လူအများစုက ဘာကိုမှ မကြည့်ဘဲ လုပ်စရာရှိတာကို အာရုံစိုက်ပြီးလုပ်နိုင်တဲ့ စိတ်ဓာတ်မျိုးကသာ အောင်မြင်စေတယ်ဆိုတဲ့ ယုံကြည်ချက်ပဲဖြစ်ပါတယ်။ ဒီယူဆချက်ကပဲ လူတွေကို တစ်ကိုယ်ကောင်းဆန်တဲ့လူ အတ္တကြီးတဲ့သူအဖြစ်ပြောင်းလဲသွားတတ်ပါတယ်။  ဒီနေ့ kwee page က အတ္တကြီးတဲ့သူတွေမှာ တွေ့ရလေ့ရှိတဲ့ အပြုအမူတွေအကြောင်း ပြောပြပေးသွားမျာပါ။

သူတို့ကအမြဲတမ်းအနိုင်ရချင်တယ်

Source: Negosentro

အတ္တကြီးတဲ့သူတွေဟာ အရှုံးကိုလက်မခံကြပါဘူး။ သူတို့ဟာအောင်မြင်ဖို့အတွက်ဆိုရင် ဘယ်အရာမဆိုလုပ်ရဲသလို အခြားသူတွေနစ်နာမယ်ဆိုရင်တောင် ဂရုမစိုက်တက်ကြပါဘူး။ အဲဒီလို အတ္တကြီးပြီး တစ်ကိုယ်ကောင်းဆန်တဲ့သူတွေဟာ သစ္စာမရှိကြသလို၊ အခြားသူအပေါ် လေးစားမှုဆိုတာလည်း မထားတတ်ကြပါဘူး။ သူတို့ရဲ့အတွေးက ကမ္ဘာကြီးတောင်သူတို့ကလိုအပ်လို့ လည်ပတ်ပေးနေရတယ်လို့သတ်မှတ်ထားကြတဲ့ သူတွေပဲဖြစ်ပါတယ်။

လောဘကြီးတယ်

Source: Accsys Accountants Limited

အတ္တကြီးတဲ့လူတွေဟာ ကျေနပ်ရောင့်ရဲတင်းတိမ်ခြင်းမရှိပါဘူး။ သူတို့ရဲ့အလိုလောဘကြောင့် အရာရာတိုင်းကိုအမြဲတမ်း လိုအပ်နေတတ်ကြပါတယ်။ တစ်ယောက်ယောက်က ပစ္စည်းအသစ်ဝယ်ထားရင် ကိုယ့်မှာရှိပြီးသားဖြစ်ရင်တောင် နောက်ထပ်ပိုကောင်းတဲ့အရာတစ်ခုကို လိုချင်နေတတ်ကြပါတယ်။

သူတို့ကအမြဲတမ်းမှန်တယ်လို့ခံယူထားကြတယ်

Source: Ladders

အတ္တစိတ်လွန်ကဲနေတဲ့လူတွေဟာ တကယ်လိုအပ်တာနဲ့ လိုချင်တာကိုမခွဲခြားတတ်တော့ဘဲ သူတို့ဟာအမြဲတမ်းမှန်တယ်ဆိုတဲ့ ယုံကြည်မှုရှိကြပါတယ်။ ဒီလို အတ္တကြီးတဲ့သူတွေဟာ များသောအားဖြင့် သူတို့အမှားကိုထောက်ပြရင်၊ သူတို့မှားကြောင်းစွပ်စွဲခံရရင် မကြိုက်နှစ်သက်ကြဘူး။

မျှဝေမခံစားတတ်ကြဘူး

Source: The Good Men Project

အတ္တစိတ်ကြီးတဲ့လူတွေဟာ အခြားလူတွေနဲ့စိတ်ချင်းဆက်သွယ်ဖို့မကြိုးစားကြသလို အတွေးအခေါ်အယူအဆတွေကိုလည်း ဖလှယ်ဆွေးနွေးတာမျိုးမလုပ်ကြပါဘူး။ ဒါကြောင့် သူတို့ရဲ့အတွေးအခေါ်နဲ့ စကားအပြောအဆိုတွေ ကအစ အကျိုးအမြတ်ဖြစ်ထွန်းမှုပေါ်မှာပဲမူတည်ပြီး ပြောလေ့ လုပ်လေ့ရှိကြပါတယ်။