လူတစ်ယောက်သည် ဉာဏ်ကောင်းလား မကောင်းဘူးလားဆိုတာကို သူ ပြုမူတဲ့ အပြုအမူများကိုကြည့်ပြီး လေ့လာအကဲခတ်နိုင်ပါတယ်။ ဉာဏ်ရည်မြင့်မားသူများသည် လူမှုပေါင်းသင်းဆက်ဆံရေးတွင်သာမကဘဲ စီးပွားရေးနယ်ပယ်တွင်လည်း နေရာတစ်နေရာ ရတတ်ကြပါတယ်။

ဒါဆိုရင် သင့်မှာရော ဉာဏ်ရည်မြင့်မားသူတွေ ပြုလုပ်လေ့ရှိတဲ့ အပြုအမူလက္ခဏာမျိုး ပိုင်ဆိုင်ထားသလားဆိုတာကို ဆက်လက်လေ့လာကြည့်လိုက်ပါ။

ဉာဏ်ရည်မြင့်မားသူများသည် ပတ်ဝန်းကျင်ပေါ် မူတည်ပြီး လိုက်လျောညီထွေစွာ ပြောင်းလဲတတ်ကြတယ်

characteristics of intelligent and successful man

ဉာဏ်ရည်မြင့်မားသူများသည် ပုတ်သင်ညိုတစ်ကောင်နဲ့ အလားသဏ္ဍာန်တူပါတယ်။ ပုတ်သင်ညိုသည် အန္တရာယ်များတဲ့နေရာမှာ ရှင်သန်နေထိုင်ဖို့ရန်အတွက် သူရောက်ရှိတဲ့ ပတ်ဝန်းကျင်ပေါ် မူတည်ပြီး အရောင်ပြောင်းလဲလေ့ရှိပါတယ်။

စိတ်ပိုင်းဆိုင်ရာ သုတေသနလေ့လာချက်များအရ ဉာဏ်ကောင်းသူများသည်လည်း သူတို့ရဲ့ပတ်ဝန်းကျင်အနေအထားပေါ်မူတည်ပြီး လိုက်လျောညီထွေမှုရှိစွာ ပေါင်းသင်းဆက်ဆံတတ်ကြပါတယ်။

မသိဘူး လို့ ပြောရမှာကို ဝန်မလေးဘူး

characteristics of intelligent and successful man

ကိုယ် မသိတဲ့အရာကို သိတဲ့ပုံစံဟန်ဆောင်တတ်တဲ့အထဲမှာ ဉာဏ်ကောင်းသူတွေ မပါကြပါဘူး။ ဒါ့ကြောင့် သူတို့သည် ကိုယ် မသိတဲ့အရာကို မသိဘူးလို့ ပွင့်ပွင့်လင်းလင်း ဝန်ခံတတ်ကြပြီး ထိုအရာကို တတ်မြောက်အောင် သင်ယူကြပါတယ်။

စာများများ ဖတ်ကြတယ်

characteristics of intelligent and successful man

ဉာဏ်ကောင်းသူများသည် သိချင်စိတ်ပြင်းပြတဲ့အတွက်ကြောင့် သူတို့သိချင်တဲ့အရာကို စာအုပ်စာပေထဲကနေတဆင့် ရှာဖွေလေ့ရှိကြပါတယ်။ အခုက ဒစ်ဂျစ်တယ်ခေတ်ဖြစ်တဲ့အတွက်ကြောင့် ကိုယ် သိချင်တဲ့အရာကို အင်တာနက်ပေါ်ကနေ ရှာဖွေလိုက်ရုံပါပဲ။ စာအုပ်နဲ့ ဖတ်မှ စာဖတ်တာမဟုတ်ပါဘူး။ ကိုယ် သိချင်တဲ့အကြောင်းအရာများကို အင်တာနက်ပေါ်မှာ ရှာဖွေကာ ဖတ်ရှုလေ့လာခြင်းသည်လည်း စာဖတ်ခြင်းပဲဖြစ်ပါတယ်။

ပွင့်လင်းမြင်သာမှုရှိကြပြီး စိတ်သဘောထားကြီးကြတယ်

characteristics of intelligent and successful man

စိတ်ပညာရှင်များရဲ့ ပြောကြားချက်အရ ပွင့်လင်းမြင်သာမှုရှိပြီး စိတ်သဘောထားကြီးသူများသည် မတူညီတဲ့အမြင်များကို လိုက်လံရှာဖွေပြီး ထိုအမြင်များအကြား ကွာခြားချက်ကို လိုက်ရှာကာ ချိန်ဆသုံးသပ်လေ့ရှိကြပါတယ်။ ထိုကဲ့သို့သောသူများသည် စာမေးပွဲဖြေကြတဲ့အခါ ရလာဒ်ပိုမိုကောင်းမွန်တာကို လေ့လာတွေ့ရှိခဲ့ရပါတယ်။

မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း မြင့်မားကြတယ်

characteristics of intelligent and successful man

မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်ကြသော သူများသည် ပြဿနာတစ်ရပ်ကို ခေါင်းအေးအေးထားပြီး ဖြေရှင်းနိုင်ကြတဲ့အတွက်ကြောင့် ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်ဆီသို့လည်း ပိုမိုလျင်မြန်စွာ အရောက်သွားနိုင်ပြီး အောင်မြင်နိုင်ခြေပိုမိုမြင့်မားပါတယ်။ ဒါ့အပြင် ထိုသူများသည် ဉာဏ်ကောင်းတဲ့အတွက်ကြောင့် အခြားသောသူများရဲ့ပြဿနာများကိုလည်း အလွယ်တကူ ကူညီဖြေရှင်းပေးနိုင်ကြပါသေးတယ်။

သင်ရော … အခုဖော်ပြသွားတဲ့လက္ခဏာတွေထဲက ဘယ်လိုလက္ခဏာမျိုး ပိုင်ဆိုင်ထားပါသလဲ။

Source: Businessinsider.com

Featured Image Source: BrunosModa