က ပိုအရေးကြီးပါတယ်။ ဝိတ်တစ်ခါ မ ပြီးတိုင်း ရေသောက်တာဟာ မှားပါတယ်။ အားကစားလုပ်တုန်း ရေသောက်များတာဟာ လှုပ်ရှားမှုကို လေးလံ နှေးကွေးစေပါတယ်။